အာဖဂန်စစ်အခြေစိုက်စခန်းကို တာလီဘန်တွေတိုက်ခိုက်တာကြောင့် လူ ၁၂၆ ဦးထက်မနည်းသေဆုံး

ကဘူး၊ ဇန်န၀ါရီ-၂၂-၂၀၁၉

မျိုးဆက် (VOM)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးရဲ့ အနောက်ဘက်ရှိ မိုင်ဒန်ဝါဒက်ပြည်နယ်ရှိ စစ်အခြေစိုက်စခန်းကို ဇန်န၀ါရီ ၂၁ မှာ တာလီဘန်တွေတိုက်ခိုက်က တိုက်ခိုက်တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ စစ်ဘက် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်သင်တန်းကျောင်းထဲမှာ ပေါက်ကွဲမှုဖြစ်တာကြောင့် လူပေါင်း ၁၂၆ ဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ အရာရှိ ရှစ်ဦးပါဝင်တယ်လို့ ၎င်းက ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ တစ်ဝက်လောက်ကို သိမ်းပိုက်ထိမ်းချုပ်ထားတဲ့ တာလီဘန်တွေဟာ မကြာသေးမီလများအတွင်းက လူသေဆုံးစေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ ယခုတိုက်ခိုက်မှုဟာလည်း ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

တာလီဘန်တွေဟာ ဖောက်ခွဲရေးပစ္စည်းတွေအပြည်တင်ဆောင်ထားတဲ့ ကားတစ်စီးကို စစ်ဆေးရေးဂိတ်ကတစ်ဆင့် ဖြစ်ကျော်မောင်းနှင်ပြီး သင်တန်းကျောင်းထဲအရောက်မှာ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ဒီလိုဖောက်ခွဲပြီးနောက်မှာတော့ သေနတ်သမားနှစ်ဦးဟာ အဆောက်အဦထဲက အာဖဂန်စစ်သားတွေကို ပစ်ခတ်ခဲ့ကြပါတယ်။

ပေါက်ကွဲမှုက ပြင်းထန်တဲ့အတွက် အဆောက်အဦတစ်ခုလုံးပြိုကျသွားပါတယ်။ ဒါဏ်ရာရရှိသူ အများအပြား ကိုတော့ ကဘူးက ဆေးရုံးကို လွှဲပြောင်းပို့ဆောင်ထားတယ်လို့ မိုင်ဒန်ဝါဒက်ပြည်နယ် ကောင်စီဝင်တစ်ဦးဖြစ်တဲ့ ရှာရစ်ဟိုတက်က ပြောပါတယ်။

Ref : India Today

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW