ရွှေပြည်အေးမြို့ ထွေ / အုပ်ရုံးမှာ ပစ်ခတ်တာတွေဖြစ်ပြီး ရဲ ၁ ဦး အပါအဝင် လူ ၂ ဦးသေဆုံး ၊ ၁ ဦး ဒဏ်ရာရ

မေ ၊ ၂၈ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ် ၊ ရွှေပြည်အေးမြို့က ထွေ / အုပ် ရုံးကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုက မေ ၂၇ ရက် ၊ မနေ့က နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ ဝင်ရောက်ပစ်ခတ်ခံရလို့ ရဲ ၁ ဦး အပါအဝင် လူ ၂ ယောက်သေဆုံးခဲ့တယ်လို့ ရွှေပြည်အေး မြို့ခံတွေဆီက သိရပါတယ်။

” အခုတလော ရွှေမျှောတွေဖမ်းတာ ၊ မီးရှို့တာ ၊ ပစ္စည်းတွေသိမ်းတာရှိတယ် ၊ ဒီမနက် မှာကို ဖမ်းတာတွေရှိတယ် ၊ ဖမ်းဆီးရေးအဖွဲ့တွေ မနက်စာ ထမင်းစားနားတဲ့အချိန် ပစ်ခံရတာ ဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်တာတွေကြောင့် ရဲ ၁ ယောက် အပါအဝင် လူ ၂ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ် ” လို့ အမည်မဖော်လိုတဲ့ ရွှေပြည်အေးမြို့ခံ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဟုမ္မလင်းမြို့နယ် လုံခြုံရေးအဖွဲ့ ၊ တာဝန်ရှိသူတစ်ယောက် ပြောတာက ” ထွေ / အုပ်၊ ဓာတ်သတ္ထု ၊ သစ်တော ၊ လုံခြုံရေး အဖွဲ့စုံ ပူးပေါင်းအဖွဲ့က မနက်ပိုင်းမှာ တရားမဝင် ရွှေမျှောတွေကို ဖမ်းဆီးပြီး ရွှေပြည်အေး ထွေ / အုပ် ရုံးထဲမှာ ထမင်းစားနားနေတဲ့အချိန် ရုံးမြောက်ဘက်ကနေ ပစ်ခတ်တိုက်ခိုက်တာကို ခံရတာပါ ၊ ဘယ်အဖွဲ့ဆိုတာ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ် ၊ အဲ့ဒီ တိုက်ခိုက္မှုကြောင့် ရဲတပ်သား ကျော်ဝင်း၊ ၂၃ နှစ် နဲ့ ကိုအံ့ထူးမောင်၊၃၂နှစ်တို့ ၂ ဦးဟာ ကျည်ဆံထိမှန်ပြီး နေရာမှာတင် ကျဆုံးတယ် ၊ သတ္ထုနေ့စား ဝန်ထမ်း ကိုအောင်ညွှန့်စိုး ကတော့ ဒဏ်ရာရခဲ့တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ SNA ( ရှမ်းနီ အမျိုးသား တပ်) ၊ တပ်မဟာ ၇၅၃ အဖွဲ့က လူအင်အား ၁ ရာလောက်နဲ့ လာပစ်တာဖြစ်တယ်လို့ ရွှေပြည်အေးမြို့ခံတွေက ပြောပြပေမယ့် VOM အနေနဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသလို SNA ကိုဆက်သွယ်မရသေးပါဘူး။

အခု ပစ်ခတ်မှုဖြစ်တယ်ဆိုတဲ့ ရွှေပြည်အေးမြို့ရဲ့ ဝန်းကျင်မှာ အရင်ကလည်း SNA အဖွဲ့တွေ အသွားအလာရှိပေမယ့် ၊ အရင်က ပစ်ခတ်တာမျိုးလုပ်တာ မရှိဘူးလို့ ရွှေပြည်အေး မြို့ခံ တချို့က ပြောပြပါသေးတယ်။

#voiceofmyanmar #VOM #ဟုမ္မလင်း #ရွှေပြည်အေးပစ်ခတ်မှု #မှုခင်း

Related posts

Leave a Comment

VOM News

FREE
VIEW