ပဲခူးမှာ မိုးရွာသွန်းနေပေမယ့် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ဧပြီ ၅-၂၀၂၁
KLY(VOM)

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်မှာ ဒီနေ့ ဧပြီ ၅ ရက် မနက်ပိုင်းက စတင်ပြီး မိုးရွာသွန်းမှုများရှိနေ‌ပေမယ့် အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြနေသူတွေဟာ ၅၆ ရက်မြောက် အဖြစ် မိုးထဲရေထဲမှာဆက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါ
တယ်။

“တပ်နဲ့ရဲက အတားဆီးတွေကို လိုက်လံဖယ်ရှားပြီး ဖြိုခွဲဖို့လုပ်နေလို့ ပဲခူးမြစ်ရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း ဆန္ဒပြသူနှစ်စုခွဲထွက်လိုက်ရတယ်။ကနေ့ပစ်ခတ်မှု သိပ်မရှိဘူး“ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပဲခူးမြို့နယ်အတွင်း နေ့စဉ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အမျိုးသား အမျိုးသမီး ၁၈ ဦး အသက် ဆုံးပါးခဲ့ရတဲ့အပြင် လူဦးရေ ၆၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-CJ

#voiceofmyanmar #vom #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW