ရွှေဘိုနဲ့ ပန်းတောရွာကြားက လိမ်ပင်ရိုးတံတားကျိုးသွားလို့ သွားလာရေးတွေ ပြတ်တောက်

သြဂုတ် ၊ ၁၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း ၊ မြို့သစ်မြို့နယ် ၊ ဆူတပ်ကြီးကျေးရွာအုပ်စုထဲက တံတားအသစ်တစ်စင်းဟာ ရေတိုက်စားတဲ့အတွက် ဒီကနေ့မနက်မှာ ကျိုးကျပျက်စီးသွားတာကြောင့် ရွှေဘို နဲ့ ပန်းတော အကြား သွားလာရေးပြတ်တောက်ပြီလို့ ဆူးတပ်ကြီးရွာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” မနေ့ သြဂုတ် ၁၂ ရက်နေ့ညက တညလုံးမိုးရွာတယ် ၊ မိုးရေတိုက်စားပြီး ရွှေဘိုနဲ့ ပန်းတောကြားက လိမ်ပင်ရိုး တံတားပျက်စီးသွားတယ် ၊ သွားလာရေးပြတ်တောက်လို့ တံတားကွင်းလမ်း အရေးပေါ်ဖောက်ဖို့ လုပ်နေကြတယ် ” လို့ ဆူးတပ်ကြီး ဒေသခံတစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ကျိုးကျပျက်စီးသွားတဲ့ တံတားဟာ အလျား ပေ ၂၀ ၊ အနံ ၁၅ ပေ ၊ ဘိုးပိုင်အမြင့် ၇ ပေ ကွန်ကရစ်အမျိုးအစားတံတားဖြစ်ပါတယ် ။
 
ဒါ့အပြင် အဲ့ဒီ တံတားကို ပြီးခဲ့တဲ ၂၀၁၉ / ၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး လွှတ်တော်ရန်ပုံငွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး တည်ဆောက်ပြီးနောက် ၁ နှစ်တာကာလအတွင်းမှာ သဘာဝဘေးဒဏ် ရေတိုက်စားမှုကြောင့် တံတားရဲ့အရှေ့ဘက်ခြမ်းချဥ်းကပ်လမ်းကနေ ပြိုကျပျက်စီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒါကြောင့် ဒီကနေ့ မနက်ပိုင်းကစလို့ သွားလာရေးတွေ ပြတ်တောက်ပြီး အရေးပေါ် လူနာတင်ယာဥ်တွေနဲ့ ကုန်စည်စီးဆင်းမှု သွားလာရေး အဆင်ပြေဖို့ ကွင်းလမ်းသစ်တခုကို စတင်ဖောက်လုပ်နေပေမယ့် အခုထိတော့ သွားလာလို့ မရသေးပါဘူး။
 
Photo-သန်းဝင်းထွန်း
#voiceofmyanmar #VOM #မကွေး

Related posts

Leave a Comment

VOM News

FREE
VIEW