LGBTတွေ ကိုယ်တိုင်လည်း သိက္ခာ ၊စာရိတ္တ ၊ အမူအကျင့်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို  မိမိတို့အသိစိတ်ဓာတ်နဲ့ပြုပြင်ပြောင်းလဲရမယ်

ရန်ကုန် ဇန်န၀ါရီ ၂၂-၂၀၁၉

TGH (VOM)

LGBT တွေ အပေါ် ခွဲခြားဆက်ခြင်းကိစ္စရပ်တွေ မရှိဖို့ဆိုရင် အဓိကအချက် ၃ ချက်နဲ့ထိန်းချုပ်ရမှာဖြစ်ပြီး အဲ့ဒီအချက်တွေထဲမှာ  LGBT တွေကိုယ်တိုင် သိက္ခာ ၊စာရိတ္တ ၊ အမူအကျင့်ပိုင်းဆိုင်ရာကိစ္စရပ် တွေကို  မိမိတို့အသိစိတ်ဓာတ်နဲ့ပြုပြင်ပြောင်းလဲဖို့ကြိုးစားရမှာဖြစ်တယ်လို့ Equality Myanmar and LGBT right advocate ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့က ပထမအချက်ဖြစ်ပြီး ဒုတိယအနေနဲ့ ပြည်သူလူထုအကြားမှာလည်း LGBT ဆိုတာ လူသားတွေပဲဖြစ်တယ် ၊ ဆိုရှယ်မီဒီယာတချို့မှာ ဖော်ပြနေသလို ဟာသ ၊ တန်ဖိုးမရှိ ၊ အပြောင်အပျက်တွေကိုသာ လုပ်တတ်သူတွေမဟုတ်ကြောင်းနဲ့  LGBT တွေမှာလည်းအရည်အချင်းရှိတယ်ဆိုတာ အသိပညာပေးရမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ LGBT တွေကိုယ်တိုင်ကလည်း အကျင့်သိက္ခာ ၊ စာရိတ္တပိုင်းဆိုင်ရာ ၊ အမူအကျင့်တွေကို ကိုယ့်ရဲ့စိတ်ဓာတ်နဲ့ပြုပြင်ပြောင်းလဲဖို့ စွမ်းရည်မြင့်တင်ရမယ်လို့ ဆိုပါတယ်။

နောက်ပြီး LGBT အခွင့်အရေးတက်ကြွလှုပ်ရှားတာကလည်း အနောက်တိုင်းနိုင်ငံတွေကို အတုခိုးလိုက်လံ လုပ်ဆောင်တာမဟုတ်ကြောင်း ဦးအောင်မျိုးမင်းက ယခုလိုပြောပါတယ်။

“ယဉ်ကျေးမှုတိုင်းမှာ LGBT ရှိတယ်။ ဘာသာတိုင်းမှာလည်း LGBT ရှိတယ်။ဒါကိုမကိုက်ညီဘူးပြောလို့မရဘူး။ သူ့ဘာသာတည်ရှိမှုဖြစ်တယ်။ရှိခြင်းက ဥပဒေကိုဆန့်ကျင်တာလည်းမဟုတ်ဘူး ။ဘာသာရေးကိုတိုက်ခိုက်တာ လည်းမဟုတ်သလိုယဉ်ကျေးမှုကိုတော်လှန်တာလည်းမဟုတ်ဘူး။ ဒါဟာရှိနေခြင်းဖြစ်နေခြင်းပါ။ ဒါကိုလက်မခံနိုင်တာကမှ ပြဿနာဖြစ်ပါတယ်။ မှားယွင်းတဲ့အယူအဆတွေကို ပြောင်းလဲပြီး လူကိုလူလိုမြင်ဖို့ သူတို့ပေါ်မှာ မုန်းတီးမှု တွေ ရပ်ဖို့ ပါ။ ဘယ်ဘာသာတရား ၊ ဘယ်ယဉ်ကျေးမှုကိုမဆိုကြည့်ပါ လူတစ်ယောက် ကိုမုန်းတီးရမယ်လို့ မပြောထားပါဘူး။ အဲ့ဒါကမှ ယဉ်ကျေးမှုအစစ်ပါ။”

LGBT တွေနဲ့ပတ်သက်လို့ လူမှုရေးမီဒီယာတွေ နဲ့ အနုပညာပိုင်းဆိုင်ရာက အများကြီးဖိအားပေးနေပြီး  LGBT တွေအပေါ်  အထင်သေးမှုတွေ နဲ့ ပုံစံခွက်သတ်မှတ်မှုတွေက မြန်မာရုပ်ရှင်ဘက်ကနေ တော်တော်များများလာနေတာဖြစ်တယ်လို့ ဆိုပါတယ်။  အငြိမ့်တွေ  ဟာသ ပျက်လုံးတွေလည်းပါနေပါတယ်။ အနုပညာဆိုတာ သုံးတတ်ရင်ဆေး ဖြစ်ပေမယ့်  မသုံးတတ်ရင်းဘေးဖြစ်သွားတတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အနုပညာကို ဖန်တီးတဲ့အခါ ကောင်းမွန်တဲ့သတင်းစကား တွေပေးပြီး လူထုကိုခံစားချက်တွေ ပြောင်းအောင် ၊ အပြုအမူတွေပြောင်းအောင်လုပ်ဆောင်နိုင်သလို အဆိပ်ပင် အနေနဲ့လည်းဖြစ်နိုင်တာ ကြောင့်  မှားယွင်းတဲ့သတင်းစကားတွေ ၊ LGBT မှာ အထင်သေးနိုင်တဲ့ ဇာတ်ကောင်တွေကို မသုံးသင့်ဘူးလို့ ပြောပါတယ်။

ဒီလိုမျိုးသုံးခြင်းက  LGBT တွေအပေါ်မှာ လက်ရှိထိခိုက်တဲ့အပြင်  တစ်သက်လုံးအထိပါသွားနိုင်တဲအစွဲတွေ ဖြစ်နိုင်တာကြောင့် ရှောင်ရှားစေလိုကြောင်းနဲ့ အဲ့ဒီလိုလုပ်ဆောင်တဲ့ရုပ်ရှင်ကားတွေ နဲ့ တင်ဆက်မှုတွေကို လုံးဝ လက်မခံဘူးလို့ ယနေ့ ဇန်န၀ါရီလ ၂၂ ရက်နေ့ ၊ ရန်ကုန်မြို့ ရှိ Goehte Villa မှာ ကျင်းပခဲ့တဲ့ &PROUD သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar#LGBT

 

 

Related posts

Leave a Comment

VOM News

FREE
VIEW