လှိုင်သာယာသပိတ် ဖြိုခွင်းခံရမှုကြောင့် နှစ်ဦးသေဆုံး ဒဏ်ရာရရှိသူများပြား

ရန်ကုန်၊မတ် ၁၄၊၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ယနေ့နေ့လယ်ပိုင်းမှာ ဖြိုခွင်းခဲ့ရာ ကနဦးသတင်းအရ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားတယ်လို့ ရပ်ကွက်နေသူတွေကပြောပါတယ်။ “ထိတဲ့သူကတော့ အများကြီးပဲ တစ်ဦးတော့ဆုံးသွားပြီ၊ ၃ထိပ်မှာ ဦးခေါင်းပွင့်ထွက်ပြီးသေဆုံးသွားတာပါ”လို့ အမှတ်(၃)ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက VOMကို ပြောပါတယ်။ လှိုင်သာယာ ၁ ထိပ် ၊ ၃ ထိပ် ၊ ၅ထိပ်မှာရှိတဲ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း အသီးသီးကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ပစ် ခတ်ဖြိုခွင်းခဲ့တာဖြစ်တယ်လို့လည်း ဒေသခံပြည်သူတွေက ပြောပါတယ်။ သေဆုံးသူဟာ ကစင်ကျေးရွာ၊ အင်ကြင်း ၁ လမ်းမှာနေတဲ့ ကိုဇော်သန်း ဖြစ်ပြီး ၃ ထိပ် ထိုင်သပိတ်မှာ ဆန္ဒပြနေချိန် ခေါင်းကိုကျည် အစစ်နဲ့ ပစ်ခတ်ခံရပြီး ဦးနှောက်ပွင့် သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ ထပ်မံသေဆုံးသူကတော့ အသက် ၁၉နှစ်အရွယ် မောင်ကောင်းခန့်ဖြစ်ပြီး အမှတ် ၅ရပ်ကွက်…

Read More

ဖားကန့် ဆန္ဒဖော်ထုတ်သူတစ်ဦး ကျည်အစစ်ထိမှန်ပြီး သေဆုံး

မတ် ၁၄ -၂၀၂၁ ZMH ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့မှာ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်စစ်ကြောင်း ဖြိုခွဲခံရတဲ့အတွက် ဆန္ဒပြသူတွေထဲက လူငယ်တ်ဦး ညာဘက်ရင်အုံ အထက်နားကို ကျည်ဆံအစစ်ထိမှန်ကာ ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဆန္ဒဖော်ထုတ်ရာမှာပါဝင်တဲ့ မျက်မြင်တစ်ဦးကပြောပါတယ်။ သေဆုံးသူဟာ ကိုကျော်လင်းထိုက်၊အသက် (၃၀)နှစ်၊ ဆိပ်မူကျေးရွာ ရပ်ကွက်(၄)၊ ( အောက်ပိုင်းဇာတိ မိုးကောင်းမြို့ အိုးတန်းရပ်ကွက် )ကဖြစ်တယ်လို့ သိရပါတယ် ။ သေဆုံးသူနဲ့အတူ အခြားဆန္ဒဖော်ထုတ်သူ (၆) ဦးလည်း သေနတ်မှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ဖားကန့် #ကျည်အစစ်ထိမှန် #သေဆုံး

Read More

တောင်ကြီးဆိုင်ကယ်သပိတ် ဖြိုခွဲခံရပြီး ဆိုင်ကယ်တွေပါ သိမ်းဆည်းခံရ

မတ် ၁၄-၂၀၂၁ နေနန်းနွယ် VOM ဒီနေ့ မတ်လ ၁၄ရက်နေ့ တောင်ကြီးမြို့ ဆိုင်ကယ်သပိတ်ကို လုံခြုံရေးတပ်ဖွဲ့က ကားနဲ့လိုက်ပြီး ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။ ပစ်ခတ်ဖြိုခွဲမှုမှာ ဒဏ်ရာသူအများအပြားရှိပြီး ဆိုင်ကယ်တွေကိုလည်း သိမ်းသွားတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #တောင်ကြီး #ဆိုင်ကယ်သပိတ် #ဖြိုခွဲ #ဆိုင်ကယ်သိမ်း

Read More

ပဲခူးသပိတ် ပစ်ခတ်ဖြိုခွဲခံရလို့ ၁ ဦးသေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရ

မတ် ၁၄-၂၀၂၁ KLY(VOM) ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်က သပိတ်စစ်ကြောင်းတွေကို ဒီနေ့ မတ်လ၁၄ရက်နေ့ မနက် ၉ နာရီကျော်လောက်က စတင်ပြီး စစ်တပ်နဲ့ရဲအင်အားအလုံးအရင်းနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြသူတဦး သေနတ်ကျည်ဆန်ထိမှန် သေဆုံးခဲ့ပြီး ဆယ့်လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ လူမှုကူညီရေးအသင်းတွေကနေ သိရပါတယ်။ သေဆုံးသူဟာ ပွင့်ဖြူစိုက်ပျိုးရေးသိပ္ပံကျောင်းဆင်းတစ်ဦးဖြစ်တဲ့ အသက် ၂၀ကျော်အရွယ်ရှိ ကိုထက်နိုင်ရှိန်းလို့ ကနဦး စုံစမ်းသိရှိရပါတယ်။ “ပုဏ္ဍားစုရပ်ကွက် မှော်ကန်ထဲမှာမနက်ကတည်းက ပစ်ခတ်ဖြိုခွင်းနေတာပါ။ ကျဆုံးသွားတဲ့ ညီလေးက မှော်ကန်အနီးမှာပစ်ခတ်ခံရတာဖြစ်ပြီး မနက် ၁၁ နာရီကျော်မှာဆုံးသွားတယ်။ နောက်ကနေ ပစ်ခံလိုက်ရတော့ ရှေ့ရင်ဘက်ကို‌ ပေါက်ထွက်သွားတယ်။ စိုက်သိပ္ပံကဆင်းထားတာ မကြာသေးဘူးလို့သိရတယ်” လို့ ပဲခူးမြို့ မာတလိလူမှုကူညီရေးအသင်းက အမျိုးသားတစ်ဦးကပြောပြပါတယ်။ “ပုဏ္ဍားစု ၅ လမ်းမှာ တပ်နဲ့ရဲတွေ ပိတ်ဆို့ပစ်ခတ်ချိန်ထိတော့ ကောင်လေးက ကျွန်တော့်ဘေးကပါ။ သိပ်ကြာဘူးမှော်ကန် ၁၇ လမ်းဘက်ကို အလုံးရင်းနဲ့ ပစ်ခတ်နေကြသံကြားလိုက်ရတာပါ”…

Read More

မြတောင်ကျောင်းတိုက်ကို စစ်တပ်က ဝိုင်းထားပေမယ့် သပိတ်စစ်ကြောင်း ပုံမှန်ထွက်ဖြစ်

မန္တလေး- မတ်- ၁၄-၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ မြတောင်ကျောင်းတိုက် အနီး ပတ်ဝန်းကျင်မှာ စစ်တပ်က လုံခြုံ ရေးရယူထားပြီး မြတောင်ကျောင်း တိုက်အတွင်းကို ဝင်ရောက်စစ်ဆေးနေတဲ့အပြင် လမ်းသွား လမ်းလာနေကြတဲ့ သူတွေကိုလည်း စစ်ဆေးနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” နေ့လည် ၁၁ နာရီလောက်က စစ်သား ၁၅ ယောက်လောက် ဇွတ်အတင်းဝင်လာပြီးတော့ ကျောင်းထဲမှာ ရှိတဲ့ ဒိုင်းတွေနဲ့ ဓာတ်ဆီပုလင်းတွေကို ယူသွားတယ် ကျောင်းကို ဓာတ်ပုံမရိုက်ပါဘူးဆိုကာ အာမခံပြီး ဓာတ်ပုံရိုက်သွားတယ်၊ ဘုန်းငြီးတွေကိုလည်း စစ်သားတွေက ရိုင်းရိုင်းစိုင်းစိုင်းကို ပြောတာ၊ ကျောင်းပတ် ချာလည်မှာတော့ အင်အားအတော်များတယ်” လို့ မြတောင်ကျောင်းတိုက် သံ ဃာတော်တစ်းပါးက မိန့်ပါတယ်။ မြတောင်​ကျောင်းတိုက်ကို စစ်တပ်က ဝိုင်းထားပေမယ့် သပိတ်စစ်​ကြောင်းကို ထွက်ဖြစ်တယ်လို့ စစ်ကြောင်းမှာ ပါဝင်တဲ့သူ တစ်ဦးကပြောပါတယ်။ #VOM…

