အသက်​၁၅နှစ်​ မိန်းက​​လေးကို သားမယားပြုကျင့်​တဲ့ ရဲဒု-တပ်​ကြပ်​ကို ကာယကံရှင်ရဲ့ဖခင်က ​​အမှုဖွင့်​တိုင်​တန်းထား

မန္တ​လေး၊ ဇန်​နဝါရီ ၂၃-၂၀၁၉

ဟိန်းကို(VOM)

မန္တ​လေးမြို့၊ မဟာ​အောင်​​မြေမြို့နယ်​ ၊ အမှတ်​(၇) ရဲစခန်းမှာ တာဝန်​ထမ်း​ဆောင်​​နေတဲ့ ရဲဒု-တပ်​ကြပ်​ ​​တေဇ​အောင်​ဟာ အသက်​၁၅နှစ်​အရွယ်​ မိန်းက​လေးကို ဇန်​နဝါရီလ ၂၂ ရက်​​နေ့ ညပိုင်းက သားမယားပြုကျင့်​မှု ၂ ကြိမ်​ကျူးလွန်​ခဲ့တယ်ဆိုပြီး အမှုဖွင့်တိုင်ကြားခံနေရပါတယ်။

ဒီကိစ္စအတွက် အမှတ်​(၇) ရဲစခန်း စခန်းမှူး ရဲအုပ်​ခင်​​ဇော်​ကို VOM က ဆက်သွယ်မေးကြည့်တော့

“အမှုဖွင့်​ထားတာက ​ကောင်​မ​လေးရဲ့ အ​ဖေက အမှုဖွင့်​ထားပါတယ်​၊ ​လော​လောဆယ်​ကျွန်​​တော်​တို့က ​ဆေးစစ်​​ဆေးမှုအပိုင်းလုပ်​​နေပါတယ်​၊ နယ်​ထိန်းအဖွဲ့​တွေနဲ့ တရာခံဖမ်းဆီးရမိ​ရေး ​ဆောင်​ရွက်​​နေပါတယ်​၊ အဲ့ဒီရဲတပ်​ဖွဲ့ဝင်​ ​ကောင်​​လေးကလည်း အမှုဖြစ်​ကတည်းက စခန်းကို ပြန်​မလာ​တော့ပဲ ​ရှောင်​တိမ်း​နေတယ်​၊ သူ့မိသားစု​တွေရှိတဲ့ ရန်​ကုန်​ဘက်​ကိုလည်း ဖမ်းဆီးရမိ​ရေး ​ဆောင်​ရွက်​​နေပါတယ်​ ”  လို့ ဖြေပါတယ်။

ရဲဒု-တပ်​ကြပ်​ ​တေဇ​အောင်​ဟာ  မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ မင်းစံရပ်၊ အကွက်အမှတ် (၅၁၄)နေ မ………(၁၅)နှစ် နေအိမ်က​နေ အပြင်သို့သွားစဉ်​ နေအိမ်ရှေ့လမ်းပေါ်မှာချစ်​ကြိုက်​​ကြောင်း​ကြောင်း​ပြောဆိုပြီး ​သွေး​ဆောင်​ဖြား​ယောင်းကာ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ (၃၆)လမ်း၊ (၇၀x၇၁)လမ်းကြားရှိ၊…….တည်းခိုခန်းကို​ခေါ်ပြီး သားမယားပြုကျင့်​မှု (၂)ကြိမ်​ ကျူးလွန်​ခဲ့တယ်​လို့ ရဲတပ်​ဖွဲ့မှတ်​တမ်းအရ သိရပါတယ်​။

(၁၅)နှစ်​အရွယ်​ မိန်းက​လေး သားမယားပြုကျင့်​ခဲ့တဲ့ ရဲဒု-တပ်​ကြပ်​ ​တေဇ​အောင်​မှာ ထွက်​​ပြေးတိမ်း​ရှောင်​​နေပြီး မိန်းက​လေးရဲ့ဖခင်ြ​ဖစ်​သူက တရားလိုပြုလုပ်​ကာ (ပ)၆၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃နဲ့ အမှုဖွင့်​တိုင်​တန်းထားပြီး တရားခံဖမ်းဆီးရမိ​ရေး ဆက်​လက်​​ဆောင်​ရွက်​​နေတယ်​လို့ သိရပါတယ်​။

#voiceofmyanmar#သက်ငယ်မုဒိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW