မြောက်ကိုရီးယားရဲ့ နောက်ဆုံးဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့မှု မအောင်မြင်

ဆိုးလ်၊ မတ်-၁၆-၂၀၂၂
မျိုးဆက်(VOM)
 
မြောက်ကိုရီးယားဟာ အမျိုးအမည်မသိ ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အဲဒီစမ်းသပ်မှုဟာ အောင်မြင်ဖွယ်မရှိဘူးလို့ တောင်ကိုရီးယားစစ်ဘက်က မတ် ၁၆ ရက်မှာပြောပါတယ်။
 
အဲဒီဒုံးကျည်ကို မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့ပြင် တနေရာကနေပစ်လွှတ်ခဲ့တာဖြစ်ပြီး ယခင်ကတိုက်ချင်းပစ်ဒုံးကျည်တွေလို့ အမေရိကန်ကစွပ်စွဲခဲ့တဲ့ စမ်းသပ်မှုအပါအ၀င် ဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်ခဲ့ရာသောနေရာဖြစ်ပါတယ်။
 
မကြာသေးမီ သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားဟာ သူ့ရဲ့လက်နက်စမ်းသပ်မှုကို အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ အခုလိုဒုံးကျည်စမ်းသပ်မှု ထပ်မံပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
 
မြောက်ကိုရီးယားဟာ ဒီနေ့နံနက် ၉ နာရီ ၃၀ မိနစ်၀န်းကျင်မှာ ဆူနန်ဒေသကနေ အမျိုးအမည်မသိ ဒုံးပျံတစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့ပြီး ပစ်လွှတ်ပြီးများမကြာမီ စီစဉ်ထားတဲ့အတိုင်း အောင်မြင်ခဲ့ဖွယ်မရှိဘူးလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
ယခုနှစ်အတွင်းမှာ မြောက်ကိုရီးယားဟာ လက်နက်စမ်းသပ်မှု ကိုးကြိမ်ပြုလုပ်ခဲ့ပြီး တိုက်ချင်းပစ်ဒုံးကျည် အပြည့်အ၀စမ်းသပ်ပစ်လွှတ်မှုမတိုင်မီ ဒုံးကျည်နည်းပညာသစ်ရဲ့ အစိတ်အပိုင်းတွေကို စမ်းသပ်ခဲ့ကြောင်း အမေရိကန်က အခိုင်အမာပြောဆိုထားပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဆိုးလ

Related posts

Leave a Comment

VOM News

FREE
VIEW