နောင်ချိုပညာရေးမှူးရုံး ဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရတဲ့ မူလတန်းကျောင်းအုပ်ဆရာမကြီး သေဆုံး

မေ ၃၁-၂၀၂၂ GG(VOM) ဒီနေ့ မေလ ၃၁ ရက် နေ့လယ်ပိုင်းက ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ပညာရေးမှူးရုံးအတွင်းဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရရှိသူ ဆရာ၊ဆရာမ ၈ ဦးထဲက မူလတန်းကျောင်းအုပ်ဆရာမကြီးတဦး ဗုံးထိဒဏ်ရာနဲ့သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွာယတဲ့ ကျောင်းအုပ်ဆရာမကြီးဟာ မျက်ချင်းနုရွာ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်စောခင်ခင်ချို အသက် ၅၄ နှစ် ဖြစ်ပြီး ဗုံးပေါက်ကွဲဒဏ်ရာတွေကြောင့် ပြင်ဦးလွင်တပ်မတော်ဆေးရုံကို ပို့ဆောင်ကုသစဉ် ရရှိထားတဲ့ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ” ပထမ သိရတာ ၅ ယောက်ပေါ့။ အခုမှ ထပ်ပြီးသိရတာ ၈ ယောက်ထိတာ။ ကျောင်းအုပ်ဆရာမကြီးတယောက်ကတော့ ဆုံးသွားပြီ၊ရုံးခန်းတခုလုံးလည်း ရစရာမရှိအောင်ပျက်စီးပါတယ်။ ချိန်ကိုက်မိုင်းထောင်ပြီးလုပ်တာလို့ သိရတယ် ၊ ကျောင်းတွေဖွင့်တော့မှာဆိုတော့ အစည်းအဝေးလုပ်ကြတာ၊အစည်းဝေးပြီးချိန်ပေါက်လို့ ထိခိုက်မှုနည်းတယ် ပြောလို့ရတယ် ” လို့ ဒေသခံတဦးကပြောပါတယ်။ နောင်ချိုမြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှာ လစဉ်ပုံမှန်အစည်းအဝေးနဲ့ ကျောင်းတွေပြန်ဖွင့်ရေးအစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် အစည်းအဝေးခန်းမမှာ…

Read More

သရက်မှာ ပစ်ခတ်ပေါက်ကွဲမှုတွေဖြစ်လို့ အုပ်ချုပ်ရေးမှူး နဲ့ ရဲ ၂ယောက်သေဆုံး

မေ ၃၁-၂၀၂၂ GG(VOM) မကွေးတိုင်း ၊ သရက်ခရိုင်မှာ ပစ်ခတ်ပေါက်ကွဲမှုတွေဖြစ်လို့ ရဲ ၂ ယောက်နဲ့ ရပ်ကျေးအုပ်ရေးမှူး သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မေလ ၃၁ ရက်နေ့ မနက် ၆ နာရီကျော်လောက်မှာ သရက်မြို့ပေါ်ကို အစည်းအဝေးသွားတဲ့ တွင်းလယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်း ဆိုသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ် ။ ” ကံမ နဲ့ သရက်မှာဖြစ်တာ။ သရက်က အုပ်ချုပ်ရေးမှူးက ပစ်သတ်ခံရတာ။ကံမမှာက အရင်ဆုံး အသံဗုံးပေါက်တယ်။အဲ့ဒါကိုလာစစ်တဲ့ စစ်တပ်နဲ့ရဲတွေတိုက်ခိုက်ခံရတာလို့သိရတယ်၊သေတာလည်းကြားတယ်၊ဒဏ်ရာရသူလည်းရှိတယ်သိရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။ ကံမမြို့က ရဲ ၂ ယောက်သေဆုံးမှုတော့ မေလ ၃၀ ရက်နေ့ ညပိုင်း ၁၁ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ပထမဆုံး အသံဗုံးပေါက်ပြီးချိန် လာရောက်စစ်ဆေးတဲ့ စစ်သားနဲ့ရဲတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့သလို အဝေးထိန်းဗုံးနဲ့ပါ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်…

