မန္တလေး၊ ဇန်နဝါရီ ၂၂-၂၀၁၉
ဟိန်းကို(VOM)
မန္တလေးမြို့မှာ မနေ့ညပိုင်းက `၂၀၀၈ခြေဥအလုပ်မဖြစ်အမြန်ဆုံးဖယ်ရှားပစ်´ဆိုတဲ့ စာတန်းနဲ့ စတစ်ကာတွေကို ၇၃လမ်း နဲ့ ၃၅လမ်းဒေါင့် မီးပွိုင့်ကနေ စပြီး လမ်းလယ်မီးတိုင်တွေမှာကပ်ကာ ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။
” နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ သမ္မတ ကိုယ်တိုင်က ခြေဥကို ပြင်ဖို့လုပ်နေတဲ့အချိန် ကျွန်တော်တို့က ပြည်သူတစ်ယောက်အနေနဲ့ ဒီခြေဥ ကို ပြင်စေချင်လို့ ဒီအနေအထားကို ပြည်သူတွေအားလုံးသိစေချင်လို့ ခုလို ကမ်ပိန်းလုပ်ဖြစ်တာပါ” လို့ စတစ်ကာ ကမ်ပိန်းပြုလုပ်တဲ့ ကိုသဲနှစ်အောင် က ပြောပါတယ်။
ခုလို စတစ်ကာကမ်ပိန်းပြုလုပ်ထားတာကို မနေ့ညက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကပ်ထားတဲ့ စတစ်ကာတွေကို လိုက်လံခွာပြီး သိမ်းဆည်းမှုပြုလုပ်ခဲ့ပါတယ်။ ” အာဏာပိုင်အဖွဲ့အစည်းတွေက လာရောက်မေးမြန်းစုံစမ်းမှုတွေတော့ မရှိဘူး ကျွန်တော်တို့က ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ပြည်သူတွေရဲ့လွတ်လပ်ခွင့် အခြေခံဥပဒေထဲမှာ ပါတဲ့အတိုင်း လုပ်တဲ့အတွက် သိပ်တော့ ရှော့မရှိဘူး”လို့ ကိုသဲနှစ်အောင် က ပြောပါတယ်။
မနေ့က စတစ်ကာ ၃၀၀ကျော်ကို ၇၃လမ်းနဲ့ ၃၅လမ်းဒေါင့် ၊ လမ်း ၃၀ ၊ သိပ္ပံလမ်း ၊ ၆၂လမ်း နှင့်မနော်ဟရီလမ်း ထိ စတစ်ကာတွေကပ်ပြီး ကမ်ပိန်းပြုလုပ်ခဲ့ကာ အခြားသောမြို့များ နဲ့ မြို့နယ်များကို ပြုလုပ်ရန်လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
#voiceofmyanmar#ခြေဥပယ်ဖျက်ရေးကမ်ပိန်း