စစ်တွေကမ်းခြေမှာ သျှစ်သောင်းမြောက် (သဲပုံစေတီ)ပွဲ ကျင်းပ

မတ် ၁၆- ၂၀၂၂
SW (VOM)
 
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပွိုင့်ကမ်းခြေမှာ ရခိုင်ရိုးရာ သျှစ်သောင်းမြောက်ပွဲ (ခေါ်) သဲပုံစေတီပွဲကို ဒီကနေ့ မတ်လ ၁၆ ရက် နေ့လယ်ပိုင်းကနေ ညပိုင်းအချိန်ထိ လူအမြောက်အမြားနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။
 
အဲဒီ သျှစ်သောင်းမြောက်ပွဲတော်ကို သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ရခိုင်မင်္ဂလာစည်တော်ကိုတီးပြီးတော့ ပင်လယ်ကမ်းခြေကသဲတွေနဲ့ ဘုရား၊ ပုထိုးပုံတွေ၊ ရခိုင်တို့ရဲ့ တန်ဖိုးထားရတဲ့အရာတွေကို ပုံဖော်ပြုလုပ်ကြတဲ့ပွဲတော်ဖြစ်ပါတယ်။
 
ဒီနေ့ကျင်းပတဲ့ပွဲတော်ကို လူပေါင်း ထောင်နဲ့ချီ ပါဝင်ဆင်နွှဲခဲ့ကြပြီး စစ်တွေဟိုတယ်အဝင်လမ်းနဲ့ ကမ်းနားလမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့တာတွေအထိ ဖြစ်ခဲ့ပါတယ်။
 
သျှစ်သောင်းမြောက်ပွဲတော်ကို ရှေးရခိုင်ဘုရင်မင်းမြတ်တွေလက်ထက်ကတည်းက ကျင်းပခဲ့တာဖြစ်တယ်လို့သိရပြီး ဒီနေ့မှာလည်း စစ်တွေဒေသခံတွေက ရိုးရာအမွေအနစ်ကို ထိန်းသိမ်းတဲ့အနေနဲ့ ပွဲတော်ကို ကျင်းပရတာလို့ ပြောဆိုကြပါတယ်။
 
#voiceofmyanmar #VOM #စစ်တွေ #သျှစ်သောင်းမြောက်ပွဲ #သဲပုံစေတီပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW