အမြန်လမ်းမှာ ခရီးသည်တင်ယာဉ်တစီး တိမ်းမှောက်လို့ ၃ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

မတ် ၁၄-၂၀၂၁
KLY(VOM)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၇၀ နားမှာ ဒီနေ့ မတ်လ ၁၄ရက်နေ့ မနက် ၁ နာရီထိုးခါနီးက ခရီးသည်တင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ရာက ခရီးသည် ၃ ဦးသေဆုံးကာ ၁၀ ဦးထက် မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲမှူးအဆင့်ရှိသူတစ်ဦးကနေ သိရပါတယ်။

ခရီးသည်တင်ကားက ရန်ကုန်ကိုအသွားမှာဖြစ်တာပါ။ ယာဉ်ပေါ်လိုက်ပါလာသူတွေထဲက အမျိုးသား သုံးဦး သေဆုံးပြီး ဆယ့်တစ်ယောက် ထိခိုက်ဒဏ်ရာရတယ်” လို့ အမြန်လမ်းရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲမှူးအဆင့်ရှိသူတစ်ဦးက ပြောပြပါတယ်။

အမျိုးသားတစ်ဦးမောင်းနင်လာပြီး ယာဉ်ပေါ်မှာ ကျား၊ မ ၂၁ ဦး လိုက်ပါလာတဲ့ မန္တလေး-ရန်ကုန် ခရီးသည်တင်ယာဉ်ဟာ အမြန်လမ်းအတိုင်း နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနင်လာစဉ် မိုင်တိုင်၁၇၀ နားသို့အရောက် အရှိန်လွန်တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

ယာဉ်တိမ်းမှောက်တာနဲ့ ပတ်သက်လို့ ယာဉ်မောင်းနင်သူကို သာဂရအမြန်လမ်းရဲတပ်ဖွဲ့က ယာဉ်(ပ)၅/၂၀၂၁
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ တို့နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ အဲ့ဒီ ရဲစခန်းကနေ သိရပါတယ်။

ဓါတ်ပုံ-မီးသတ်

#VoiceOfMyanmar #VOM #အမြန်လမ်း #ယာဉ်တိမ်းမှောက် #သေဆုံး #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW