ရုရှားနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် များမကြာမီလက်မှတ်ထိုးနိုင်ကြောင်း ယူကရိန်းသမ္မတရဲ့ အကြံပေးပြော

ကိယက်ဗ်၊ မတ်-၁၅
မျိုးဆက်(VOM)
 
ရုရှားနဲ့ ယူကရိန်းတို့အကြား လာမယ့်သီတင်းပတ်တွေအတွင်း ငြိမ်းချမ်းရေးသဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ အကြံပေး တဦးဖြစ်သူ Alexey Arestovich က မတ် ၁၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
“ဖြစ်နိုင်တာကတော့ မေလမှာ ငြိမ်းချမ်းရေး သဘောတူညီချက် ရနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ မေလ အစောပိုင်းမှာ ဒါမှမဟုတ် စောနိုင်ပါသေးတယ်လို့ သူကဆိုပါတယ်။
 
အကောင်းဆုံး အခြေအနေတခုအနေနဲ့ ရုရှားတပ်တွေ ဆုတ်ခွာရေး သဘောတူညီချက်ကို တပတ်မှ နှစ်ပတ်အတွင်း ရရှိနိုင်တယ်လို့ Alexey Arestovich ကပြောပါတယ်။
 
မနေ့ကပြုလုပ်ခဲ့တဲ့ နှစ်ဘက်အကြား အွန်လိုင်းကတဆင့် စတုတ္ထအကြိမ် ဆွေးနွေးပွဲဟာ ပိုမိုအပြုသဘောဆောင်တယ်လို့ သူကဆိုပါတယ်။
 
ရုရှား-ယူကရိန်း ၁၉ ရက်ကြာ စစ်ပွဲအတွင်း ရုရှားစစ်လေယာဉ် အစင်း ၈၀ အပါအဝင် တင့်ကား ရာနဲ့ချီပြီး ဆုံးရှုံးခဲ့ကြောင်း ဇီလန်စကီးက ပြောပါတယ်။
 
ယူကရိန်းဘက်က တင့်ကားအစီးရေ ၁၃၀၀ နီးပါး အခြားသံချပ်ကာယာဥ်တွေအပြင် ဒရုန်း ၁၄၅ စင်းတို့ကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားပါတယ်။
 
Ref: RT
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

✕
VOM News

FREE
VIEW