တရုတ်ရဲ့ စစ်ရေးဖိအား တိုးလာချိန်မှာ ထိုင်ဝမ်က ဒုံးကျည်တွေနဲ့ စစ်ရေးလေ့ကျင့်

တိုင်ပေ၊ မေ ၂၈-၂၀၂၂
မျိုးဆက်(VOM)

ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်နေတဲ့ ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ဘက်ရေပြင်မှာ ဒုံးကျည် တွေနဲ့ စစ် ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်တောင်ပိုင်း Pingtung ခရိုင်ရှိ ဒုံးကျည်စခန်းတစ်ခုနှင့် ထိုင်ဝမ်အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာတို့မှာ ရက်အတန်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ်ရေတပ်က ထုတ်ပြန်ပါတယ်။

ဒုံးကျည်တွေကို မြေပြင်၊ သင်္ဘောနဲ့ လေယာဉ် တွေက နေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်မှတ်တွေကို ၉၈ ရာခိုင်နှုန်း အတိအကျထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်မှ ထုတ်လုပ်ထားတဲ့ Hsiung Feng II သင်္ဘောဖျက်ဒုံးကျည် ပစ်ခတ်လေ့ကျင့်မှုကို ကင်းလှည့်ရေယာဉ်အသစ်နဲ့ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြောင်းလည်း ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်လေယာဉ်တင်သင်္ဘော Liaoning ဟာ ယခုလအတွင်း ထိုင်ဝမ်အရှေ့ဘက်ကမ်းလွန်မှာ လေယာဥ် တေနဲ့အတူွတပ်ဖြန့်ချထားခဲ့ပါတယ်။

Ref: NHK
Photo:AP

#voiceofmyanmar #VOM #တရုတ် #ထိုင်ဝမ် #နိုင်ငံတကာသတင်း

Related posts

✕
VOM News

FREE
VIEW