ကိုယ်ခံအားနည်းသူတွေကို ကိုဗစ်ကာကွယ်ဆေးထပ်ထိုးဖို့ အမေရိကန် အက်ဖ်ဒီအေခွင့်ပြု

၀ါရှင်တန်၊ သြဂုတ်-၁၃-၂၀၂၁
မျိုးဆက် (VOM)
 
အမေရိကန်ကျန်းမာရေးတာ၀န်ရှိသူတွေဟာ ကိုယ်ခံအားစနစ်ချို့ယွင်းနေတဲ့ အမေရိကန်နိုင်ငံသားတွေကို ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကကာကွယ်မှုကို မြှင့်တင်ဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထပ်မံထိုးနှံ့တာကို ခွင့်ပြုလိုက်ပါတယ်။
 
ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုခံယူထားသူတွေနဲ့ ကင်ဆာရောဂါဝေဒနာရှင်တွေအပါအ၀င် ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်းမရှိတဲ့ အမေရိကန်နိုင်ငံသား ၁၀ သန်း၀န်းကျင်အတွက် အမေရိကန် အက်ဖ်ဒီအေက ဒီလိုခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။
 
ဒီလိုခွင့်ပြုလိုက်တာဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့အတွက် ကာကွယ်ဆေးထပ်မံထိုးနှံဖို့လိုအပ်တယ်ဆိုတာကို အမေရိကန်ကျန်းမာရေးတာ၀န်ရှိသူများက ပထမဆုံးလက်ခံလိုက်တာလည်းဖြစ်ပါတယ်။
 
အမေရိကန်အပြင် အခြားနိုင်ငံအချို့မှာလည်း ကျန်းမာရေးအခြေအနေတစ်ရပ်ရှိသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံပေးနေမှုတွေကို စတင်နေကြပါတယ်။
 
နှစ်ကြိမ်ထိုးနှံရသော Moderna နဲ့ Pfizer သို့မဟုတ် တစ်ကြိမ်သာထိုးနှံရတဲ့ Johnson & Johnson ကာကွယ်ဆေးတို့ဟာ အထူးသဖြင့် ကိုယ်ခံအားစနစ်အားနည်းသူတွေကို ဗိုင်းရပ်စ်ကူးစက်မှုမှ လုံလောက်စွာ ကာကွယ်မှုမပေးနိုင်ဘူးလို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #vom #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW