လေးခွေမြောက် တစ်ကိုယ်တော်သီချင်းခွေအတွက် ပြင်ဆင်နေတဲ့နီနီခင်ဇော်

ရန်ကုန် ဇန်န၀ါရီ ၂၂-၂၀၁၉

သင်းသဒ္ဒါ (VOM)

ပရိသတ်ကို အကပိုင်းရော အဆိုပိုင်းမှာ အကောင်းဆုံးတင်ဆင်ဖျော်ဖြေတက်တဲ့ အဆိုတော် နီနီခင် ဇော်ကတော့ လေးခွေမြောက် တစ်ကိုယ်တော်သီချင်းခွေအတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“နီနီရဲ့ အမ်တီဗီ ရိုက်ကူးနေတာ တစ်ပုဒ်ပဲ ကျန်ပါတော့တယ်။ လေးခွေမြောက် တစ်ကိုယ်တော် သီချင်း ခွေ အတွက် ပြင်ဆင်နေပါတယ်။ ၅ လပိုင်းမှာ ပရိသတ်လက်ထဲကို ချပေးမှာပါ။ခေါင်းကတော့ ပေးထားတာ ရှိပါ တယ်။ နည်းနည်းလေး ဝေးနေသေးလို့ မပြောသေးတာပါ” လို့ဆိုပါတယ်။

သူမကတော့ The Voice Myanmar Season 2 မှာတော့ ရန်ရန်ချမ်း ၊ R ဇာနည် ၊ ကျားပေါက် တို့နဲ့အတူ Coache တစ်ဦးအဖြစ်ပါသွားမယ်လို့ သိရပါတယ်။ ဒါအပြင် အလှကုန် Product ဖြစ်တဲ့ ပစ်တိုင်း ထောင်လို့ ပေးထားတဲ့ ပစ္စည်းသစ်လို့ ထွက်ဖို့ရှိတယ်လို့ သိရပါတယ်။ ဒီနှစ်လည်း နီနီတစ်ကိုယ်တော်ရှိုးပွဲလုပ်ဖို့ စဉ်းစား ထားပါတယ်။နီနီက နှစ်တိုင်း Theme တစ်ခုထွက်ဖြစ်ပါတယ်။ တစ်ကိုယ်တော်ပွဲကို ၁၀ လပိုင်းမှာ လုပ်ဆောင် သွားမှာပါ။ မနှစ် ကလည်း ဘယ်လိုဖန်တီးမလဲဆိုတာ တွေ့ရမှာပါလို့သိရပါတယ်။

“Product သစ် နီနီဆက်ထွက်ဖို့ ရှိပါတယ်။ ပစ်တိုင်း ထောင်လေးကို နာမည်ပေးထားတာပါ။  နီနီက စီးပွားဖြစ် Brand ကို ထုတ်တာမဟုတ်ပါဘူး။နီနီ ရဲ့ Unit ဖြစ်တာကို သိမ်းထားချင်သူတွေအတွက်ပါ။ အထူးသဖြင့် မြန်မာ လက်ရာကို စိတ်ဝင်စားတဲ့သူတွေ ၊ နီနီ Product ကို နိုင်ငံခြားသားတွေလည်း စိတ်ဝင်စားတဲ့အရာတွေ လုပ် ဆောင်နေတာပါ”လို့ဆိုပါတယ်။

ဓာတ်ပုံ-သင်းသဒ္ဒါ

#voiceofmyanmar#နီနီခင်ဇော်

Related posts

Leave a Comment

VOM News

FREE
VIEW