ကလေး-မတ်-၂၀-၂၀၂၁
သိမ်မွေ့ကဗျာ
အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ ကလေးမြို့က ဒေသခံပြည်သူတွေဟာ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးလက်ဒေသတွေမှာပါ သပိတ်စစ်ကြောင်းများစွာခွဲပြီး ဒီနေ့မတ်လ ၂၀ မနက်က ဆက်လက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး ဆန့်ကျင်ဆန္ဒပြလာကြတဲ့ ကလေးမြို့မှာ ဒီနေ့ဆိုရင် ဆန္ဒပြတာ ၄၁ ရက်မြောက်ရှိနေပြီလည်း ဖြစ်ပါတယ်။
#voiceofmyanmar #VOM #ကလေးမြို့