တရုတ်ဘက်က မြန်မာပြန်တွေကို နန်း‌တော်ပေါက်ကနေ တရားဝင် လွှဲပြောင်းထွက်ခွင့်ပြုခြင်း ယာယီရပ်နားမယ်

ဩဂုတ် ၁၁-၂၀၂၁
Shy V (VOM)
 
တရုတ်ဘက်က မြန်မာပြည်တော်ပြန်တွေကိုနန်း‌တော်ပေါက်ကနေ တရားဝင်လွှဲပြောင်း ထွက်ခွင့်ပြုခြင်းကို ယာယီရပ်နားမှာဖြစ်ကြောင်း နီးစပ်သူတွေဆီကနေ သိရပါတယ်။
 
“ဩဂုတ်လ ၁၁ရက် ပြည်တော်ပြန် လွှဲပြောင်းတာပိတ်တယ်။ တရုတ်ဘက်က ပိတ်တာ။ ဘယ်နှရက်နားမှာလဲ မသိသေးဘူး။ မပြောသေးဘူး ငါတို့ကို။ ဘယ်နေ့ ပြန်ဖွင့်မှာ မသိသေးဘူး။” လို့ မြန်မာပြည်တော်ပြန်တွေကို လွှဲပြောင်းလက်ခံတဲ့ထဲ ပါဝင်သူတစ်ဦးက ပြောပါတယ်။
 
ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း(ရွှေလီ)ဥက္ကဋ္ဌ ကိုချမ်းမြေ့ကို ဆက်သွယ်ရာမှာတော့ “တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဝင် လူ အဝင်/ အထွက်ဂိတ်ကို တရုတ်ဘက်က ရက်အတိအကျ မသိ ယာယီ ပိတ်ထားကြောင်း ဟုတ်ပါတယ်ခင်ဗျ။ ခဏ ယာယီထောက်ပံ့မှုတွေ လုပ်ပြီးတော့ သူတို့ နားတဲ့ သဘောပါ။ သူတို့ ဒီဘက်က ထောက်ပံ့မှုတွေ လိုက်လုပ်နေတယ်။ မြန်မာန်ိုင်ငံသားတွေကိုလေ။ ဩဂုတ်လ ၁၁ရက် တစ်ရက်ပဲ မဟုတ်ဘူး။ ပြီးတော့မှ ပြန်လည် ဖွင့်လှစ်ပေးမယ့် ရက်ကို ပြန်အကြောင်းကြားပေးမှာ။” လို့ ပြောပါတယ်။
 
တရုတ်ဘက်က မြန်မာပြည်တော်ပြန်တွေကို ဇူလိုင် ၂၆ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၈ နာရီကစ မူဆယ်မြို့ရှိ နန်းတော် တရားဝင်ဂိတ်ပေါက်ကနေ ထွက်ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
 
၁၆ ရက်အတွင်း တရုတ်နိုင်ငံဘက်က မြန်မာဘက် ပြည်တော်ပြန်ဝင်လာသူ စုစုပေါင်း ၄၆၅၄ ဦးရှိပြီး မြန်မာ-တရုတ် နယ်ခြားစည်းမျဉ်း မန်ဟီးရိုး၊ ကျင်စန်းကျော့ (ဝမ်တိန်)နဲ့ ကြူကုတ်/ပန်ဆိုင်း (ဝမ်တိန်) စတဲ့ ခိုးဝင်ပေါက်နေရာတွေမှာ တရားမဝင် ဝင်လာသူတွေနဲ့ တရုတ်ဘက်က ပို့ဆောင်ခံရသူတွေလည်း ပြန်ဝင်လာတာ ရှိနေတယ်လို့ သိရပါတယ်။
 
Photo – လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး ကွန်ယက်
#voiceofmyanmar #VOM #မူဆယ

Related posts

Leave a Comment

VOM News

FREE
VIEW