ရန်ကုန် ဇန်န၀ါရီ ၂၂-၂၀၁၉ TGH (VOM) LGBT တွေ အပေါ် ခွဲခြားဆက်ခြင်းကိစ္စရပ်တွေ မရှိဖို့ဆိုရင် အဓိကအချက် ၃ ချက်နဲ့ထိန်းချုပ်ရမှာဖြစ်ပြီး အဲ့ဒီအချက်တွေထဲမှာ LGBT တွေကိုယ်တိုင် သိက္ခာ ၊စာရိတ္တ ၊ အမူအကျင့်ပိုင်းဆိုင်ရာကိစ္စရပ် တွေကို မိမိတို့အသိစိတ်ဓာတ်နဲ့ပြုပြင်ပြောင်းလဲဖို့ကြိုးစားရမှာဖြစ်တယ်လို့ Equality Myanmar and LGBT right advocate ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့က ပထမအချက်ဖြစ်ပြီး ဒုတိယအနေနဲ့ ပြည်သူလူထုအကြားမှာလည်း LGBT ဆိုတာ လူသားတွေပဲဖြစ်တယ် ၊ ဆိုရှယ်မီဒီယာတချို့မှာ ဖော်ပြနေသလို ဟာသ ၊ တန်ဖိုးမရှိ ၊ အပြောင်အပျက်တွေကိုသာ လုပ်တတ်သူတွေမဟုတ်ကြောင်းနဲ့ LGBT တွေမှာလည်းအရည်အချင်းရှိတယ်ဆိုတာ အသိပညာပေးရမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ LGBT တွေကိုယ်တိုင်ကလည်း အကျင့်သိက္ခာ ၊ စာရိတ္တပိုင်းဆိုင်ရာ ၊ အမူအကျင့်တွေကို ကိုယ့်ရဲ့စိတ်ဓာတ်နဲ့ပြုပြင်ပြောင်းလဲဖို့…
Read MoreDay: January 22, 2019
တောင်မင်းကုလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို လူတစ်စုကဖမ်းဆီးခေါ်ဆောင်
ကျောက်တော်၊ ဇန်နဝါရီ ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ယိုးချောင်းအထက်ပိုင်းကျေးရွာတစ်ရွာဖြစ်တဲ့ ကျောက်တော်မြို့နယ် တောင်မင်းကုလား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးထွန်းနုကို အမည်မသိအဖွဲ့အစည်းတစ်ခုကနေ ဇန်နဝါရီ ၂၀ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အဲဒီဖမ်းဆီးခေါ်ဆောင်မှုကိုခံလိုက်ရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ညနေပိုင်းက အိမ်ပြန်စဉ် တောင်မင်းကုလားကျေးရွာနဲ့ သံချောင်းကျေးရွာအကြားလမ်းမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ “တောင်မင်းကုလားကျေးရွာအုပ်ချုပ်ရေးမှူးက သံချောင်းကျေးရွာမှာနေတာပါ။ တစ်နေ့က ညနေပိုင်းမှာ ဒီကယ်ဆယ်ရေးစခန်းကနေ သံချောင်းကိုပြန်တဲ့အခါ လမ်းမှာခေါ်သွားတာလို့သိရတယ်။ ညနေ ၈ နာရီလောက်မှာ ဒီကနေပြန်သွားတာပါ။”လို့ တောင်မင်းကုလားကျေးရွာကယ်ဆယ်ရေးစခန်းက စစ်ဘေးရှောင် ဦးအောင်ထွန်းက ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူး ဦးထွန်းနုမှာ မြိုလူမျိုးတစ်ဦးဖြစ်ပြီး တောင်မင်းကုလားကျေးရွာအထက်ပိုင်းမှာရှိတဲ့ သံချောင်းကျေးရွာမှာ မိသားစုတွေနဲ့အတူ နေထိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ “ဘယ်သူတွေလဲကျွန်တော်တို့တော့မသိဘူး။ တပ်မတော်သားဟန်ဆောင်ပြီးတော့ ခေါ်သွားတာလို့ပြောတယ်။ အဘကအရေးတကြီးခေါ်ခိုင်းတယ်လို့ ပြောပြီးတော့ ခေါ်သွားတယ်လို့ကြားတယ်။ မနေ့က မိသားစုတွေဒီကိုလာတိုင်တဲ့အခါမှ ကျွန်တောတို့လည်း သိလိုက်ရတာပါ။”လို့ ဦးအောင်ထွန်းက ဆက်လက်ပြောကြားပါတယ်။…
Read Moreအာဆင်နယ်နောက်ခံလူ ဘယ်လာရင် ဒူးဒါဏ်ရာကြောင့် ရာသီကုန်အထိ နားရတော့မည်
လန်ဒန်၊ ဇန်န၀ါရီ-၂၂ ရန်နိုင်ထွန်း (VOM) အာဆင်နယ်အသင်းက စပိန်ညာနောက်ခံကစားသမာ ဘယ်လာရင်ဟာ ချယ်ဆီးကို နှစ်ဂိုးပြတ်အနိုင်ရခဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးဒါဏ်ရာရရှိခဲ့တာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။ ဘယ်လာရင်ရဲ့ ဒူးဒါဏ်ရာနဲ့ပတ်သက်ပြီး နောက်ထပ်ဆေးစစ်မှုတွေ လုပ်သွားမှာပါ။ ဒါပေမယ့် အခြေအနေက သိပ်တော့မကောင်းဘူးလို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုပြီး အနည်းဆုံ ကိုးလလောက်အထိ အနားယူရနိုင်တယ်လို့ ဆိုပါတယ်။ ဘယ်လာရင်ဟာ ဇန်န၀ါရီ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ပွဲကစားချိန် ၇၀ မိနစ်မှာ ချယ်ဆီးကွင်းလယ်လူ ရို့ဘာကလေကြောင့် ၎င်းရဲ့ဒူးမှာ ဒါဏ်ရာရရှိပြီး လူစားလဲခဲ့ရပါတယ်။ အသင်းရဲ့ပွဲစဉ်တွေကို ရာသီကုန်အထိ လွဲချော်တော့မှာဖြစ်တဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်ဆုံးလေးသင်းနေရာ ရာသီကုန်မှာ ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့အာဆင်နယ်အသင်းအတွက်တော့ ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ အသင်းရဲ့ ညာနောက်ခံလူနေရာအတွက် ဘယ်လာရင်အစား အိန်စလေကို အစားထိုးအသုံးပြုဖွယ်ရှိတယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ထုတ်ဖော်ပြောဆိုပါတယ်။ Ref: The…
Read Moreရခိုင်ပြည်နယ်အတွက်လိုအပ်နေတဲ့အရံဆန်တန်ချိန် ၂၅၀ ကို ကိုးရီးယားအစိုးရလှူဒါန်း
စစ်တွေ၊ ဇန်နဝါရီ ၂၂-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွက် လိုအပ်နေတဲ့ အရံဆန်တန်ချိန် ၂၅၀ ကို ကိုးရီးယားသမ္မတနိုင်ငံက ဒီကနေ့မနက်ပိုင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ပေးအပ်လှူဒါန်းလိုက်ပါတယ်။ အဲဒီဆန်တွေကို ရခိုင်ပြည်နယ်အတွင်းက လိုအပ်နေတဲ့ နေရာတွေမှာ ဒေသခံပြည်သူတွေအတွက် အသုံးပြုနိုင်ရေး အတွက် လှူဒါန်းတာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယားနိုင်ငံသံအမတ်ကြီး HE.Mr. Lee Daung Hwa က လာရောက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့အစိုးရဟာ ယမာန်နှစ်ကလည်း မြန်မာဒုက္ခသည်တွေအတွက် ဆန်တန်ချိန် ၁၈၀၀ ကိုပေးအပ်လှူးဒါန်းခဲ့ ပါတယ်။ ပြီးခဲ့လကလည်း တိုင်းဒေသကြီးတချို့မှာ ဆန်လှူဒါန်းပွဲတွေကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခုလည်း ရခိုင်ပြည်နယ်အတွင်းမှာ ဆန်လှူဒါန်းပွဲအခမ်းအနားကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။”လို့ သံအမတ်ကြီး Mr.Lee Daung Hwa က ပြောကြားခဲ့ပါတယ်။ အခုလိုမျိုး ရခိုင်ပြည်နယ်အတွက် ကိုးရီးယားသမ္မတနိုင်ငံကနေ ဆန်တန်ချိန် ၂၅၀ ကိုပေးအပ်လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အကျပ်အတည်းနဲ့ကြုံတွေ့နေရတဲ့အချိန်မှာ အကူအညီထောက်ပံ့မှုတွေ ပြုလုပ်ပေးတဲ့…
Read Moreအစ္စရေးနိုင်ငံကို ကမ္ဘာပေါ်က ပျောက်သွားအောင်လုပ်ဖို့ အသင့်ဖြစ်နေပြီလို့ အီရန်သတိပေး
တီဟီရန်၊ ဇန်န၀ါရီ-၂၂ မျိုးဆက် (VOM) အီရန်အနေဖြင့် အစ္စရေးကို ထိပ်တိုက်ရင်ဆိုင်ပြီး ကမ္ဘာပေါ်က ပျောက်ကွယ်သွားအောင်လုပ်ဖို့ အသင့်ဖြစ်နေကြောင်း အီရန်လေတပ် အကြီးအကဲက သတိပေးပြောဆိုလိုက်ပါတယ်။ ဆီးရီးယားရှိ အီရန်ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အီရန်က ယခုလို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာဖြစ်ပါတယ်။ အီရန်လေတပ်က လူငယ်လေသူရဲတွေဟာ ဇီယွန်ဝါဒီ အစ္စရေးအစိုးရကို ထိပ်တိုက်ရင်ဆိုင်ပြီး ကမ္ဘာပေါ်ကနေပျောက်ကွယ်သွားအောင်လုပ်ဖို့ လုံးဝအဆင်သင့်ဖြစ်နေပြီး စိတ်မရှည်နိုင်ကြတော့ဘူးလို့ အီရန်လေတပ်ရဲ့ တပ်မှူး ဗိုလ်ချုပ် အဇစ်နာဆီဇာဒါက ဇန်န၀ါရီ ၂၁ ရက်က ပြောပါတယ်။ အီရန်ရဲ့ အဆင့်မြင့် စစ်ရေးကြိုတင်ပြင်ဆင်ထားတာဟာ အီရန်ကို တိုက်ခိုက်လာမယ့် ရန်သူတွေကို ဟန့်တားထားနိုင်တယ်လို့လည်း ၎င်းက အလေးပေးပြောဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဆီးရီးယားမှာ ဇန်န၀ါရီ ၂၁ ရက် လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ပြောဆိုပြီး အစ္စရေးနိုင်ငံကို ဖျက်ဆီးလိုသူတွေကို လက်စားချေတာဖြစ်တယ်လို့ ပြောပါတယ်။ မိမိတို့အနေနဲ့…
Read Moreအာဖဂန်စစ်အခြေစိုက်စခန်းကို တာလီဘန်တွေတိုက်ခိုက်တာကြောင့် လူ ၁၂၆ ဦးထက်မနည်းသေဆုံး
ကဘူး၊ ဇန်န၀ါရီ-၂၂-၂၀၁၉ မျိုးဆက် (VOM) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးရဲ့ အနောက်ဘက်ရှိ မိုင်ဒန်ဝါဒက်ပြည်နယ်ရှိ စစ်အခြေစိုက်စခန်းကို ဇန်န၀ါရီ ၂၁ မှာ တာလီဘန်တွေတိုက်ခိုက်က တိုက်ခိုက်တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ စစ်ဘက် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်သင်တန်းကျောင်းထဲမှာ ပေါက်ကွဲမှုဖြစ်တာကြောင့် လူပေါင်း ၁၂၆ ဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ အရာရှိ ရှစ်ဦးပါဝင်တယ်လို့ ၎င်းက ပြောပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံ တစ်ဝက်လောက်ကို သိမ်းပိုက်ထိမ်းချုပ်ထားတဲ့ တာလီဘန်တွေဟာ မကြာသေးမီလများအတွင်းက လူသေဆုံးစေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ ယခုတိုက်ခိုက်မှုဟာလည်း ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ပြောပါတယ်။ တာလီဘန်တွေဟာ ဖောက်ခွဲရေးပစ္စည်းတွေအပြည်တင်ဆောင်ထားတဲ့ ကားတစ်စီးကို စစ်ဆေးရေးဂိတ်ကတစ်ဆင့် ဖြစ်ကျော်မောင်းနှင်ပြီး သင်တန်းကျောင်းထဲအရောက်မှာ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ဒီလိုဖောက်ခွဲပြီးနောက်မှာတော့ သေနတ်သမားနှစ်ဦးဟာ အဆောက်အဦထဲက အာဖဂန်စစ်သားတွေကို ပစ်ခတ်ခဲ့ကြပါတယ်။ ပေါက်ကွဲမှုက ပြင်းထန်တဲ့အတွက် အဆောက်အဦတစ်ခုလုံးပြိုကျသွားပါတယ်။ ဒါဏ်ရာရရှိသူ အများအပြား ကိုတော့ ကဘူးက…
Read Moreလေးခွေမြောက် တစ်ကိုယ်တော်သီချင်းခွေအတွက် ပြင်ဆင်နေတဲ့နီနီခင်ဇော်
ရန်ကုန် ဇန်န၀ါရီ ၂၂-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်ကို အကပိုင်းရော အဆိုပိုင်းမှာ အကောင်းဆုံးတင်ဆင်ဖျော်ဖြေတက်တဲ့ အဆိုတော် နီနီခင် ဇော်ကတော့ လေးခွေမြောက် တစ်ကိုယ်တော်သီချင်းခွေအတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ “နီနီရဲ့ အမ်တီဗီ ရိုက်ကူးနေတာ တစ်ပုဒ်ပဲ ကျန်ပါတော့တယ်။ လေးခွေမြောက် တစ်ကိုယ်တော် သီချင်း ခွေ အတွက် ပြင်ဆင်နေပါတယ်။ ၅ လပိုင်းမှာ ပရိသတ်လက်ထဲကို ချပေးမှာပါ။ခေါင်းကတော့ ပေးထားတာ ရှိပါ တယ်။ နည်းနည်းလေး ဝေးနေသေးလို့ မပြောသေးတာပါ” လို့ဆိုပါတယ်။ သူမကတော့ The Voice Myanmar Season 2 မှာတော့ ရန်ရန်ချမ်း ၊ R ဇာနည် ၊ ကျားပေါက် တို့နဲ့အတူ Coache တစ်ဦးအဖြစ်ပါသွားမယ်လို့ သိရပါတယ်။ ဒါအပြင် အလှကုန် Product ဖြစ်တဲ့ ပစ်တိုင်း…
Read Moreတရုတ်နိုင်ငံကို ပွဲစားတွေကတဆင့် တရားမဝင် သွားရောက်အလုပ်လုပ်နေသူ အယောက် ၆၀ မြန်မာနိုင်ငံပြန်ရောက်လာ
မူဆယ် ဇန်နဝါရီ ၂၂-၂၀၁၉ ဗျဂ္ဃ(VOM) ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက လူခေါ်ပွဲစားတွေကနေတဆင့် တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့ နယ်စပ်ဖြတ်ကျော်ဗီဇာနဲ့ သွားရောက်ခဲ့တဲ့ အလုပ်သမားတွေ လူခေါ်ပွဲစားတွေပြောသလို မဟုတ်ဘဲ အခက်အခဲတွေကြုံရတာကြောင့် နီးစပ်ရာ အဖွဲ့အစည်းတွေကတဆင့် အစိုးရထံအကူအညီတောင်းခံတာတွေ ရှိခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ တရုတ်နိုင်ငံ နေရာ ၂ နေရာမှာ ရောက်ရှိနေတဲ့ အလုပ်သမား ၆၀ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ်ထဲမှာ ၄၅ ဦး၊ တရုတ်နိုင်ငံ ပင်လယ်ဝါဒေသ ရှမ်းဒေါင်ပြည်နယ်က ၁၅ ဦးတို့က အကူအညီတောင်းပြီး ၁၀ ရက်ခန့်အကြာမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ ၄၅ ဦးအဖွဲ့က ကနီ၊ မင်းကင်း၊ ကလေးမြို့နယ်တွေကဖြစ်ပြီး အမျိုးသမီး ၇ ဦးပါဝင်ကာ ၁၅ ဦးအဖွဲ့ကတော့…
