မန္တလေးမှာ Hotel Quarantine ဝင်နေကြတဲ့သူတွေကို Covid-19 စမ်းသပ်မှုဆိုင်ရာရွေ့လျားယာဉ်တွေနဲ့ ပထမဆုံး Sawb Test စစ်ဆေး

မန္တလေးမှာ Hotel Quarantine ဝင်နေကြတဲ့သူတွေကို Covid-19 စမ်းသပ်မှုဆိုင်ရာရွေ့လျားယာဉ်တွေနဲ့ ပထမဆုံး Sawb Test စစ်ဆေး

မန္တလေး၊ အောက်တိုဘာ- ၁၆- ၂၀၂၀
ညီသစ်(VOM)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ပြည့်သူ့ကျန်းမာရေးဌာနက ဦးဆောင်ပြီး အောင်မြေသာစံမြို့နယ် အတွင်းက Quarantine Center တွေဖြစ်တဲ့ Eastern Palace Hotel Quarantine Center ၊ Ayarwaddy River View Hotel Quarantine Center တွေမှာထားရှိတဲ့ Quarantine ဝင်နေတဲ့လူတွေရဲ့ Sawb Test နမူနာတွေကို လိုက်လံ စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ အာက်တိုဘာ ၁၆ ရက်နေ့ကစတင်ကာ Covid-19 စမ်းသပ်မှုဆိုင်ရာရွေ့လျားယာဉ် (Covid-19 Mobile Sample Collection)တွေကို ပထမဆုံးအကြိမ်အသုံးပြုပြီး စစ်ဆေးပေးနေတာဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်း က Eastern Place Hotel မှာ Quarantine ဝင်နေသူ ၃၅ ဦးရဲ့ နှာခေါင်း ၊ အာခေါင် တို့ဘတ် နမူနာတွေကို ရယူခဲ့ပြီး နေ့လယ်ပိုင်းမှာ Ayarwaddy River View Hotel က လူတွေရဲ့ Swab test တွေကို ရယူသွားမှာဖြစ်တယ်လို့ အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန ဓာတ်ခွဲမှုး ကိုအောင်မျိုးသူလွင် က VOM ကို ပြောပါတယ်။

မန္တလေးမြို့အတွင်း Covid-19 အတည်ပြုလူနာဦးရေမှာ မနေ့ အောက်တို့ဘာ ၁၅ ရက်နေ့အထိ လူနာဦးရေ ၄၆၃ ဦးအထိ ရှိနေခဲ့တာဖြစ်ြပ်ီး Covid-19 ရောဂါ ကူးစက်ခံနေရတဲ့ မဟာအောင်မြေ မြို့နယ်အပါအဝင် ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်တို့ကို Stay Home အဖြစ် ကြေငြာထားပြီး အောင်မြေသာစံ အတွင်းမှာတော့ ရပ်ကွက် ကြီးသုံခု ဖြစ်တဲ့ ဥပုါပ်တော်ရပ်ကွက်၊ အမရဌာနီ အရှေ့ရပ်ကွက်နဲ့ မဲအိုးတန်းရပ်ကွက် တို့ကို Stay Home နေရာတွေအဖြစ် ထုတ်ပြန်ကြေငြာထားပါတယ်။

#VOM #VoiceofMyanmar #SawbTest #QuaratineCenter #Covid-19MobileSampleCollection

Zawgy

မႏၲေလးမွာ Hotel Quarantine ဝင္ေနၾကတဲ့သူေတြကို Covid-19 စမ္းသပ္မႈဆိုင္ရာေ႐ြ႕လ်ားယာဥ္ေတြနဲ႔ ပထမဆုံး Sawb Test စစ္ေဆး

မႏၲေလး၊ ေအာက္တိုဘာ- ၁၆- ၂၀၂၀
ညီသစ္(VOM)

မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္ ျပည့္သူ႔က်န္းမာေရးဌာနက ဦးေဆာင္ၿပီး ေအာင္ေျမသာစံၿမိဳ႕နယ္ အတြင္းက Quarantine Center ေတြျဖစ္တဲ့ Eastern Palace Hotel Quarantine Center ၊ Ayarwaddy River View Hotel Quarantine Center ေတြမွာထားရွိတဲ့ Quarantine ဝင္ေနတဲ့လူေတြရဲ႕ Sawb Test နမူနာေတြကို လိုက္လံ စစ္ေဆးခဲ့ပါတယ္။

ဒီကေန႔ အာက္တိုဘာ ၁၆ ရက္ေန႔ကစတင္ကာ Covid-19 စမ္းသပ္မႈဆိုင္ရာေ႐ြ႕လ်ားယာဥ္ (Covid-19 Mobile Sample Collection)ေတြကို ပထမဆုံးအႀကိမ္အသုံးျပဳၿပီး စစ္ေဆးေပးေနတာျဖစ္ပါတယ္။

ဒီကေန႔ မနက္ပိုင္း က Eastern Place Hotel မွာ Quarantine ဝင္ေနသူ ၃၅ ဦးရဲ႕ ႏွာေခါင္း ၊ အာေခါင္ တို႔ဘတ္ နမူနာေတြကို ရယူခဲ့ၿပီး ေန႔လယ္ပိုင္းမွာ Ayarwaddy River View Hotel က လူေတြရဲ႕ Swab test ေတြကို ရယူသြားမွာျဖစ္တယ္လို႔ ေအာင္ေျမသာစံၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဌာန ဓာတ္ခြဲမႈး ကိုေအာင္မ်ိဳးသူလြင္ က VOM ကို ေျပာပါတယ္။

မႏၲေလးၿမိဳ႕အတြင္း Covid-19 အတည္ျပဳလူနာဦးေရမွာ မေန႔ ေအာက္တို႔ဘာ ၁၅ ရက္ေန႔အထိ လူနာဦးေရ ၄၆၃ ဦးအထိ ရွိေနခဲ့တာျဖစ္ျပ္ီး Covid-19 ေရာဂါ ကူးစက္ခံေနရတဲ့ မဟာေအာင္ေျမ ၿမိဳ႕နယ္အပါအဝင္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ အမရပူရၿမိဳ႕နယ္တို႔ကို Stay Home အျဖစ္ ေၾကျငာထားၿပီး ေအာင္ေျမသာစံ အတြင္းမွာေတာ့ ရပ္ကြက္ ႀကီးသုံခု ျဖစ္တဲ့ ဥပုါပ္ေတာ္ရပ္ကြက္၊ အမရဌာနီ အေရွ႕ရပ္ကြက္နဲ႔ မဲအိုးတန္းရပ္ကြက္ တို႔ကို Stay Home ေနရာေတြအျဖစ္ ထုတ္ျပန္ေၾကျငာထားပါတယ္။

#VOM #VoiceofMyanmar #SawbTest #QuaratineCenter #Covid-19MobileSampleCollection

 

Related posts

Leave a Comment

VOM News

FREE
VIEW