Read More

ဒိုင်းကာတွေ လုပ်ပေးလို့ဆိုပြီး ဖျာပုံမှာ ဝပ်ရှော့လုပ်သားတစ်ဦးကို ဖမ်းဆီး

မတ် ၁၄-၂၀၂၁ KA ဧရာ၀တီတိုင်း၊ ဖျာပုံမြို့ (၁)ရပ်ကွက်၊ ဓနိတော (၆)လမ်းအတွင်းက အောင်သန်းကျော်ဝပ်ရှော့လုပ်သားတစ်ဦးကို ရဲနဲ့စစ်တပ်တွေ ဒီနေ့ မတ်လ ၁၄ရက်နေ့ မနက် ၁၁နာရီကျော်လောက်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဆန္ဒပြသူတွေအတွက် လက်နက်တွေ၊ ဒိုင်းကာတွေ လုပ်ပေးလို့ဆိုပြီး ဝပ်ရှော့ကို ရှာဖွေစစ်ဆေးကာ လုပ်သားကို ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရသူဟာ အသက်(၃၀)အရွယ် ကျော်ဇင်(ခ)ဝတုတ်​ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။ မနေ့ မတ် ၁၃ရက်နေ့ မနက်ပိုင်းကလည်း ညောင်တုန်းမြို့က အိမ်တစ်လုံးကို ဒိုင်းကာလုပ်ပေးတယ်လို့ဆိုပြီး စစ်တပ်က ကား၂စီးနဲ့ ဝင်ရောက်ရှာဖွေကာ အသက်၇၀အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။ #VoiceOfMyanmar #VOM #ဖျာပုံ #ဝပ်ရှော့လုပ်သား #ဖမ်းဆီးခံရ

Read More

သင်္ဃန်းကျွန်းသပိတ်

ရန်ကုန် မတ် ၁၄-၂၀၂၁ သတင်းဓာတ်ပုံ TAG ရန်ကုန်မြို့မှာ ဆန္ဒပြနေကြသူတွေကို အကြမ်းဖက် အင်အားသုံး ပစ်ခတ် ဖြိုခွဲနေပေမယ့် သင်္ဃန်ကျွန်းမြို့နယ် ကမာကြည်ထိုင်သပိတ်ကတော့ ၁၁ ရက်မြောက်နေ့အဖြစ် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။ #voiceofmyanmar #VOM #သင်္ဃန်းကျွန်း

Read More

အမြန်လမ်းမှာ ခရီးသည်တင်ယာဉ်တစီး တိမ်းမှောက်လို့ ၃ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

မတ် ၁၄-၂၀၂၁ KLY(VOM) ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၇၀ နားမှာ ဒီနေ့ မတ်လ ၁၄ရက်နေ့ မနက် ၁ နာရီထိုးခါနီးက ခရီးသည်တင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ရာက ခရီးသည် ၃ ဦးသေဆုံးကာ ၁၀ ဦးထက် မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲမှူးအဆင့်ရှိသူတစ်ဦးကနေ သိရပါတယ်။ ခရီးသည်တင်ကားက ရန်ကုန်ကိုအသွားမှာဖြစ်တာပါ။ ယာဉ်ပေါ်လိုက်ပါလာသူတွေထဲက အမျိုးသား သုံးဦး သေဆုံးပြီး ဆယ့်တစ်ယောက် ထိခိုက်ဒဏ်ရာရတယ်” လို့ အမြန်လမ်းရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲမှူးအဆင့်ရှိသူတစ်ဦးက ပြောပြပါတယ်။ အမျိုးသားတစ်ဦးမောင်းနင်လာပြီး ယာဉ်ပေါ်မှာ ကျား၊ မ ၂၁ ဦး လိုက်ပါလာတဲ့ မန္တလေး-ရန်ကုန် ခရီးသည်တင်ယာဉ်ဟာ အမြန်လမ်းအတိုင်း နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနင်လာစဉ် မိုင်တိုင်၁၇၀ နားသို့အရောက် အရှိန်လွန်တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ယာဉ်တိမ်းမှောက်တာနဲ့ ပတ်သက်လို့ ယာဉ်မောင်းနင်သူကို သာဂရအမြန်လမ်းရဲတပ်ဖွဲ့က…

Read More

ချောက်မြို့ လူထုလှုပ်ရှားမှုသပိတ်မှာ ပထမဆုံးကျဆုံးခဲ့‌တဲ့အမျိုးသား သင်္ဂြိုလ်ခွင့်မရသေး

မတ် ၁၄-၂၀၂၁ KLY(VOM) မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် လူထုလှုပ်ရှားမှုမှာ ပထမဆုံးကျဆုံးခဲ့တဲ့ ကိုဝင်း‌ဖြိုးအောင်(ခ)ကြောင်လေးရဲ့ သင်္ဂြိုလ်ဖို့ သင်္ချိုင်းလက်မှတ်ကို တာဝန်ရှိသူတွေက ဒီနေ့ မတ် ၁၄ရက် မွန်းတည့် ၁၂ နာရီထိုးခါနီးချိန်ထိ မိသားစုဆီ လာမပေးသေးဘူးလို့ သေဆုံးသူရဲ့အမျိုးသမီးကနေ သိရပါတယ်။ “အလောင်းကို လာသိမ်းတာမျိုး ဘာမျိုးတော့မရှိဘူး။ ကနေ့ ညနေ ၄ နာရီမှာ အလောင်းကို မြေမြုပ်သင်္ဂြိုလ်ဖို့ ဖိတ်စာရိုက်ထားပေမယ့် မြေချခွင့် လက်မှတ်အခုချိန်ထိမရသေးဘူး။ ရပ်မိရပ်ဖအချို့ ကြိုးစား‌ပေးနေကြပါတယ်” လို့ သေဆုံးသူရဲ့ အမျိုးသမီးက ပြောပြပါတယ်။ မနေ့ မတ်လ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ကုန်တင်ကားကြီးမောင်းနှင်တဲ့ အဲ့ဒီသေဆုံးသူဟာ ချောက်မြို့မိန်းလမ်းမပေါ်မှာရှိတဲ့ လူအုပ်စုထဲ ရောက်နေစဉ် သေနတ် ကျည်ဆန်အစစ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ဆေးကုသမှုခံယူဖို့ ညောင်ဦးမြို့ကိုပို့ဆောင်စဉ် သေဆုံးသွားတာလည်း ဖြစ်ပါတယ်။ မနေ့က ချောက်မြို့သပိတ်ကို…

Read More

စိန်ပန်းရပ်ကွက်မှာ စစ်တပ်က ဆန္ဒပြသူတွေကို ဖြိုခွင်းလို့ သေဆုံးခဲ့သူ ၄ ဦးရဲ့ နာရေးအခမ်းအနားများ

မန္တလေး၊ မတ်- ၁၄- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ စိန်ပန်းရပ်ကွက် ၄၁ လမ်း၊ လမ်း ၉၀ ဒေါင့်မှာ မနေ့ မတ်လ ၁၃ ရက်က ဆန္ဒပြတဲ့ ပြည်သူတွေကို ရဲနဲ့စစ်တပ်က ဖြိုခွင်းခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့တဲ့ အမျိုးသမီးကတော့ မန္တလေးမြို့ အရှေ့မိုဃ်းကောင်းဓမ္မာရုံတောင်ဘက် အကွက်နံပါတ်-၄၁၇မှာနေထိုင်သူ အသက် ၅၃ နှစ်အရွယ် ဒေါ်ကေကြည် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သေဆုံးသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကို နေအိမ်မှာ ပြင်ဆင်ထားပြီး မတ်လ ၁၅ ရက်နေ့မှာ ကြာနီကန်သုဿာန်ကို ပို့ဆောင် မီးသဂြိုၤဟ်သွားမယ်လို့ သိရပါတယ်။ သေဆုံးသူ အမျိုးသားတစ်ဦးကတော့ ကိုစောပြည့်နိုင် အသက် ၂၁ နှစ် စံပြရပ်မှာ နေထိုင်သူဖြစ်ပြီး ဝမ်းဗိုက်ကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့…

Read More
VOM News

FREE
VIEW