ထိုင်းရွေးကောက်ပွဲ မတ် ၂၄ ရက်မှာကျင်းပဖို့ ကြေညာ၊ လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ၀င်ရောက်ယှဉ်ပြိုင်မည်

ဘန်ကောက်၊ ဇန်န်ဝါရီ-၂၄-၂၀၁၉
မျိုးဆက် (VOM)
ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်က စစ်တပ်ကအာဏာသိမ်းပြီး ငါးနှစ်ကြာပြီးနောက် အများမျှော်လင့်နေတဲ့ ပထမဆုံးအကြိမ်ရွေးကောက်ပွဲကို ကျင်းပတော့မှာဖြစ်တယ်လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ဇန်န၀ါရီ ၂၃ ရက်က ကြေညာပါတယ်။
ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းက ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ဇန်န၀ါရီ ၂၃ ရက်က တော်ဝင်အမိန့်ထုတ်ပြန်ပြီးနောက် မတ်လ ၂၄ ရက်မှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်တယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
ဇန်န၀ါရီ ၂၃ ရက်နေ့လည်ပိုင်းတွင် ရွေးကောက်ပွဲကော်မရှင်အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရွေးချယ်ဖို့အတွက် အထွေထွေရွေးကောက်ပွဲကို မတ် ၂၄ ရက်မှာကျင်းပဖို့ သဘောတူခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ကပြောပါတယ်။
၂၀၁၄ ခုနှစ် မေလ ၂၂ ရက်တွင် အာဏာသိမ်းပြီးနောက် စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ်ချန်အိုချာက ထိုင်းနိုင်ငံမှာ လက်ရှိအုပ်ချုပ်နေတာဖြစ်ပါတယ်။ ၎င်းအနေဖြင့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမှန်တကယ်ကြိုးစားပြီး နိုင်ငံကိုအကောင်းဆုံး ပြောင်းလဲဖို့ ဆုံးဖြတ်ထားတဲ့ ပါတီတစ်ခုနဲ့ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။
ရွးကောက်ပွဲမှာ စစ်တပ်လိုလားတဲ့ ပါတီက အနိုင်မရရှိရင်တောင် ထိုင်းစစ်တပ်အနေဖြင့် အာဏာဆက်လက်ကိုင်စွဲထားနိုင်တယ်လို့ စီအင်န်အင်န်သတင်းဌာနကဖော်ပြပါတယ်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ထိုင်းစစ်တပ်ဟာ ၀န်ကြီးချုပ်တစ်ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် သုံးပုံတစ်ပုံကို ခန့်အပ်နိုင်တဲ့ လုပ်ပိုင်ခွင့်ကို ပေးအပ်ထားတယ်လို့ စီအင်န်အင်န်က ဖော်ပြပါတယ်။
Ref : UPI Photo : AFP
#voiceofmyanmar#ထိုင်းရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW