သီရီမင်္ဂလာစျေးရှေ့က ယာဥ်ထိန်းရဲ ဓားနဲ့ထိုးခံရလို့ ဆေးရုံတင်လိုက်ရ

ရန်ကုန်၊ဩဂုတ် ၁၃ -၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အမှတ် ၄ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ သိရိမင်္ဂလာဈေးရှေ့မှာ မော်တော်ယာဉ်တွေကို လမ်းရှင်းပေးနေတဲ့ ယာဥ်ထိန်းရဲတစ်ဦး ဒီကနေ့ နေ့လယ် ၁နာရီခွဲက ဓားနဲ့ထိုးခံခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။   အဲ့ဒီယာဥ်ထိန်းရဲကို ကားတစ်စီးပေါ်ကနေ အမည်မသိသူနှစ်ဦး ဆင်းလာပြီး ဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့ အိုဝမ်းမှတ်တိုင်မှာ နေသူတစ်ဦးက ပြောပါတယ်။   “ဘာကြောင့်ဓားနဲ့ထိုးသွားလဲတော့ မသိဘူး၊ ကားတွေပိတ်နေလို့ လမ်းရှင်းနေတာ၊ လည်ပင်းနဲ့ဗိုက်ကိုထိုးတာ၊ ဒဏ်ရာကပြင်းတယ် ဆေးရုံကိုပို့လိုက်ပြီ၊ စစ်တပ်နဲ့ရဲတွေလည်းရောက်နေပြီ”လို့ သူကရှင်းပြပါတယ်။   ဓားနဲ့အထိုးခံရတဲ့ ယာဥ်ထိန်းရဲဟာ ဒု-တပ်ကြပ်ကောင်းထက်ကိုကိုဖြစ်ပြီး ဒဏ်ရာပြင်းထန်လို့ တပ်မတော်စစ်ဆေးရုံခုတင် ၅၀၀ ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။   သီရီမင်္ဂလာစျေးဟာ ပိတောက်ချောင်းရဲစခန်းဘေးမှာတည်ရှိပြီး လက်တလောမှာတော့ စစ်တပ်နဲ့ရဲတွေဟာ ရှာဖွေစစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။   လှိုင်မြို့နယ်၊ ၁၃ရပ်ကွက်၊ သီရီမြိုင်…

Read More

ပုဂ္ဂလိကဘဏ်တွေ ဒေဝါလီခံစရာ အကြောင်းမရှိဘူးလို့ ဗဟိုဘဏ် ဒု-ဥက္ကဌ ထုတ်ပြော

သြဂုတ် ၊ ၁၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   အင်တာနက် လူမှုကွန်ယက်ပေါ်မှာ သက်တမ်းရင့် ပုဂ္ဂလိကဘဏ်ကြီးတခု ဒေဝါလီခံရတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် စီးပွားရေးလုပ်ငန်းရှင်တွေ အထိတ်တလန့်မဖြစ်စေဖို့ ဗဟိုဘဏ် ဒု-ဥက္ကဌ ဦးဝင်းသော်က ပုဂ္ဂလိကဘဏ်တွေ ဒေဝါလီ ခံစရာ အကြောင်းမရှိဘူးလို့ ဒီကနေ့မှာပဲ ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။   ” အရင်ကလည်း ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ အကြောင်းမရှိဘူးလို့ တရားဝင် ပြောပြထားတယ် ၊ နိုင်ငံပိုင် သတင်းစာတွေကနေ တဆင့် အများပြည်သူသိနိုင်အောင် ထုတ်ပြန်ပေးထားတယ် ၊ ဘဏ်တွေက ဒေဝါလီခံစရာ အကြောင်းမရှိပါဘူး ” လို့ ဗဟိုဘဏ် ဒု-ဥက္ကဌ ဦးဝင်းသော်ကပြောပါတယ်။   ထပ်တိုးရုံးပိတ်ရက်ရှည် ကာလမှာ ဘဏ်ဝန်ထမ်းတွေ ပိတ်ရက်ခံစားခွင့် နဲ့ ပတ်သက်လို့ ဗဟိုဘဏ် ဒု ဥက္ကဌ ဦးဝင်းသော်က…