Read More

ရန်ကုန်မြို့ ဘားလမ်းမှတ်တိုင်မှာ ဗုံးပေါက်ကွဲပြီး (၁)ဦးသေ၊ (၉)ဦးဒဏ်ရာရ

မေ ၃၁-၂၀၂၂ KK(VOM) ရန်ကုန်မြို့လည်ခေါင်ရှိ ဘားလမ်းမှတ်တိုင်မှာ ဒီကနေ့ ညနေသုံးနာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ (၁)ဦးသေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ကျောက်တံတားမြို့နယ်၊ ၃ ရပ်ကွက်၊ ၃၅ လမ်းအနီးက ဘားလမ်းမှတ်တိုင်မှာ ဒီကနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်၊ အသံတော့ကြားတယ် အကျယ်ကြီးပဲ ဘားလမ်းမှာ ဗုံးပေါက်တယ်ဆိုတာ နောက်မှသိတာ ကျနော်သွားကြည့်တာတော့ (၄)ဦး သွေးတွေနဲ့လဲနေတာတွေ့တယ်”လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ ဘားလမ်းကားမှတ်တိုင်ဗုံးပေါက်ကွဲမှာ (၁၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ပေးချိန် တဦးမှာ သေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ “သူတို့အခြေအနေကိုကြည့်နေတယ်၊ စိုးရိမ်ရတဲ့အနေ အထားရှိရင် စစ်ဆေးရုံကို ပို့မှာပါ”လို့ သူကပြောပါတ ယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို ပရဟိတအသင်းက လူနာတင်ယာဥ်တွေ၊ စစ်တပ်နဲ့ရဲတွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သူကပြောပါတယ်။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေက ဆူးလေအနီးတဝိုက်မှာ ကားတွေကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီကနေ့မနက်ပိုင်းကလည်း အင်းစိန်မြို့နယ်၊…

Read More

နေပြည်တော်မှာတောင် ဆီပြတ်နေ

မေ ၃၁-၂၀၂၂ KT(VOM) နေပြည်တော်က ဆီပန့်အချို့‌မှာ လက်ကျန်ဆီလျော့နည်းနေတာကြောင့် စက်သုံးဆီအမျိုးအစားအချို့ လတ်တလောမှာ မရရှိနိုင်သေးဘူးလို့ ဆီထည့်ပြီးပြန်လာသူတွေဆီက သိရပါတယ်။ ဆီဆိုင်တွေမှာလည်း မီးနီပြထားတဲ့ ဆီဈေးနူန်းထဲက ဆီတွေသာ လက်ကျန်ရှိတော့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဆီထည့်ပြီး ပြန်လာသူတဦးက “ဆီပန့်တိုင်း မရတာတော့မဟုတ်ပါဖူး ရတဲ့ဆိုင်တော့ ထည့်လို့ရပါတယ်၊တချို့ဆိုင်က 92မရဖူး 95ရတယ်၊တချို့ဆိုင်က 95မရဖူး 92ရတယ်၊အနီးနားဆီပန့်တွေက မရတော့ ၃ဆိုင်လောက်တော့ ပတ်လိုက်ရတယ်၊ဆီပြတ်တယ်ဆိုပြီး သတင်းတွေထွက်တော့ ကြောက်လန့်ပြီး တန်းစီထည့်နေရတယ်”လို့ ပြောပါတယ်။ မနေ့ မေလ ၃၀ရက်နေ့အထိ 92 တလီကို 2265ကျပ်၊ 95 တလီတာကို 2385ကျပ်၊ Diesel တလီတာ 2370ကျပ်၊ P Diesel တလီတာ2400 ကျပ်တို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း MPTA ကတော့ ပြည်တွင်းမှာ Ron 92/Ron 95 တွေကို…

