တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေ ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်မယ်

မေ ၂၈-၂၀၂၂ VOM (GG) ပြီးခဲ့တဲ့ ၂ဝ၂၁-၂ဝ၂၂ ခုနှစ် က ဖြေဆိုထားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန် ကြေငြာမှာဖြစ်တယ်လို့ သိရပါတယ်။ ဆယ်တန်းအောင် စာရင်းတွေကို သက်ဆိုင်ရာကျောင်းတွေမှာ ကြေညာထားမယ့်အပြင် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနရဲ့ ဝက်ဆိုဒ်ဖြစ်တဲ့ https://www.myanmarexam.org/index.html မှာဝင်ရောက်ကြည့်ရှူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ” ရှေ့လ ၁၂ ရက်နေ့ မှာအောင်စာရင်းတွေထုတ်ပြန်ပေးမယ်လို့သိရတယ်။ အောင်ချက်ကောင်းတယ်လို့တော့ကြားနေရတယ်ဆိုပေမယ့် တကယ့်စာရင်းထွက်လာမှပဲ သေချာသိရမှာပါ။ မနှစ်ကတော့ကျောင်းတက်သူက ရာနူန်းပြည့်တော့မရှိခဲ့ဘူး ” လို့ အထက်တန်းပြဆရာမတစ်ဦးက ပြောပါတယ်။ ၂ဝ၂၁-၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာမေးပွဲလာရောက်ဖြေဆိုဖို့ စာရင်းပေးတာက ၃၁၂၄၂၄ ဦးရှိပြီး အမှန်တကယ်လာရောက် ဖြေဆိုခဲ့တဲ့ကျောင်းသားကျောင်းသူ ဦးရေက ၂၈၁၇၄၁ ဦးရှိသာရှိခဲ့တယ်လို့ သိရပါတယ် ။ စာမေးပွဲ ပထမရက်ဖြစ်တဲ့ မြန်မာဘာသာဖေဆိုသူ ၂၈၁၇၄၁ ဦး၊ အင်္ဂလိပ်ဘာသာဖေဆိုသူ…

Read More

ရွှေပြည်သာမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရ တစ်ဦးသေ နှစ်ဦး ဒဏ်ရာရ

ရန်ကုန်၊မေ ၂၈၊၂၀၂၂ KK(VOM) ရွှေပြည်သာမြို့နယ် ၁၄ ရပ်ကွက်၊ ဗန္ဓုလလမ်းနဲ့ ဧည့်မထလမ်းထောင့်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲ သေနတ်ကိုင်ဆောင်ထားသူတွေက ဝင်ရောက်ပစ်ခဲ့ရာ အုပ်ချုပ်ရေးမှုး ဦးဝင်းအောင်သေဆုံးပြီး ဆယ်အိမ်မှုးတစ်ဦးနဲ့ ရာအိမ်မှုးတစ်ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီကသိရပါတယ်။ ၁၄ ရပ်ကွက်နေသူတဦး VOM ကို ပြောပြတာကတော့ “အကုန်လုံးက ရုံးရှေမှာထိုင်နေတာ Maskတပ်ထားတဲ့ လူလေးယောက်ဝင်လာပြီး ပစ်တာ အုပ်ကြီးသေတယ် ဆယ်အိမ်မှုးတဦးက စိုးရိမ်ရတယ် ရာအိမ်မှုးတဦးက မစိုးရိမ်ရဘူး”လို့ ပြောပါတယ်။ ပစ်ခတ်မှုဖြစ်စဥ်မှာမှန်ကန်ပြီး အုပ်ချုပ်ရေးမှုးဦးဝင်းအောင်မှာ ကျည်ထိမှန်ဒဏ်ရာသုံးချက်နဲ့သေဆုံးကာ ဆယ်အိမ်မှုး ဦးဦးသန်းထွန်းမှာ ရင်ဘတ်ကျည်ထိဒဏ်ရာရရှိကာ စိုးရိမ်ရပြီး ရာအိမ်မှူးဦးဝင်းညွန့်ကတော့ ခြေထောက်ကျည်ထိဒဏ်ရာသာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက VOM ကို ပြောပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေရာကနေ ကျည်ခွံ ၁၅ တောင့်တွေ့ရှိပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ထားတယ်လို့လည်း ပြောပါတယ်။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေက ရွှေပြည်သာမြို့နယ်က လမ်းဆုံလမ်းခွတွေမှာ…

Read More

ရေစကြိုမြို့နယ် ဇယမရွာမှာ ၂ လောင်းပြိုင် အပါအဝင် ၁ ရက်ထဲ လူသတ်မှု ၂ ကြိမ်ဖြစ်

မေ ၊ ၂၈ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ဇယမ(ကျွန်းလှယဉ်)ကျေးရွာမှာ မေ ၂၇ ရက် ၊ မနေ့က ၁ ရက်တည်းမှာ လူသတ်မှု ၂ ကြိမ် ဆက်တိုက် ဖြစ်ခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၅ နာရီခွဲဝန်းကျင်မှာ သာဿနာ့ဇောတိက ဘုန်းကြီးကျောင်းက ဆရာတော် ပစ်သတ်ခံရတယ် ၊ အဲ့ဒီဖြစ်စဥ်နဲ့ နာရီဝက်လောက်ခြားပြီး ၆ နာရီဝန်းကျင်မှာ နောက် ၁ ကြိမ် လူသတ်မှုထပ်ဖြစ်တယ် ၊ ၂ လောင်းပြိုင် လူသတ်မှုပါ ” လို့ သွားရောက်ကူညီပေးခဲ့ရတဲ့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။ အဲ့ဒီ လူသတ်မှု ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး…

Read More

တရုတ်ရဲ့ စစ်ရေးဖိအား တိုးလာချိန်မှာ ထိုင်ဝမ်က ဒုံးကျည်တွေနဲ့ စစ်ရေးလေ့ကျင့်

တိုင်ပေ၊ မေ ၂၈-၂၀၂၂ မျိုးဆက်(VOM) ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်နေတဲ့ ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ဘက်ရေပြင်မှာ ဒုံးကျည် တွေနဲ့ စစ် ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်တောင်ပိုင်း Pingtung ခရိုင်ရှိ ဒုံးကျည်စခန်းတစ်ခုနှင့် ထိုင်ဝမ်အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာတို့မှာ ရက်အတန်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ်ရေတပ်က ထုတ်ပြန်ပါတယ်။ ဒုံးကျည်တွေကို မြေပြင်၊ သင်္ဘောနဲ့ လေယာဉ် တွေက နေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်မှတ်တွေကို ၉၈ ရာခိုင်နှုန်း အတိအကျထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်မှ ထုတ်လုပ်ထားတဲ့ Hsiung Feng II သင်္ဘောဖျက်ဒုံးကျည် ပစ်ခတ်လေ့ကျင့်မှုကို ကင်းလှည့်ရေယာဉ်အသစ်နဲ့ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြောင်းလည်း ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်လေယာဉ်တင်သင်္ဘော Liaoning ဟာ ယခုလအတွင်း ထိုင်ဝမ်အရှေ့ဘက်ကမ်းလွန်မှာ လေယာဥ် တေနဲ့အတူွတပ်ဖြန့်ချထားခဲ့ပါတယ်။ Ref:…

Read More

ပဲခူးတိုင်းမှာ CMP လုပ်ငန်းလုပ်ဖို့ တရုတ်နဲ့ဂျပန်နိုင်ငံက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆.၁ သန်းရှိ

ပဲခူး မေ ၂၈ VOM (GG) ပဲခူးတိုင်းမှာ မေလအတွင်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆.၁ သန်း တိုးမြှင့်ဝင်ရောက်မှုရှိခဲ့တယ်လို့ တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီကသိရပါတယ်။ ရင်းနှီးမြှုပ်နှံခွင့်ရ ရှိတဲ့နိုင်ငံတွေကတော့ တရုတ်နိုင်ငံ အခြေစိုက် Weartec Seam Garment Manufacturing Co., Ltd နဲ့ ဂျပန်နိုင်ငံအခြေစိုက် Bago Sport Gloves Co., Ltd တို့ဖြစ်ပြီး CMP အထည်ချုပ်လုပ်ငန်းစက်ရုံအသစ်နဲ့ CMP လက်အိတ်အမျိုးမျိုး ထုတ်လုပ်တဲ့ စက်ရုံအသစ် ထပ်မံတိုးချဲ့ဖို့ အတွက် လာရောက်ရင်းနှီးမြှုပ်နှံတာဖြစ်ပါတယ်။ အဲ့ဒီစီမံကိန်းနှစ်ခုကနေ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ၁၄၅၀ ဦးကို ဖန်တီးပေးနိုင်မယ်လို့သိရပါတယ်။ “ရင်းနှီးမြှုပ်နှံသူတွေအတွက် လိုအပ်တဲ့ လမ်း၊ လျှပ်စစ်မီးနဲ့ ရေ ရဖို့ကို လုပ်ပေးရယ်၊ စက်ရုံ၊အလုပ်ရုံတွေ သတ်မှတ်ထားတဲ့ စက်မှုဇုန်တွေထဲမှာ လုပ်ကိုင်နိုင်ဖို့ကို စက်မှုဇုန်ကြီးကြပ်ရေးကော်မတီက…

Read More

အာဆီယံအထူးသံတမန် မြန်မာနိုင်ငံကို ဇွန်လအတွင်း ဒုတိယအကြိမ် လာရောက်မယ်

ဖနွမ်းပင်၊ မေ ၂၈-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ လာမယ့် ဇွန်လမှာ မြန်မာနိုင်ငံကို ဒုတိယမြောက် ခရီးစဥ်အဖြစ် လာရောက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်မှာ အပြုသဘောဆောင်တဲ့ ရလဒ် တေွထွက်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်း မေလ ၂၇ ရက်မှာ Prak Sokhonn ကပြောပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဥ် အတွက် အချိန်ဇယားကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒုတိယအကြိမ် သွားရောက်တင်ပြချိန်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားအနေနဲ့ မြန်မာ့အရေး ရှုပ်ထွေးမှုကို အပြည့်အဝ အသိအမှတ်ပြုပြီး ဒီနှစ် အာဆီယံ ဥက္ကဋ္ဌအနေနဲ့ အစွမ်းကုန် ကြိုးပမ်းနေပြီး မိမိတို့ရဲ့ ပံ့ပိုးကူညီမှုက မြန်မာနိုင်ငံ အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေး ရရှိရေး အတွက် အနာဂတ်…

Read More

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ ထုတ်ပြန်ကြေညာချက် တရုတ်နဲ့ရုရှား ပိတ်ပင်ကန့်ကွက်

နယူးယောက်၊ မေ ၂၈-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ဆိုးရွားတဲ့လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေအပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ ပြသနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တိုက်တွန်းမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ထုတ်ပြန်ချက်ကို တရုတ်နဲ့ ရုရှားတို့က ပိတ်ပင်ကန့်ကွက်လိုက်တယ်လို့ သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးကို မနေ့က ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နဲ့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် Noeleen Heyzer တို့က မြန်မာ့အရေးဖြေရှင်းဖို့နည်းလမ်းတွေကို အကျဥ်းချုပ် တင်ပြခဲ့ပါတယ်။ လက်ရှိမှာ မြန်စစ်တပ်အပေါ် ကျယ်ကျယ်ပြန့်ပြန့် ခုခံမှုတွေဆက်လက်ဖြစ်ပေါ်နေတာဟာ စစ်တပ်ရဲ့ အုပ်ချုပ်နိုင်စွမ်းကို စိန်ခေါ်နေတဲ့ ပြည်တွင်းစစ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူအချို့က ရှုမြင်နေကြပါတယ်။ ဗြိတိန်နိုင်ငံမှ အဆိုပြုထားတဲ့ မြန်မာအရေး ထုတ်ပြန်ချက်မှာ “အကျပ်အတည်းကို ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာရာမှာ…

Read More

ရွှေပြည်အေးမြို့ ထွေ / အုပ်ရုံးမှာ ပစ်ခတ်တာတွေဖြစ်ပြီး ရဲ ၁ ဦး အပါအဝင် လူ ၂ ဦးသေဆုံး ၊ ၁ ဦး ဒဏ်ရာရ

မေ ၊ ၂၈ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ် ၊ ရွှေပြည်အေးမြို့က ထွေ / အုပ် ရုံးကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုက မေ ၂၇ ရက် ၊ မနေ့က နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ ဝင်ရောက်ပစ်ခတ်ခံရလို့ ရဲ ၁ ဦး အပါအဝင် လူ ၂ ယောက်သေဆုံးခဲ့တယ်လို့ ရွှေပြည်အေး မြို့ခံတွေဆီက သိရပါတယ်။ ” အခုတလော ရွှေမျှောတွေဖမ်းတာ ၊ မီးရှို့တာ ၊ ပစ္စည်းတွေသိမ်းတာရှိတယ် ၊ ဒီမနက် မှာကို ဖမ်းတာတွေရှိတယ် ၊ ဖမ်းဆီးရေးအဖွဲ့တွေ မနက်စာ ထမင်းစားနားတဲ့အချိန် ပစ်ခံရတာ ဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်တာတွေကြောင့် ရဲ ၁…

Read More

အုပ်ချုပ်ရေးမှုး ပစ်သတ်ခံရပြီးနောက် ဒလမြို့နယ်မှာ ဆိုင်ကယ်စီးခွင့်ပိတ်

ရန်ကုန်၊မေ ၂၈၊၂၀၂၂ KK(VOM) ဒလမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးတယောက်ကို သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် မနေ့က စပြီး ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒလမြို့နယ်မှာ မေလ ၂၆ ရက် နေ့လယ်ပိုင်း ရေကန်တူးဖော်ရာမှာ ကြီးကြပ်ပေးနေတဲ့ ကမာကဆစ်ရပ်ကွက် အုပ်ချုပ်ရေးမှုးဦးဝင်းအောင်ကို ဆိုင်ကယ်စီးလာတဲ့အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့ပြီး ဆိုင်ကယ်စီးခွင့်ကို ပိတ်လိုက်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပြတာက “အုပ်ချုပ်ရေးမှုးအသတ်ခံရပြီးတာနဲ့ လိုက်ပြီး ကြေညာတာ အရင်က ၃၁ ရက်နေ့အထိလို့ကြေညာ နောက်ပြန်ကြေညာတာ အကန့်အသတ်မရှိလို့လည်းကြားတယ်”လို့ သူကပြောပါတယ်။ ဒီလိုအမိန့်ထုတ်ပြန်မှု့ကြောင့် ဒလမြို့နယ်မှာ ဆိုင်ကယ်ကယ်ရီသမားအများစု စားဝတ်နေရေးခက်ခဲမှုတွေဖြစ်သွားတယ်လို့ သမ္မာန်ဆိပ်မှာ ကယ်ရီမောင်းနေသူတဦးက ပြောပါတယ်။ ” ဒီလိုလုပ်တာ မဆိုင်ဘူးလို့ထင်တယ်ဗျာ လုပ်တဲ့သူကိုမိအောင်ဖမ်းရအောင် သူတို့တာဝန်လေ မဆီမဆိုင်ကျနော်တို့ ကြားထဲကဒုက္ခရောက်တာပေါ့”လို့ ပြောပါတယ်။ အမိန့်ထုတ်ပြန်မှုမှာ ရပ်ကွက်ကျေးရွာမှာနေထိုင်သူအပြင် ဌာနဆိုင်ရာဝန်ထမ်းတွေကိုပါ ဆိုင်ကယ်ပေးမစီးဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် အခြေခံလူတန်းစားအများစုနေထိုင်ရာ ဒလမြို့နယ်မှာ…

Read More

ရေစကြိုမြို့နယ် ဇယမရွာ ကျောင်းထိုင်ဘုန်းကြီးကိုသတ်ပြီး ပစ္စည်းတွေ လုယူခံရ

မေ ၊ ၂၈ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုနယ်နဲ့ ပခုက္ကူနယ်အစပ် ဇယမ(ကျွန်းလှယဉ်)ရွာ မြောက်ကျောင်း သာဿနာ့ ဇောတိပါလ ကျောင်းတိုက် ဆရာတော်ဟာ မေ ၂၇ ရက် ၊ မနေ့က ညနေပိုင်းမှာ အသတ်ခံရပြီး ကျောင်းပိုင်ပစ္စည်းတွေ လုယူခံရတဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းကို ဇယမရွာခံတယောက် ပြောတာက ” ညနေ ၅ နာရီခွဲဝန်းကျင်မှာဖြစ်တာပါ ၊ သာဿနာ့ ဇောတိပါလကျောင်းက သက်တော် ၆၁ နှစ် ၊ ဝါတော် ၄၀ ရ ၊ ဆရာတော် ဦးသောမလောက ရဲ့ ဦးခေါင်းကို လက်လုပ်သေနတ်နဲ့ ပစ်သတ်ပြီး ကျောင်းပိုင် ပစ္စည်းတွေ လုယူသွားတာ ”…

Read More
VOM News

FREE
VIEW