Read More

မြန်မာဂိုးသမား ပြည့်လျှံအောင်ရဲ့ ခိုလှုံခွင့်လျှောက်ထားမှု ဂျပန်အစိုးရခွင့်ပြု

တိုကျို၊ သြဂုတ်-၁၃-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးနောက် မြန်မာနိုင်ငံပြန်ဖို့ ငြင်းဆန်ခဲ့သူ လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်ရဲ့ ဒုက္ခသည်အဖြစ်လျှောက်ထားမှုကို ဂျပန်အစိုးရကခွင့်ပြုလိုက်ပြီလို့ ဒီကိစ္စကို သိရှိသူတစ်ဦးက သြဂုတ် ၁၂ ရက်မှာပြောပါတယ်။   သူ့ရဲ့လျှောက်ထားမှုကို ဂျပန်အစိုးရကခွင့်ပြုလိုက်တာနဲ့ပတ်သက်ပြီး သြဂုတ် ၂၀ ရက်မှာ အာဏာပိုင်တွေက တရား၀င်အကြောင်းကြားလာလိမ့်မယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။   ဒီသတင်းနဲ့ပတ်သက်ပြီး ၀မ်းသာကြောင်း ပြည့်လျှံအောင်က ကျိုဒိုသတင်းဌာနကို ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံကို လွမ်းပေမယ့် အိမ်မပြန်နိုင်တော့ကြောင်းဆိုပါတယ်။   ဂျပန်အစိုးရက အခုလိုခွင့်ပြုလိုက်တဲ့အတွက် ဇူလိုင်နှောင်းပိုင်းမှာ J- League တတိယတန်းက ယိုကိုဟားမားအသင်းနဲ့ လက်တွဲခဲ့တဲ့ ပြည့်လျှံအောင်အတွက် ဂျပန်မှာကာလရှည်နေထိုင်ဖို့ ခွင့်ပြုသွားမှာဖြစ်ပါတယ်။   Ref : Kyodo Photo: Kyodo #voiceofmyanmar #vom #တိုကျို

Read More

ရွှေဘိုနဲ့ ပန်းတောရွာကြားက လိမ်ပင်ရိုးတံတားကျိုးသွားလို့ သွားလာရေးတွေ ပြတ်တောက်

သြဂုတ် ၊ ၁၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း ၊ မြို့သစ်မြို့နယ် ၊ ဆူတပ်ကြီးကျေးရွာအုပ်စုထဲက တံတားအသစ်တစ်စင်းဟာ ရေတိုက်စားတဲ့အတွက် ဒီကနေ့မနက်မှာ ကျိုးကျပျက်စီးသွားတာကြောင့် ရွှေဘို နဲ့ ပန်းတော အကြား သွားလာရေးပြတ်တောက်ပြီလို့ ဆူးတပ်ကြီးရွာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” မနေ့ သြဂုတ် ၁၂ ရက်နေ့ညက တညလုံးမိုးရွာတယ် ၊ မိုးရေတိုက်စားပြီး ရွှေဘိုနဲ့ ပန်းတောကြားက လိမ်ပင်ရိုး တံတားပျက်စီးသွားတယ် ၊ သွားလာရေးပြတ်တောက်လို့ တံတားကွင်းလမ်း အရေးပေါ်ဖောက်ဖို့ လုပ်နေကြတယ် ” လို့ ဆူးတပ်ကြီး ဒေသခံတစ်ယောက်က ပြောပါတယ်။   အဲ့ဒီ ကျိုးကျပျက်စီးသွားတဲ့ တံတားဟာ အလျား ပေ ၂၀ ၊ အနံ ၁၅ ပေ ၊ ဘိုးပိုင်အမြင့်…

Read More

ဗိုင်းရပ်စ်ရဲ့မူလဇစ်မြစ်ကို နောက်ထပ်စုံစမ်းရန် WHO ရဲ့တောင်းဆိုမှု တရုတ်နိုင်ငံ ပယ်ချပြန်

ပေကျင်း၊ သြဂုတ်-၁၃-၂၀၂၁ မျိုးဆက် (VOM)   ကိုဗစ်-၁၉ ရောဂါရဲ့ မူလဇစ်မြစ်ကို နောက်ထပ်စုံစမ်းစစ်ဆေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ တိုက်တွန်းတောင်းဆိုမှုတွေကို တရုတ်နိုင်ငံက သြဂုတ် ၁၃ ရက်မှာ ပယ်ချလိုက်ပြန်ပါတယ်။   ဗိုင်းရပ်စ်ရဲ့ ဘယ်လိုစတင်ခဲ့တယ်ဆိုတာကို ရှာဖွေရာမှာ နိုင်ငံရေးလှုံ့ဆော်တဲ့အားထုတ်မှုတွေထက် သိပ္ပံနည်းကျ လုပ်ဆောင်မှုတွေကိုသာ ထောက်ခံတယ်လို့ တရုတ်နိုင်ငံကဆိုပါတယ်။   ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာစတင်ခဲ့ပြီးနောက် ကမ္ဘာ့တစ်၀န်းမှာ လူလေးသန်းကျော်သေဆုံးပြီးနောက် စီးပွားရေးတွေ သွက်ချာပါဒလိုက်ခဲ့တာကြောင့် ဗိုင်းရပ်စ်ရဲ့မူလဇစ်မြစ်ကို နောက်ထပ်စုံစမ်းမှုတွေပြုလုပ်ဖို့ တရုတ်နိုင်ငံအပေါ် ဖိအားတွေတိုးလာနေပါတယ်။   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကျွမ်းကျင်သူအဖွဲ့ဟာ ဝူဟန်မြို့ကို ဇန်နဝါရီလအတွင်းမှာ ပထမဆုံးအကြိမ် သွားရောက်စစ်ဆေးခဲ့ပြီး တရုတ်ကျွမ်းကျင်သူတွေနဲ့အတူ ပထမဆုံးအစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။   ဒါပေမယ့် အစီရင်ခံစာမှာတော့ ဗိုင်းရပ်စ်ဘယ်လိုစတင်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး ခိုင်မာတိကျတဲ့အဖြေမျိုး မထွက်ခဲ့ပါဘူး။   ရောဂါစတင်ဖြစ်ပွားခဲ့ချိန်က ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အစောဆုံးကာလတွေက အချက်အလက်အကြမ်းတွေကို မျှဝေဖို့…

Read More

မိုးကုတ်မြို့အရှေ့ပိုင်းမှာ မြေထပ်ပြိုလို့ ပိတ်မိနေတဲ့ လူတွေကို အရေးပေါ် ရှာဖွေနေရ

သြဂုတ် ၊ ၁၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အရှေ့ပိုင်း မြို့မရပ်ကွက် ၊ နယ်မြေ ၄ မှာ ဒီကနေ့မနက် အစောပိုင်းက မြေပြိုကျတဲ့အတွက် ပိတ်မိနေတဲ့ လူတွေကို အရေးပေါ် ရှာဖွေကယ်ဆယ်နေရတယ်လို့ မြတ်စေတနာ လူမှုကူညီရေးအသင်းရဲ့ ပြောပြချက်အရ သိရပါတယ်။   ” မြို့မရပ် အပိုင်း ၄ ထဲက တောင်ကမ်းပါးယံပြိုကျပြီး လူနေအိမ်တွေပေါ် မြေစာတွေပိတာကြောင့် အိမ်ထဲက လူတွေ ပိတ်မိ​နေတာကို မနက် ၆ နာရီ ၄၅ ကစလို့ ကယ်ဆယ်ရှာဖွေရေးတွေ လုပ်နေတာပါ ၊ လောလောဆယ် ကျား ၅ ဦး နဲ့ မ ၁ ဦး (ကလေးငယ်) ပေါင်း ၆ ဦးကို အသက်ရှင်လျက်နဲ့ ကယ်ဆယ်နိုင်ခဲ့တယ်…

Read More

ကိုယ်ခံအားနည်းသူတွေကို ကိုဗစ်ကာကွယ်ဆေးထပ်ထိုးဖို့ အမေရိကန် အက်ဖ်ဒီအေခွင့်ပြု

၀ါရှင်တန်၊ သြဂုတ်-၁၃-၂၀၂၁ မျိုးဆက် (VOM)   အမေရိကန်ကျန်းမာရေးတာ၀န်ရှိသူတွေဟာ ကိုယ်ခံအားစနစ်ချို့ယွင်းနေတဲ့ အမေရိကန်နိုင်ငံသားတွေကို ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကကာကွယ်မှုကို မြှင့်တင်ဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထပ်မံထိုးနှံ့တာကို ခွင့်ပြုလိုက်ပါတယ်။   ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုခံယူထားသူတွေနဲ့ ကင်ဆာရောဂါဝေဒနာရှင်တွေအပါအ၀င် ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်းမရှိတဲ့ အမေရိကန်နိုင်ငံသား ၁၀ သန်း၀န်းကျင်အတွက် အမေရိကန် အက်ဖ်ဒီအေက ဒီလိုခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။   ဒီလိုခွင့်ပြုလိုက်တာဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့အတွက် ကာကွယ်ဆေးထပ်မံထိုးနှံဖို့လိုအပ်တယ်ဆိုတာကို အမေရိကန်ကျန်းမာရေးတာ၀န်ရှိသူများက ပထမဆုံးလက်ခံလိုက်တာလည်းဖြစ်ပါတယ်။   အမေရိကန်အပြင် အခြားနိုင်ငံအချို့မှာလည်း ကျန်းမာရေးအခြေအနေတစ်ရပ်ရှိသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံပေးနေမှုတွေကို စတင်နေကြပါတယ်။   နှစ်ကြိမ်ထိုးနှံရသော Moderna နဲ့ Pfizer သို့မဟုတ် တစ်ကြိမ်သာထိုးနှံရတဲ့ Johnson & Johnson ကာကွယ်ဆေးတို့ဟာ အထူးသဖြင့် ကိုယ်ခံအားစနစ်အားနည်းသူတွေကို ဗိုင်းရပ်စ်ကူးစက်မှုမှ လုံလောက်စွာ ကာကွယ်မှုမပေးနိုင်ဘူးလို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။   Ref : BBC…

Read More

ပင်လည်ဘူးမြို့နယ် အုပ်စု၊အုပ်ချုပ်ရေးမှူးရဲ့အိမ်မှာ ဗုံး ၂ လုံးပေါက်

သြဂုတ် ၊ ၁၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ် ၊ နမ္မားကျေးရွာအုပ်စု ၊ အုပ်စုအုပ်ချုပ်ရေးမှူးရဲ့နေအိမ်မှာ မနေ့က မနက်အစောပိုင်း ၁ နာရီမထိုးခင်အချိန် ဝန်းကျင်က ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပင်လည်ဘူးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ပေါက်ကွဲတာက နမ္မားအုပ်စု ၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်ဌေး ရဲ့အိမ်မှာဖြစ်တယ် ၊ အိမ်အောက်ထပ်မှာ ၁ လုံးနဲ့ အိမ်ရှေ့မျက်နှာစာ ခြံစည်းရိုး ထင်းပုံနားမှာ ၁ လုံး ၊ ဗုံး ၂ ကျရောက် ပေါက်ကွဲတာ ဖြစ်တယ် “လို့ ပင်လည်ဘူး ဒေသခံတစ်ယောက်က ပြောပါတယ်။   အဲ့ဒီ ပေါက်ကွဲမှုကြောင့် အုပ်စုအုပ်ချုပ်ရေးမှူးရဲ့နေအိမ်အောက်ထပ်မှာ အကျယ် ၇ လက်မ…

Read More

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့ ဝန်ကြီးဟောင်း (၅) ဦးကို အဂတိ ပုဒ်မ-၅၅ နဲ့ အမှုဖွင့်

ဩဂုတ် ၁၃-၂၀၂၁ HAS (VOM)   ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ယခင်ပြည်နယ်အစိုးရ ဝန်ကြီးဟောင်း(၅) ဦးကို အဂတိလိုက်စားမှု ဥပဒေပုဒ်မ-၅၅ နဲ့ အမှုဖွင့်ထားကြောင်း နိုင်ငံပိုင်သတင်းဌာနကနေ ဒီကနေ့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။   ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ သမီးဖြစ်သူကလည်း ဖခင်ဖြစ်သူနောက်ထပ် အမှုဖွင့်ခံထားရကြောင်း သတင်းတွေအရ သိရကြောင်းပြောပါတယ်။   ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ သမီးဖြစ်သူ မကြည်ကြည်ဦးက “ အဖေ့ကို အမှုဖွင့်ထားတယ်ဆိုတာကို မိသားစုကိုတော့ တရားဝင်သတင်းပို့တာတော့ မရှိပါဘူး။ ဒါပေမယ့် သတင်းတွေမှာလည်း ပါတယ်။ သူများတွေလည်း ပြောပြတယ်ဆိုတော့ အဲ့ဒီလိုတော့ သိထားပါတယ်။” လို့ ပြောပါတယ်။   လက်ရှိ န.စ.က က အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ထားတဲ့ထဲမှာ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် စိုက်ပျိုးမွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊…

Read More

မုံရွာ – ဂန့်ဂေါကားလမ်းမှာ စစ်ယာဥ်တန်း ဖြတ်သန်းချိန် ရှော့ခ်တိုက်မိုင်း ၅ လုံး ဆက်တိုက်ပေါက်ကွဲ

သြဂုတ် ၊ ၁၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ် ၊ မုံရွာ – ပုလဲ – ဂန့်ဂေါ ကားလမ်း ၊ မိုင်တိုင်အမှတ် ၁၂ / ၅ နဲ့ ၆ အကြားနေရာမှာ မနေ့ သြဂုတ် ၁၂ ရက် ညနေပိုင်းက စစ်ယာဥ်တန်းတစ်ခု ဖြတ်သန်းသွားလာနေတဲ့အချိန်မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ယင်းမာပင်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ယင်းမာပင်မြို့ခံ တစ်ယောက် ” ကောင်းဆင့်ရွာ အနီးက မုံရွာ ဂန့်ဂေါ ကားလမ်းမှာဖြစ်တာပါ ၊ ပေါက်ကွဲသံ ၅ ချက်တော့ ကြားရတယ် ” လို့ ပြောပါတယ်။   အဲ့ဒီ ပေါက်ကွဲမှုဖြစ်ပြီးနောက် မြင်တွေ့လိုက်သူ…

Read More
VOM News

FREE
VIEW