ရခိုင်က စစ်ဘေးရှောင်တွေအတွက် တရုတ်ထုတ်ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ ရှိနေ

စစ်တွေ၊ ဩဂုတ် ၂၆- ၂၀၂၁
ထက်အောင်စိုင်း(VOM)
 
ရခိုင်ပြည်နယ်ကို မနေ့ ဩဂုတ်လ ၂၅ ရက်နေ့က တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးအလုံးရေ (၂) သောင်းခွဲရောက်ရှိကြောင်း နဲ့ အဲဒီကာကွယ်ဆေးတွေကို ပြည်နယ်တွင်းက စစ်ဘေးရှောင်တွေနဲ့ မူဆလင်ဒုက္ခသည်တွေကို ထိုးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိ ပြည်နယ်ကျန်းမာရေးမှာ ကာကွယ်ဆေး အလုံးရေ (၂) သောင်းခွဲရောက်ရှိနေတာဖြစ်တဲ့အတွက် ဆေးတစ်လုံးကို လူ(၂)ယောက်ထိုးပေးနိုင်မှာဖြစ်တာကြောင့် ဒုက္ခသည်ပေါင်း (၅) သောင်းဟာ ကာကွယ်ဆေးထိုးနှံနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
 
ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “ စစ်ဘေးရှောင်စခန်းတွေ၊ ကယ်ဆယ်ရေးစခန်းတွေ အဲ့ဒီမှာထိုးဖို့အတွက် လူ(၅သောင်း)စာအတွက် ကာကွယ်ဆေး ပုလင်းရေ နှစ်သောင်းခွဲ ရောက်တယ်။ နောက်ထပ်လည်း ကိုဗစ်ကာကွယ်ဆေးတွေရောက်ဖို့ ရှိပါသေးတယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ ရခိုင်ပြည်နယ်မှာ လူတိုင်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးမှာ အခက်အခဲတွေရှိတယ်၊ မိမိတို့နိုင်ငံဟာ ကာကွယ်ဆေးမထုတ်လုပ်နိုင်တဲ့အတွက် သူများနိုင်ငံက ဝယ်ရတာရှိတယ် ” လို့ ပြောပါတယ်။
 
ရောက်လာတဲ့ ကာကွယ်ဆေးတွေကိုလည်း ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဖြန့်ဝေပေးရတာဖြစ်ပြီး
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ကာကွယ်ဆေးကို လူဦးရေ (၂) သိန်းကျော်အထိ ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
 
ရခိုင်မျိုးနွယ်များအစည်းအရုံး REC ဥက္ကဌ ဦးရွှေဘော်စိန်ကလည်း စစ်ဘေးရှောင်တွေနဲ့ မူဆလင်ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးသင့်ကြောင်းနဲ့ ကာကွယ်ဆေးထိုးတဲ့အခါမှာ စနစ်တကျစီမံခန့်ခွဲပြီး လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။
 
“ ဒီကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး လောလောဆယ်ထိတော့ သံသယဖြစ်ဖွယ် မမြင်ပါဘူး။ ကာကွယ်ဆေးမထိုးနိုင်တာထက် မှန်မှန်ကန်ကန်ချပေးတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးနှံသင့်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေထဲမှာတော့ တရုတ်ကပေးတဲ့ဆေး၊ အိန္ဒိယကပေးတဲ့ဆေး၊ စစ်ကောင်စီက ပေးတဲ့ဆေးဆိုပြီး အငြင်းပွားနေတာတော့ရှိတယ်။ သို့ပေမယ့်လည်း ရခိုင်ပြည်နယ်က သက်ဆိုင်ရာကျန်းမာရေးဌာနက ထိုးပေးတဲ့ဆေးတွေဟာ ပြည်သူတွေအတွက် အန္တရာယ်ရှိနိုင်မယ်လို့ မထင်ပါဘူး။” လို့ ဦးရွှေဘော်စိန်က ပြောပါတယ်။
 
ရခိုင်ပြည်နယ်မှာ COVID-19 တတိယလှိုင်းအတွင်း ဩဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းအထိ သေဆုံသူဦးရေဟာ(၃၇၁) ဦး၊ ကူးစက်ခံရသူ (၃၈၆၂) ဦး၊ ဆေးရုံတက်ဆဲ ကိုဗစ်လူနာ (၃၂၁) ဦးရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းအရ သိရပါတယ်။
 
#voiceofmyanmar #VOM #ရခိုင

Related posts

Leave a Comment

VOM News

FREE
VIEW