မြန်မာဂိုးသမား ပြည့်လျှံအောင်ရဲ့ ခိုလှုံခွင့်လျှောက်ထားမှု ဂျပန်အစိုးရခွင့်ပြု

တိုကျို၊ သြဂုတ်-၁၃-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးနောက် မြန်မာနိုင်ငံပြန်ဖို့ ငြင်းဆန်ခဲ့သူ လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်ရဲ့ ဒုက္ခသည်အဖြစ်လျှောက်ထားမှုကို ဂျပန်အစိုးရကခွင့်ပြုလိုက်ပြီလို့ ဒီကိစ္စကို သိရှိသူတစ်ဦးက သြဂုတ် ၁၂ ရက်မှာပြောပါတယ်။
 
သူ့ရဲ့လျှောက်ထားမှုကို ဂျပန်အစိုးရကခွင့်ပြုလိုက်တာနဲ့ပတ်သက်ပြီး သြဂုတ် ၂၀ ရက်မှာ အာဏာပိုင်တွေက တရား၀င်အကြောင်းကြားလာလိမ့်မယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
 
ဒီသတင်းနဲ့ပတ်သက်ပြီး ၀မ်းသာကြောင်း ပြည့်လျှံအောင်က ကျိုဒိုသတင်းဌာနကို ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံကို လွမ်းပေမယ့် အိမ်မပြန်နိုင်တော့ကြောင်းဆိုပါတယ်။
 
ဂျပန်အစိုးရက အခုလိုခွင့်ပြုလိုက်တဲ့အတွက် ဇူလိုင်နှောင်းပိုင်းမှာ J- League တတိယတန်းက ယိုကိုဟားမားအသင်းနဲ့ လက်တွဲခဲ့တဲ့ ပြည့်လျှံအောင်အတွက် ဂျပန်မှာကာလရှည်နေထိုင်ဖို့ ခွင့်ပြုသွားမှာဖြစ်ပါတယ်။
 
Ref : Kyodo
Photo: Kyodo
#voiceofmyanmar #vom #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW