ရုရှားတပ်ဖွဲ့၀င်တွေ လက်နက်ချဖို့ ယူကရိန်းသမ္မတ တိုက်တွန်း

ကိယက်ဗ်၊ မတ်-၁၆-၂၀၂၂
မျိုးဆက်(VOM)
 
ယူကရိန်းမှာ တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ ရုရှားတပ်ဖွဲ့၀င်တွေအနေနဲ့ လက်နက်ချဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက မတ် ၁၅ ရက်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
 
ရုရှားတပ်ဖွဲ့၀င်တွေအနေနဲ့ ချေချင်းညာပဋိပက္ခထက် ယူကရိန်းကို ကျူးကျော်မှုမှာ ပိုမိုထိခိုက်ဆုံးရှုံးနေတယ်လို့ သမ္မတ ဇီလန်စကီးက ညစဉ်ပြောတဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောဆိုပါတယ်။
 
စစ်ပွဲကြောင့် ဘာအောင်မြင်မှုမှမရဘူးဆိုတာ ရုရှားတွေနားလည်လာပြီလို့ သူကဆိုပါတယ်။ ရုရှားတပ်ဖွဲ့၀င်တွေအနေနဲ့ အသက်ရှင်သန်လိုတာကို သိရှိကြောင်း လက်နက်ချသူတွေကို လူပီသစွာ ဆက်ဆံသွားမယ်လို့ ဇီလန်စကီးကပြောပါတယ်။
 
ယူကရိန်းစစ်ပွဲဆန့်ကျင်ရေး ဆိုင်းဘုတ်ကိုင်ပြီး ရုရှားနိုင်ငံပိုင်သတင်းဌာနက တိုက်ရိုက်သတင်းတင်ဆက်စဉ်မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ Marina Ovsyannikova အတွက်ကိုလည်း ဂုဏ်ယူကြောင်း၊ အဲဒီလိုမျိုး အမှန်တရားကို ထုတ်ဖော်ဖို့ မရပ်မနားကြိုးစားနေတဲ့ ရုရှားနိုင်ငံသားတွေကို ကျေးဇူတင်တယ်လို့ ယူကရိန်းသမ္မတကပြောပါတယ်။
 
ရုရှားနဲ့ယူကရိန်းအကြား ပဋိပက္ခချုပ်ငြိမ်းရေး ဆွေးနွေးပွဲတွေကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ဆွေးနွေးမှုတွေဟာ အခြေအနေကောင်းမွန်နေကြောင်း ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW