မြန်မာ – ထိုင်းနယ်စပ်က စစ်ရှောင်တွေဆီ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ ထိုင်းအာဏာပိုင်တွေ ခွင့်ပြု

ဧပြီ၊ ၅ -၂၀၂၁ ခွန်ခမ့်သူ(VOM) ထိုင်း-မြန်မာနယ်စပ်မှာ စစ်ဘေးရှောင်ရောက်ရှိနေတဲ့ ကရင်စစ်ရှောင်တွေဆီပေးပို့မယ် ကူညီထောက်ပံ့ရေးပစ္စည်းတွေကို သံလွင်မြစ်ကမ်းနံဘေး မဲ့စလက်(သောလယ်ထာ)လှေဆိပ် ကနေ တစ်ရက်တာ သယ်ဆောင်ခွင့်ကို နယ်မြေခံ ထိုင်းအာဏာပိုင်တွေက ဒီနေ့ ဧပြီ ၅ ရက်နေ့ မနက်ပိုင်းက ခွင့်ပြုလိုက်ပါတယ်။ ဧပြီ ၃ ရက်နေ့က တပ်မဟာ ၅ မူတြော်ခရိုင်က စစ်ရှောင်ပြည်သူတွေအတွက် ထောက်ပံ့ကူညီရေးပစ္စည်းတွေကို သယ်ဆောင်လာရာမှာ ထိုင်း-မြန်မာနယ်စပ် မဲ့စရင်းယန်းမြို့နယ် မဲ့စလက်(သောလယ်ထာ)လှေဆိပ်အရောက်မှာ ထိုင်းအာဏာပိုင်တွေက နယ်စပ်ဖြတ်ကျော် သယ်ဆောင်ဖို့ခွင့်မပြုဘဲ တားမြစ်ထားရာက ခွင့်ပြုပေးလိုက်တာပါ။ “ထိုင်းလူမှုအဖွဲ့အစည်းတွေရဲ့ ညှိနှိုင်းပေးမှုနဲ့ တစ်ရက်တာအတွက် သယ်ဆောင်ခွင့် ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ထပ်မံပို့ဆောင်မယ့် ထောက်ပံ့ကူညီရေးပစ္စည်းတွေကို ခရိုင်အဆင့်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးသွားဖို့ လိုအပ်တယ်” လို့ စစ်ရှောင်ကူညီထောက်ပံ့ရေးအတွက် လိုက်လံကူညီနေသူ တစ်ဦးက ပြောပါတယ်။ ကရင်အဖွဲ့ (KTG) နဲ့ အစိုးရမဟုတ်တဲ့ အဲန်ဂျီအို အဖွဲ့အစည်းတစ်ဖွဲ့က ထောက်ပံ့ကူညီရေးပစ္စည်းတွေဖြစ်တဲ့…

Read More

ဖားကန့်က ၅၂ ရက်မြောက် ဆန္ဒပြပွဲ

ဖားကန့်၊ဧပြီ၅-၂၀၂၁ နောင်ရိုး ဖားကန့်မှော်ဒေသအသီးသီးက သပိတ်စစ်ကြောင်းတွေဟာ ကျေးရွာအုပ်စုအတွင်းရှိ လမ်းတွေပေါ်မှာ ချီတက်ဆန္ဒဖော်ထုတ်နေကြတာ ၅၂ ရက်ရှိပြီဖြစ်ပါတယ်။ လုံးခင်းကျေးရွာအုပ်စုနဲ့ မော်ဝမ်းရပ်ကွက်ပူးပေါင်းထားတဲ့ သပိတ်စစ်ကြောင်းဟာ ဖားကန့်မြို့တွင်းမှာ လူဦးရေတစ်ထောင်နီးပါးနဲ့ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဖားကန့်မှာ ၅၂ ရက်အတွင်း ဖမ်းဆီးအရေးယူထားသူ ဆယ်ဦးရှိနေပြီး၊ပစ်ခတ်ဖြိုခွဲမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့ပါတယ်။ #voiceofmyanmar #vom #ဖားကန့်

Read More

ပဲခူးမှာ မိုးရွာသွန်းနေပေမယ့် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ဧပြီ ၅-၂၀၂၁ KLY(VOM) ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်မှာ ဒီနေ့ ဧပြီ ၅ ရက် မနက်ပိုင်းက စတင်ပြီး မိုးရွာသွန်းမှုများရှိနေ‌ပေမယ့် အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြနေသူတွေဟာ ၅၆ ရက်မြောက် အဖြစ် မိုးထဲရေထဲမှာဆက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါ တယ်။ “တပ်နဲ့ရဲက အတားဆီးတွေကို လိုက်လံဖယ်ရှားပြီး ဖြိုခွဲဖို့လုပ်နေလို့ ပဲခူးမြစ်ရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း ဆန္ဒပြသူနှစ်စုခွဲထွက်လိုက်ရတယ်။ကနေ့ပစ်ခတ်မှု သိပ်မရှိဘူး“ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပဲခူးမြို့နယ်အတွင်း နေ့စဉ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အမျိုးသား အမျိုးသမီး ၁၈ ဦး အသက် ဆုံးပါးခဲ့ရတဲ့အပြင် လူဦးရေ ၆၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ ဓါတ်ပုံ-CJ #voiceofmyanmar #vom #ပဲခူး

Read More

မန္တလေး စက်မှုစုပေါင်းသပိတ်စစ်ကြောင်း

ဧပြီ ၅ – ၂၀၂၁ VOM မန္တလေးမြို့ စက်မှုစုပေါင်းသပိတ်စစ်ကြောင်းဟာ ဒီကနေ့မနက်ပိုင်းမှာလည်း ပုံမှန်အတိုင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #စက်မှု

Read More

မြန်မာ့နွေဦး တန်ခူးအကြို ပိတောက်သပိတ်စစ်ကြောင်း

ဧပြီ ၅ – ၂၀၂၁ Photo – PMT မန္တလေးမြို့၊ ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းးသူတွေရဲ့ မြန်မာ့နွေဦးတန်ခူးအကြို ပိတောက်သပိတ်စစ်ကြောင်းကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ပိတောက်သပိတ်

Read More

အတားအဆီးတွေရှိနေတဲ့ကြားက မြတောင်သပိတ်စစ်ကြောင်း

ဧပြီ ၅ – ၂၀၂၁ Photo – ZKK မန္တလေးမြို့မှာ နေ့စဥ် ဆန္ဒပြနေတဲ့ မြတောင်သပိတ်စစ်ကြောင်းဟာ ဒီကနေ့မနက်ပိုင်းမှာလည်း အတားအဆီးတွေရှိနေတဲ့ကြားတဲ့ ချီတက်ဆန္ဒပြတာကို ပြုလုပ်ခဲ့ကြပါတယ်။ #voiceofmyanmar #VOM #မန္တလေး #မြတောင်စစ်ကြောင်း

Read More

အောင်မြေသာစံမြို့နယ် ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

မန္တလေး၊ ဧပြီ ၅- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က ပညာရေး ကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းအဖွဲ့က ဒီကနေ့မနက်မှာ အာဏာရှင်စနစ် အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #အောင်မြေသာစံ #ကျောင်းပေါင်းစုံ #ပညာရေး #ဆန္ဒပြ

Read More

ဗကသအဖွဲ့ချုပ် ဦးဆောင်တဲ့ မဟာမိတ် သပိတ်စစ် ကြောင်း ချီတက်ဆန္ဒပြ

မန္တလေး၊ ဧပြီ ၅- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ် ဦးဆောင်ပြီးတော့ ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ ရတနာပုံကျောင်းသားများ သမဂ္ဂ၊ ဒေါင်းစစ်သည်၊ ပညာရေးမိသားစု သပိတ်စစ်ကြောင်းနဲ့ အ-ထ-က အမှတ် (၇) ကျောင်းသူ/သား ဟောင်းများအဖွဲ့တို့ မဟာမိတ် သပိတ်အဖွဲ့က ဒီကနေ့မနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #သပိတ်မှောက် #ဗကသ

Read More
VOM News

FREE
VIEW