မတ် ၁၄-၂၀၂၁
KA
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့ (၁)ရပ်ကွက်၊ ဓနိတော (၆)လမ်းအတွင်းက အောင်သန်းကျော်ဝပ်ရှော့လုပ်သားတစ်ဦးကို ရဲနဲ့စစ်တပ်တွေ ဒီနေ့ မတ်လ ၁၄ရက်နေ့ မနက် ၁၁နာရီကျော်လောက်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆန္ဒပြသူတွေအတွက် လက်နက်တွေ၊ ဒိုင်းကာတွေ လုပ်ပေးလို့ဆိုပြီး ဝပ်ရှော့ကို ရှာဖွေစစ်ဆေးကာ လုပ်သားကို ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရသူဟာ အသက်(၃၀)အရွယ် ကျော်ဇင်(ခ)ဝတုတ်ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။
မနေ့ မတ် ၁၃ရက်နေ့ မနက်ပိုင်းကလည်း ညောင်တုန်းမြို့က အိမ်တစ်လုံးကို ဒိုင်းကာလုပ်ပေးတယ်လို့ဆိုပြီး စစ်တပ်က ကား၂စီးနဲ့ ဝင်ရောက်ရှာဖွေကာ အသက်၇၀အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။
#VoiceOfMyanmar #VOM #ဖျာပုံ #ဝပ်ရှော့လုပ်သား #ဖမ်းဆီးခံရ