စစ်တွေကမ်းခြေမှာ သျှစ်သောင်းမြောက် (သဲပုံစေတီ)ပွဲ ကျင်းပ

မတ် ၁၆- ၂၀၂၂ SW (VOM)   ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပွိုင့်ကမ်းခြေမှာ ရခိုင်ရိုးရာ သျှစ်သောင်းမြောက်ပွဲ (ခေါ်) သဲပုံစေတီပွဲကို ဒီကနေ့ မတ်လ ၁၆ ရက် နေ့လယ်ပိုင်းကနေ ညပိုင်းအချိန်ထိ လူအမြောက်အမြားနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။   အဲဒီ သျှစ်သောင်းမြောက်ပွဲတော်ကို သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ရခိုင်မင်္ဂလာစည်တော်ကိုတီးပြီးတော့ ပင်လယ်ကမ်းခြေကသဲတွေနဲ့ ဘုရား၊ ပုထိုးပုံတွေ၊ ရခိုင်တို့ရဲ့ တန်ဖိုးထားရတဲ့အရာတွေကို ပုံဖော်ပြုလုပ်ကြတဲ့ပွဲတော်ဖြစ်ပါတယ်။   ဒီနေ့ကျင်းပတဲ့ပွဲတော်ကို လူပေါင်း ထောင်နဲ့ချီ ပါဝင်ဆင်နွှဲခဲ့ကြပြီး စစ်တွေဟိုတယ်အဝင်လမ်းနဲ့ ကမ်းနားလမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့တာတွေအထိ ဖြစ်ခဲ့ပါတယ်။   သျှစ်သောင်းမြောက်ပွဲတော်ကို ရှေးရခိုင်ဘုရင်မင်းမြတ်တွေလက်ထက်ကတည်းက ကျင်းပခဲ့တာဖြစ်တယ်လို့သိရပြီး ဒီနေ့မှာလည်း စစ်တွေဒေသခံတွေက ရိုးရာအမွေအနစ်ကို ထိန်းသိမ်းတဲ့အနေနဲ့ ပွဲတော်ကို ကျင်းပရတာလို့ ပြောဆိုကြပါတယ်။   #voiceofmyanmar #VOM #စစ်တွေ #သျှစ်သောင်းမြောက်ပွဲ #သဲပုံစေတီပွဲ

Read More

လှည်းစစ်တမ်း

ဆူးငှက် မန္တလေးက ဧရာဝတီမြစ်ကမ်းဘေးဆိုပေမယ့် တစ်လျှောက်လုံးကျွမ်းဝင်ခဲ့တာက လှည်းတွေပါပဲ။ လှည်းဆိုတာ ကျေးလက်မှာ သယ်ယူပို့ဆောင်ရေးအတွက် သာမက မိသားစု အဆောင်အယောင် အနေနဲ့လည်း အသုံးဝင်ပါတယ်။ အိမ်နဲ့ယာခင်း ကုန်စည်သယ်ပို့အပြင် တစ်ရွာနဲ့တစ်ရွာ အကူးအသန်းမှာလည်း ‘လှည်း’နဲ့ပါပဲ။ အဆောင်အယောင်ဆိုတာက ရွာဦးကျောင်း ဆရာတော် သာရေးနာရေး သွားလာတော့ ပန်းပုရုပ်လုံးလှည်းဦးကင်း၊ ရွှေပိန်းချလှည်းအိမ်၊ လှည်းယဉ်ကျော့နဲ့ လှပေ့ကြာ့ပေ့ ဆိုတဲ့ တစ်ရှဉ်းနဲ့ပါပဲ။ သာမန်ရွာသူရွာသားကတော့ ကုန်တင် လှည်းကြမ်းပေါ် စုပြုံတက်ပြီး ပျော်ပျော်ပါးပါးသွားလာကြတာပါ။ မြန်မာပြည်မှာက လှည်းကို ကျေးလက်မှာသာ သုံးကြတာမဟုတ်ပါဘူး။ မြို့ပြမှာလည်း သုံးကြပါသေးတယ်။ တစ်ချိန်က ဒုတိယမြို့တော်ဖြစ်ခဲ့တဲ့ မန္တလေးမှာ လှည်းတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးစု မတိုင်မီကလောက်ထိ တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ဝန်းကျင် ကျွန်တော်တို့ ငယ်ငယ်ကဆိုရင်ပဲ မန္တလေးရဲ့ ကုန်စည်ပို့ဆောင်ရေးတွေမှာလည်း အဓိကအသုံးပြုတဲ့ ယာဉ်ပါပဲ။ အနောက်မြစ်ဆိပ်က ကုန်တွေ ဈေးချိုလို၊…

Read More

ရွှေဘို – မြစ်ကြီးနား ကားလမ်းမှာ ခရီးသည်တင်ကား ၂ စီး မိုင်းစထိမှန် ပစ်ခတ်ခံရလို့ လူ ၁ ဦး သေဆုံး ၊ ၈ ဦး ဒဏ်ရာရ

မတ် ၊ ၁၆-၂၀၂၂ SP(VOM)   စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ၁၁ ပေါက်ကျေးရွာအနီး ၊ ရွှေဘို မြစ်ကြီးနားကားလမ်းမှာ မြစ်ကြီးနားကနေ ရွှေဘိုမြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ခရီးသည်တင် ကား ၂ စီးမှာ မိုင်းစထိမှန်ပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ကားပေါ်လိုက်ပါလာတဲ့ ခရီးသည် ၈ ဦး ဒဏ်ရာရရှိပြီး တစ်ဦး သေဆုံးခဲ့တယ်လို့ ရွှေဘို မြစ်ကြီးနား ကားသမားတွေဆီက သိရပါတယ်။   ​ဖြစ်စဉ်နေရာမှာ ရှိခဲ့တဲ့ ခရီးသည်တဦးက”ကျနော်တို့ ရှေ့ကကား ပစ်ခံရတာပါ၊ ကျနော်တို့လည်း ရင်တထိတ်ထိတ်လိုက်ခဲ့ရတာပါ၊ ယာဉ်အကူအမျိုးသမီးနဲ့ ယာဉ်မောင်းအမျိုးသား သေတယ်လို့ကြားတယ်၊ လေယာဉ်လက်မှတ်ကလည်း မလွယ်တော့ ကုန်းကြောင်းကသွားတဲ့အခါမှာ အခုလိုဖြစိနေတော့ ဘုရားတနေရတာပေါ့ဗျာ”လို့ ပြောပါတယ်။   ” လမ်းမှာ ကားတွေက မိုင်းမိတာပါ ၊ ပြီးမှ ပစ်ခတ်ခံရတာ…

Read More

ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး ဂျပန်ကြိုးစားအားထုတ်တော့မည်

တိုကျို၊ မတ်-၁၆-၂၀၂၂ မျိုးဆက်(VOM)   ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဂျပန်နိုင်ငံ အမြဲတမ်းအဖွဲ့၀င်နိုင်ငံဖြစ်လာရေးအပါအ၀င် ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးကို ကြိုးပမ်းသွားမယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး ဟာယာရှီယိုရှီမာဆာက မတ် ၁၅ ရက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုကို ဝေဖန်မှုနဲ့ ရုရှားတပ်ဖွဲ့၀င်တွေ ချက်ချက်ရုပ်သိမ်းရေးတောင်းဆို တဲ့ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို ဖေဖော်ဝါရီနှောင်းပိုင်းကကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ရုရှားက ဗီတိုအာဏာသုံးပယ်ချလိုက်တာကို ရည်ညွှန်းပြီး ဂျပန်နိုင်ငံခြားရေး၀န်ကြီးက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။   လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့၀င်နိုင်ငံဖြစ်တဲ့ ရုရှားအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ အထူးတာ၀န်ရှိတယ်လို့ သူကထောက်ပြပြောဆိုပါတယ်။   အဖွဲ့၀င်နိုင်ငံတွေရဲ့ ရှုပ်ထွေးတဲ့အကျိုးစီးပွားတွေရှိနေတာကြောင့် လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲဖို့ လွယ်ကူမှာတော့ မဟုတ်ကြောင်း၊ ဒါပေမယ့် ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲလိုတဲ့ အခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်းပြီး ရည်မှန်းချက်ကို ရောက်အောင် အစွမ်းကုန်ကြိုးစားမယ်လို့ ဟာယာရှီယိုရှီမာဆာက ပြောပါတယ်။  …

Read More

မြောက်ကိုရီးယားရဲ့ နောက်ဆုံးဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့မှု မအောင်မြင်

ဆိုးလ်၊ မတ်-၁၆-၂၀၂၂ မျိုးဆက်(VOM)   မြောက်ကိုရီးယားဟာ အမျိုးအမည်မသိ ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အဲဒီစမ်းသပ်မှုဟာ အောင်မြင်ဖွယ်မရှိဘူးလို့ တောင်ကိုရီးယားစစ်ဘက်က မတ် ၁၆ ရက်မှာပြောပါတယ်။   အဲဒီဒုံးကျည်ကို မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့ပြင် တနေရာကနေပစ်လွှတ်ခဲ့တာဖြစ်ပြီး ယခင်ကတိုက်ချင်းပစ်ဒုံးကျည်တွေလို့ အမေရိကန်ကစွပ်စွဲခဲ့တဲ့ စမ်းသပ်မှုအပါအ၀င် ဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်ခဲ့ရာသောနေရာဖြစ်ပါတယ်။   မကြာသေးမီ သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားဟာ သူ့ရဲ့လက်နက်စမ်းသပ်မှုကို အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ အခုလိုဒုံးကျည်စမ်းသပ်မှု ထပ်မံပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။   မြောက်ကိုရီးယားဟာ ဒီနေ့နံနက် ၉ နာရီ ၃၀ မိနစ်၀န်းကျင်မှာ ဆူနန်ဒေသကနေ အမျိုးအမည်မသိ ဒုံးပျံတစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့ပြီး ပစ်လွှတ်ပြီးများမကြာမီ စီစဉ်ထားတဲ့အတိုင်း အောင်မြင်ခဲ့ဖွယ်မရှိဘူးလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။   ယခုနှစ်အတွင်းမှာ မြောက်ကိုရီးယားဟာ လက်နက်စမ်းသပ်မှု ကိုးကြိမ်ပြုလုပ်ခဲ့ပြီး တိုက်ချင်းပစ်ဒုံးကျည် အပြည့်အ၀စမ်းသပ်ပစ်လွှတ်မှုမတိုင်မီ ဒုံးကျည်နည်းပညာသစ်ရဲ့ အစိတ်အပိုင်းတွေကို စမ်းသပ်ခဲ့ကြောင်း…

Read More

ကျင်စန်ကျော့-ဝမ်တိန်ဂိတ်က တရုတ်ဘက် တင်ပို့နေတဲ့ Exportကုန် ၇ မျိုးကို တင်ပို့ခွင့် ယာယီပိတ်ထား

မတ် ၁၆-၂၀၂၂ Shy V (VOM)   မြန်မာ – တရုတ် အဓိက ကုန်သွယ်ရာ ဂိတ် ၁ ခုဖြစ်တဲ့ ကျင်စန်းကျော့-ဝမ်တိန် (မန့်မန်း)ဂိတ်မှ တဆင့် တရုတ်နိုင်ငံကို တင်ပို့နေတဲ့ မြန်မာExportကုန် ၇ မျိုးကို တင်ပို့ခွင့် ယာယီရပ်နားထားမှာဖြစ်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။   “ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ရက်က ထုတ်ပြန်ချက် ထုတ်ထားတာပေါ့။ ကုန်စည် ၇ မျိုးပေါ့။ ဆန်၊ ဆန်ကွဲ ပါတယ်။ အေးခဲ လတ်ဆတ်ကုန်ပါတယ်။ အသားတို့ ဘာတို့လည်းပါတာပေါ့။” လို့ နယ်စပ်ကုန်သည် ၁ ဦးက VOM ကိုပြောပါတယ်။   ရွှေလီမြို့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး Task Force မှ ကုန်စည်တချို့ တင်သွင်းမှု ယာယီရပ်နားထားကြောင်း အသိပေးကြေညာချက်…

Read More

ရုရှားတပ်ဖွဲ့၀င်တွေ လက်နက်ချဖို့ ယူကရိန်းသမ္မတ တိုက်တွန်း

ကိယက်ဗ်၊ မတ်-၁၆-၂၀၂၂ မျိုးဆက်(VOM)   ယူကရိန်းမှာ တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ ရုရှားတပ်ဖွဲ့၀င်တွေအနေနဲ့ လက်နက်ချဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက မတ် ၁၅ ရက်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။   ရုရှားတပ်ဖွဲ့၀င်တွေအနေနဲ့ ချေချင်းညာပဋိပက္ခထက် ယူကရိန်းကို ကျူးကျော်မှုမှာ ပိုမိုထိခိုက်ဆုံးရှုံးနေတယ်လို့ သမ္မတ ဇီလန်စကီးက ညစဉ်ပြောတဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောဆိုပါတယ်။   စစ်ပွဲကြောင့် ဘာအောင်မြင်မှုမှမရဘူးဆိုတာ ရုရှားတွေနားလည်လာပြီလို့ သူကဆိုပါတယ်။ ရုရှားတပ်ဖွဲ့၀င်တွေအနေနဲ့ အသက်ရှင်သန်လိုတာကို သိရှိကြောင်း လက်နက်ချသူတွေကို လူပီသစွာ ဆက်ဆံသွားမယ်လို့ ဇီလန်စကီးကပြောပါတယ်။   ယူကရိန်းစစ်ပွဲဆန့်ကျင်ရေး ဆိုင်းဘုတ်ကိုင်ပြီး ရုရှားနိုင်ငံပိုင်သတင်းဌာနက တိုက်ရိုက်သတင်းတင်ဆက်စဉ်မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ Marina Ovsyannikova အတွက်ကိုလည်း ဂုဏ်ယူကြောင်း၊ အဲဒီလိုမျိုး အမှန်တရားကို ထုတ်ဖော်ဖို့ မရပ်မနားကြိုးစားနေတဲ့ ရုရှားနိုင်ငံသားတွေကို ကျေးဇူတင်တယ်လို့ ယူကရိန်းသမ္မတကပြောပါတယ်။   ရုရှားနဲ့ယူကရိန်းအကြား ပဋိပက္ခချုပ်ငြိမ်းရေး ဆွေးနွေးပွဲတွေကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ဆွေးနွေးမှုတွေဟာ…

Read More

ကလေးမြို့ အကျဥ်းထောင်တွင်း ပစ်ခတ်မှု ၇ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ

မတ် ၊ ၁၆-၂၀၂၂ SP(VOM)   စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ မော်လိုက်လေးကျေးရွာအနီး ၊ ကလေး-တမူး ကားလမ်းမှာရှိတဲ့ ကလေးအကျဥ်ထောင်မှာ မနေ့ မတ် ၁၅ ရက် ညနေပိုင်းက ထောင်တွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၇ ယောက်သေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အကျဥ်းဦးစီး အသိုင်းအဝိုင်းဆီက သိရပါတယ်။   အမည်မဖော်လိုတဲ့ ထောင်ဝန်ထမ်းတဦးက ” ထောင်ထဲက မင်းရုံးမှာ ထောင်ပိုင်ကြီး နဲ့ ထောင်မှူးကြီးအဖွဲ့ စကားပြောနေတဲ့အချိန်မှာ အိပ်ဆောင် ၅ က အချုပ်သား ၅၀ ကျော်လောက်က ရုတ်တရက် ဝင်ရောက်လာပြီး သူတို့ ထွက်ပြေး လွတ်မြောက်ဖို့အတွက် စကားပြောနေတဲ့ ထောင်ပိုင်ကြီးနဲ့ ထောင်မှူကြီးတို့အဖွဲ့ကို ဓားစာခံအဖြစ် အချုပ်သားတွေက ဝိုင်းဖမ်းတယ်၊ ဓားစာခံအဖြစ် အချုပ်သားတွေရဲ့ ဝိုင်းဝန်းဖမ်းဆီးခြင်းကိုခံရတာက…

Read More

ယူကရိန်းစစ်ပွဲ ၁၉ – ၂၀ ရက်မြောက်

– မြို့တော်ကီယက်ဗ်က လူနေတိုက်ခန်းတွေ နဲ့ မြေအောက်ဘူတာတစ်ခု ကို ရုရှားက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ သေဆုံးသူတွေရှိပေမယ့် ဘယ်နှစ်ဦးသေဆုံးတယ်ဆိုတာ မသိရသေးပါဘူး။ ကီယက်ဗ်မှာ နှစ်ရက် ညမထွက်ရ ကာဖြူးအမိန့် ( ညနေ၆နာရီ – နံနက်၅နာရီ) ထုတ်ထားပါတယ်။   – အင်္ဂါနေ့မှာ ကီယက်ဗ်က အရပ်သားတွေလိုက်ပါလာတဲ့ ကားအစီးရေ ၂၀၀၀ နီးပါး မြို့ကနေ ဘေးလွတ်ရာဆီကို ထွက်ခွာနိုင်ပါတယ်။   – ကီယက်ဗ် မြို့တော်ဝန်က ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များတဲ့ ကာလကိုဖြတ်သန်းနေကြ ရတယ်လို့ သတိပေးလိုက်ပါတယ်။   – ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်တွေအကြား အပစ်ရပ်ရေးကိုဆွေးနွေးပွဲ မနက်ဖြန်မှာ ဆက်ဆွေး‌နွေးမယ်လို့ သိရပါတယ်။   – ရုရှားက သိမ်းပိုက်ထားတဲ့ ကါဇွန်၊ မာလီတီပို၊ Berdyansk ဘာဒီယန်စခါ မြို့တွေမှာ ရုရှားဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပါတယ်။…

Read More

ရုရှားနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် များမကြာမီလက်မှတ်ထိုးနိုင်ကြောင်း ယူကရိန်းသမ္မတရဲ့ အကြံပေးပြော

ကိယက်ဗ်၊ မတ်-၁၅ မျိုးဆက်(VOM)   ရုရှားနဲ့ ယူကရိန်းတို့အကြား လာမယ့်သီတင်းပတ်တွေအတွင်း ငြိမ်းချမ်းရေးသဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ အကြံပေး တဦးဖြစ်သူ Alexey Arestovich က မတ် ၁၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   “ဖြစ်နိုင်တာကတော့ မေလမှာ ငြိမ်းချမ်းရေး သဘောတူညီချက် ရနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ မေလ အစောပိုင်းမှာ ဒါမှမဟုတ် စောနိုင်ပါသေးတယ်လို့ သူကဆိုပါတယ်။   အကောင်းဆုံး အခြေအနေတခုအနေနဲ့ ရုရှားတပ်တွေ ဆုတ်ခွာရေး သဘောတူညီချက်ကို တပတ်မှ နှစ်ပတ်အတွင်း ရရှိနိုင်တယ်လို့ Alexey Arestovich ကပြောပါတယ်။   မနေ့ကပြုလုပ်ခဲ့တဲ့ နှစ်ဘက်အကြား အွန်လိုင်းကတဆင့် စတုတ္ထအကြိမ် ဆွေးနွေးပွဲဟာ ပိုမိုအပြုသဘောဆောင်တယ်လို့ သူကဆိုပါတယ်။   ရုရှား-ယူကရိန်း ၁၉ ရက်ကြာ စစ်ပွဲအတွင်း ရုရှားစစ်လေယာဉ် အစင်း…

Read More
VOM News

FREE
VIEW