ရန်ကုန်မြို့ ဘားလမ်းမှတ်တိုင်မှာ ဗုံးပေါက်ကွဲပြီး (၁)ဦးသေ၊ (၉)ဦးဒဏ်ရာရ

မေ ၃၁-၂၀၂၂
KK(VOM)

ရန်ကုန်မြို့လည်ခေါင်ရှိ ဘားလမ်းမှတ်တိုင်မှာ ဒီကနေ့ ညနေသုံးနာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ (၁)ဦးသေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကျောက်တံတားမြို့နယ်၊ ၃ ရပ်ကွက်၊ ၃၅ လမ်းအနီးက ဘားလမ်းမှတ်တိုင်မှာ ဒီကနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်၊ အသံတော့ကြားတယ် အကျယ်ကြီးပဲ ဘားလမ်းမှာ ဗုံးပေါက်တယ်ဆိုတာ နောက်မှသိတာ ကျနော်သွားကြည့်တာတော့ (၄)ဦး သွေးတွေနဲ့လဲနေတာတွေ့တယ်”လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

ဘားလမ်းကားမှတ်တိုင်ဗုံးပေါက်ကွဲမှာ (၁၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ပေးချိန် တဦးမှာ သေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သူတို့အခြေအနေကိုကြည့်နေတယ်၊ စိုးရိမ်ရတဲ့အနေ
အထားရှိရင် စစ်ဆေးရုံကို ပို့မှာပါ”လို့ သူကပြောပါတ
ယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို ပရဟိတအသင်းက လူနာတင်ယာဥ်တွေ၊ စစ်တပ်နဲ့ရဲတွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သူကပြောပါတယ်။

လက်တလောမှာ စစ်တပ်နဲ့ရဲတွေက ဆူးလေအနီးတဝိုက်မှာ ကားတွေကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီကနေ့မနက်ပိုင်းကလည်း အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက်၊ ချမ်းမြသာယာလမ်းက နေအိမ်တစ်အိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူတဦးဖမ်းဆီးခံခဲ့ရပါသေးတယ်။

ဒါ့အပြင် မနေ့ မေ ၃၀ရက်ကလည်း မြောက်ဒဂုံမြိုနယ် ၊ ၅၀ ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းနဲ့ ခတ္တာမြိုင်လမ်းထောင့်က YBS-12 ဂိတ်ရှိ YBSကားတစ်စီးပေါ်မှာမပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးသုံးလုံးကိုတွေ့ရှိခဲ့တဲ့ဖြ
စ်စဥ်လည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ပေါက်ကွဲမှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW