ကောလင်းက ဌာနဆိုင်ရာ နေရာတွေမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်

သြဂုတ် ၊ ၂၇ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့ ၊ မြောက်အင်းရပ်ကွက်မှာရှိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ဝန်းခြံ အပါအဝင် ဌာနဆိုင်ရာ နေရာ ၃ ခုမှာ မနေ့ သြဂုတ် ၂၆ ညနေပိုင်းက ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ကောလင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” ညနေ ၃ နာရီ ၅ မိနစ်မှာ ခရိုင်အုပ်ချုပ်ရေးမှူး နေတဲ့အိမ်ဘက်က ပေါက်ကွဲသံ တကြိမ် ၊ မိနစ်ပိုင်း အနည်းငယ်ခြားပြီး ၃ နာရီ ၈ မိနစ်လောက်မှာ စက်ရုံလယ်ပြင်ရပ်ကွက် ထွေ / အုပ် ဝန်ထမ်းအိမ်ယာနဲ့ မီးရထားလမ်း ကြား ဘက်က ပေါက်ကွဲတာ တကြိမ် နဲ့ ၃ နာရီ ၁၀ မိနစ်လောက်မှာ ပြည်သူ့အားကစားကွင်းထဲကို ဗုံး ၂ လုံးပစ်တယ် ၊ အဲ့ဒါကတော့ မပေါက်ကွဲဘူး ” လို့ ကောလင်းမြို့ခံ တစ် ယောက်က ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်လို့ ကောလင်း ထွေ / အုပ် ဝန်းထမ်း တစ်ယောက်က ” ထိခိုက်ပျက်စီးတာ လူ တိရစ္ဆာန် ဒဏ်ရာရ သေဆုံးတာ မရှိဘူး ၊ လာရောက်ဖောက်ခွဲတဲ့သူက ဆိုင်ကယ် ၁ စီးနဲ့ လူ ၂ ယောက်ဖြစ်တယ် ” လို့ ပြောပါတယ်။
 
အဲ့ဒီလို ပေါက်ကွဲတာတွေနဲ့ ဗုံးလန့်တာတွေ ဖြစ်ပေါ်ပြီးနောက် ကောလင်းမြို့ပေါ်မှာ လူသွား လူလာ မရှိတော့ပဲ နေအိမ်တွေ ပိတ်ထားတာများတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #ကောလင်း

Related posts

Leave a Comment

VOM News

FREE
VIEW