Read More

ရခိုင်နဲ့ ချင်းမှာ တစ်လအတွင်း မိုင်းဒဏ်ကြောင့် သေဆုံး၊ဒဏ်ရာရသူ ၄ ဦးထိရှိ

မေ ၃၁-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့မှာ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အခု မေလအတွင်း သေဆုံးသူ (၃) ဦးနဲ့ ဒဏ်ရာရသူ (၁) ဦးတို့ ရှိကြောင်းသိရပါတယ်။ မိုင်းကြောင့် သေဆုံးသူ (၃) ဦးဟာ ရခိုင်ပြည်နယ်က ဖြစ်ပြီး ကျန်ဒဏ်ရာရရှိသူ တဦးမှာ ပလက်ဝမြို့နယ်က ဖြစ်ပါတယ်။ ဒီကနေ့ မေလ ၃၁ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်ဝကျေးရွာမှာ အသက် (၇၅) နှစ်အရွယ် အဘွားအိုတဦး ရွာအနီးက တောင်ပေါ်ကို ဟင်းရှာသွားချိန် မိုင်းပေါက်ကွဲပြီး သေဆုံးခဲ့ပါတယ်။ အဲဒီ အဘွားအမည်ဟာ ဒေါ်မတင်သိန်းဖြစ်ပြီး မိုင်းပေါက်နင်းမိရာမှာ ခြေထောက်နှစ်ဖက်လုံးပြတ်ထွက်သွားတာကြောင့် ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံပို့ဆောင်စဉ် စက်လှေပေါ်မှာပဲ သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရုပ်သားကျေးရွာမှ ဒေါ်မတင်သိန်းရဲ့ ဆွေးမျိုးတော်စပ်သူတဦးက “အဘွားက…

Read More

ရုရှားနိုင်ငံထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေ ယူကရိန်းကို မထောက်ပံ့ဘူးလို့ အမေရိကန်သမ္မတ ပြော

ဝါရှင်တန်၊ မေ-၃၁-၂၀၂၂ မျိုးဆက်(VOM) ရုရှားနိုင်ငံထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို ယူကရိန်းကို ထောက်ပံ့မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တာဝေးပစ်ဒုံးပျံစနစ်တွေကို ယူကရိန်းကို ပေးပို့ထောက်ပံ့မှာလားလို့ သမ္မတဂျိုးဘိုင်ဒင်ကို သတင်းထောက်တယောက်က မေ ၃၀ ရက်မှာ မေးမြန်းမှုကို အခုလိုတုံ့ပြန်ဖြေကြားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားရဲ့ ပြင်းထန်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့အတွက် တာဝေးပစ်လက်နက်တွေ ထောက်ပံ့ပေးဖို့ ယူကရိန်းတာ၀န်ရှိသူတွေက တောင်းဆိုမှုပြုနေပါတယ်။ တောင်းဆိုနေတဲ့ လက်နက်တွေထဲမှာ ကီလိုမီတာ ၃၀၀ ထိပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေလည်း ပါ၀င်ပါတယ်။ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ အကြီးအကျယ်ပေးနေပါတယ်။ ဒါပေမယ့် ရုရှားကို အလွန်အကျွံရန်စလိုမျိုးကနေ ရှောင်ကြဉ်ဖို့ အမေရိကန်တာ၀န်ရှိသူတွေက သတိထား လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်။ လက်ရှိမှာတော့ ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းကို အကြီးအကျယ်ထိုးစစ်ဆင်နေပြီး ဖေဖော်ဝါရီလအတွင်းက ယူကရိန်းကိုမကျူးကျော်ခင် လွတ်လပ်ရေးကြေညာထားတဲ့ လူဟန့်စ်ဒေသတခုလုံးနီးပါးက သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ Ref:…

Read More

နောင်ချိုမြို့နယ် ပညာရေးမှူးရုံးထဲ ဗုံးပေါက်လို့ ပညာရေးဝန်ထမ်း ၅ ဦး ပြင်းထန်ဒဏ်ရာရ

မေ ၃၁-၂၀၂၂ GG(VOM) ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ပညာရေးမှူးရုံးအတွင်းမှာ ဒီနေ့မေလ ၃၁ ရက်နေ့ နေ့ယ် ၃ နာရီခန့်က ပညာရေးမှူးရုံးအခန်းထဲ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပညာရေးဝန်ထမ်း ၅ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့သလို ရုံးအဆောက်အဦးနဲ့ပစ္စည်းတွေလည်း ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ” မြို့နယ်ပညာရေးမှူးရုံးအတွင်း ဗုံးပေါက်တယ်၊ ပညာရေး၀န်ထမ်း ၅ ဦး ဒဏ်ရာရပါတယ်။ “လို့ နောင်ချိုဒေသခံတဦးကပြောပါတယ်။ လက်ရှိမှာ ပေါက်ကွဲမှုကြောင့်ဒဏ်ရာရသူတွေကို နောင်ချိုဆေးရုံမှာ ကုသမှုပေးနေကြောင်း နဲ့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ လတ်တလောပြောပြချက်တွေအရ သိရပါတယ်။ “မျက်စိရှေ့တင်ဖြစ်သွားတာ ၊ ပေါက်ကွဲသံအကျယ်ကြီးပဲ။ ပြီးတော့ ဒဏ်ရာရတဲ့သူတွေကို ခေါ်ထုတ်သွားကြတယ်။အဆောက်အဦးလည်း တော်တော်ပျက်စီးသွားတယ် “လို့ မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။ ​ပညာရေးမှူးရုံးပေါက်ကွဲမှုဖြစ်အပြီးမှာ စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး လမ်းပိတ်ဆို့စစ်ဆေးရှာဖွေတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ Photo- CJ #voiceofmyanmar #VOM #နောင်ချို #ပညာရေးမှူးရုံး #ပေါက်ကွဲမှု

Read More

အမှတ်-၂ ယောချောင်းတံတားမှာ မိုင်းပေါက်လို့ ဖြတ်သန်းခွင့် ယာယီပိတ်

မေ ၊ ၃၁-၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ အုန်းတောကျေးရွာနဲ့ ရေပြာကျေးရွာအကြား ၊ မုံရွာ – ပုသိမ်ကားလမ်းပေါ်က အမှတ် ၂ ယောချောင်းတံတားပေါ်မှာ မနေ့ မေ ၃၀ ရက် ညပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် အဲ့ဒီတံတားပေါ်ကနေ ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားတယ်လို့ အုန်းတောရွာခံတွေဆီက သိရပါတယ်။ ” မိုင်းကွဲတာက မနေ့ကည ၁၂ နာရီဝန်းကျင်မှာဖြစ်တယ် ၊ တံတားရဲ့ ညာဘက်ခြမ်း ပေါက်ထွက်ပျက်စီးသွားတယ် ၊ ဒီမနက်အထိ ကားလေးတွေ သွားလာနေပေမယ့် ဆောက်လုပ်ရေးဌာနက အခုနေ့ခင်းပိုင်းမှာ လာကြည့်ပြီးနောက်ပိုင်း တံတားကို ယာယီပိတ်လိုက်တာပါ “လို့ အုန်းတောရွာခံတယောက်က ပြောပါတယ်။ အမှတ် ၂ ယောချောင်းတံတားဟာ မြန်မာနိုင်ငံမှာ အရှည်ဆုံး တံတားကြီး ၂၃ စင်း အနက်…

Read More

ထိုင်၀မ် လေပိုင်နက်ထဲကို တရုတ်စစ်လေယာဉ် အစင်း ၃၀ ၀င်ရောက်

တိုင်ပေ၊ မေ-၃၁-၂၀၂၂ မျိုးဆက်(VOM) ထိုင်၀မ် လေကြောင်းကာကွယ်ရေးဇုန်အတွင်းကို တရုတ်စစ်လေယာဉ်အစင်း ၃၀ ၀င်ရောက်လာတာကြောင့် တိုက်လေယာဉ်တွေ ဖြန့်ကြက်ခဲ့ရကြောင်း ထိုင်၀မ်စစ်ဘက်က ထုတ်ပြန်ပါတယ်။ ထိုင်၀မ် လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ်တွေ မေ ၃၀ ရက်မှာ ၀င်ရောက်တဲ့ဖြစ်စဉ်ဟာ ဇန်နဝါရီလနောက်ပိုင်း လေယာဉ်အများအပြား ၀င်ရောက်မှုလည်းဖြစ်ပါတယ်။ လေယာဉ်တွေဟာ ထိုင်၀မ်လေကြောင်းရန် ကာကွယ်ရေးဇုန်ရဲ့ တစ်စိတ်တစ်ပိုင်ဖြစ်တဲ့ ပရာတက်စ်ကျွန်းစုရဲ့ အရှေ့မြောက်ဧရိယာအတွင်း ပျံသန်းသွားကြောင်း ထိုင်၀မ် ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တိုင်ပေကို ကျူးကျော်ခြင်းမပြုဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က သူ့ရဲ့ အာရှခရီးစဉ်အတွင်း တရုတ်ကိုသတိပေးခဲ့ပြီး အမေရိကန်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးကလည်း တိုင်ပေသို့သွားကာ တာ၀န်ရှိသူတွေနဲ့ လုံခြုံရေးဆိုင်ရာတွေဆွေးနွေးခဲ့ပါတယ်။ ထိုင်၀မ်ကို ခွဲထွက်ပြည်နယ်တခုအဖြစ် တရုတ်နိုင်ငံက ရှုမြင်ထားပြီး ပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် လိုအပ်ရင် အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံဟာ မကြာသေးမီလတွေအတွင်း လေကြောင်းဆိုင်ရာ လှုပ်ရှားမှုတွေကို တိုးမြှင့်ခဲ့ပြီး ဒါဟာ လေ့ကျင့်ရေးပြုလုပ်ခြင်းသာဖြစ်တယ်လို့ အခိုင်အမာပြောဆိုထားပေမယ့် ဒီလုပ်ရပ်တွေကြောင့် ဒေသတွင်းမှာ…

Read More

ဆွာချောင်းမှာ ရေနစ်ပျောက်ဆုံးနေတဲ့ ကလေး ၃ ဦးထဲက ၂ ဦးကို သေဆုံးလျက်ပြန်တွေ့၊ ကျန် ၁ ဦးကိုရှာဖွေနေရ

မေ ၊ ၃၁-၂၀၂၂ SP( VOM) ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ အေးသာယာကျေးရွာ၊ ဆွာချောင်းထဲမှာ မနေ့ မေ ၃၀ ရက် နေ့လယ်ပိုင်းက ရေနစ်ပျောက်ဆုံးနေတဲ့ ကလေးငယ် ၃ ဦးထဲက ၂ ဦးကို ဒီကနေ့မနက်ပိုင်းက သေဆုံးလျက်ပြန်တွေ့ရပြီး ၊ ကျန် ၁ ဦးကို ဆက်လက်ရှာဖွေနေရတယ်လို့ နယ်ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဒီမနက်ပိုင်းမှာ မောင်သီဟထွန်းနဲ့ မသဲစုလှိုင် တို့ ၂ ယောက်ကို သေဆုံးလျက်ပြန်တွေ့ရတယ် ၊ ကျန်နေသေးတဲ့ မဆောင်းသီရိမွန် ကိုတော့ ဆက်လက်ရှာနေကြတုန်း ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ ရေနစ်ပျောက်ဆုံးတဲ့ ကလေး ၃ ယောက်ဟာ ရထားလမ်းအောက်က ဆွာချောင်းထဲကို နွားရေတိုက်နေတဲ့အချိန် မီးရထားလာတာကြောင့် နွားတွေကလှန့်ပြီး ရေထဲကိုခုန်ချတဲ့အခါ နွားနဖားကြိုးကိုင်ထားတဲ့…

Read More
VOM News

FREE
VIEW