Read More၂၀၀၈ခြေဥ ပယ်ဖျက်ရေး စတစ်ကာ ကမ်ပိန်း မန္တလေးမှာ ပြုလုပ်
မန္တလေး၊ ဇန်နဝါရီ ၂၂-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့မှာ မနေ့ညပိုင်းက `၂၀၀၈ခြေဥအလုပ်မဖြစ်အမြန်ဆုံးဖယ်ရှားပစ်´ဆိုတဲ့ စာတန်းနဲ့ စတစ်ကာတွေကို ၇၃လမ်း နဲ့ ၃၅လမ်းဒေါင့် မီးပွိုင့်ကနေ စပြီး လမ်းလယ်မီးတိုင်တွေမှာကပ်ကာ ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။ ” နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ သမ္မတ ကိုယ်တိုင်က ခြေဥကို ပြင်ဖို့လုပ်နေတဲ့အချိန် ကျွန်တော်တို့က ပြည်သူတစ်ယောက်အနေနဲ့ ဒီခြေဥ ကို ပြင်စေချင်လို့ ဒီအနေအထားကို ပြည်သူတွေအားလုံးသိစေချင်လို့ ခုလို ကမ်ပိန်းလုပ်ဖြစ်တာပါ” လို့ စတစ်ကာ ကမ်ပိန်းပြုလုပ်တဲ့ ကိုသဲနှစ်အောင် က ပြောပါတယ်။ ခုလို စတစ်ကာကမ်ပိန်းပြုလုပ်ထားတာကို မနေ့ညက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကပ်ထားတဲ့ စတစ်ကာတွေကို လိုက်လံခွာပြီး သိမ်းဆည်းမှုပြုလုပ်ခဲ့ပါတယ်။ ” အာဏာပိုင်အဖွဲ့အစည်းတွေက လာရောက်မေးမြန်းစုံစမ်းမှုတွေတော့ မရှိဘူး ကျွန်တော်တို့က ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ပြည်သူတွေရဲ့လွတ်လပ်ခွင့် အခြေခံဥပဒေထဲမှာ ပါတဲ့အတိုင်း…
Read Moreဟာသသရုပ်ဆောင် ကင်းကောင် ရုတ်တရက်ကွယ်လွန်
ရန်ကုန် ဇန်န၀ါရီ ၂၂ -၂၀၁၉ သင်းသဒ္ဒါ (VOM) လူရွှင်တော်၊ သရုပ်ဆောင် ကင်းကောင်ဟာ ဇန်နဝါရီ ၂၂ ရက် နံနက် (၆) နာရီခွဲခန့်က ပုပ္ပါးမှာ ချွဲကျပ်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ ဒါရိုက်တာ ကျော်ဇောလင်းနဲ့ သရဲလေးကောင် ဇာတ်ကားလမ်းတွဲ ကို ပုပ္ပါးမှာ ရိုက်ကူးနေတာဖြစ်ပါတယ်။ ” ဒီနေ့မနက်ဆုံးသွားတာပါ။ ပုပ္ပါးမှာ ဇာတ်လမ်းတွဲ သွားရိုက်ကူးနေတာပါ။ ဇနီးနဲ့ သားလည်း ပါသွားပါတယ်။ အရမ်းအေးလို့ ချွဲကျပ်ပြီးဆုံးသွားတာပါ ” လို့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဟာသသရုပ်ဆောင် ဌက်ပျောကြော်ရဲ့အမျိုးသမီး နေဇာဘုန်းမြင့်က ပြောပါတယ်။ အနုပညာ သက်တမ်း ၃၀ ကျော်ရှိတဲ့ ဦးကင်းကောင်(ခ) မျိုးမြင့် အသက် ၅၅ နှစ် ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ရန်ကုန်သို့ ပြန်သယ်လာမှာဖြစ်တယ်လို့ သိရပါတယ်။ “တက္ကသိုလ်…
Read More