ရေစကြိုမြို့နယ် ဇယမရွာမှာ ၂ လောင်းပြိုင် အပါအဝင် ၁ ရက်ထဲ လူသတ်မှု ၂ ကြိမ်ဖြစ်

မေ ၊ ၂၈ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ဇယမ(ကျွန်းလှယဉ်)ကျေးရွာမှာ မေ ၂၇ ရက် ၊ မနေ့က ၁ ရက်တည်းမှာ လူသတ်မှု ၂ ကြိမ် ဆက်တိုက် ဖြစ်ခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၅ နာရီခွဲဝန်းကျင်မှာ သာဿနာ့ဇောတိက ဘုန်းကြီးကျောင်းက ဆရာတော် ပစ်သတ်ခံရတယ် ၊ အဲ့ဒီဖြစ်စဥ်နဲ့ နာရီဝက်လောက်ခြားပြီး ၆ နာရီဝန်းကျင်မှာ နောက် ၁ ကြိမ် လူသတ်မှုထပ်ဖြစ်တယ် ၊ ၂ လောင်းပြိုင် လူသတ်မှုပါ ” လို့ သွားရောက်ကူညီပေးခဲ့ရတဲ့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှု ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး ပခုက္ကခရိုင် ရဲတပ်ဖွဲ့ ၊ တာဝန်ရှိသူတစ်ဦး ပြောတာက ” ဇယမရွာမှာ လူသတ်မှု ၂ ကြိမ်ဖြစ်တယ် ၊ ပထမဖြစ်စဥ်က သက်တော် ၆၁ နှစ်အရွယ် ၊ ဝါတော် ၄၀ ရ ၊ ဆရာတော် ဥူးသောမာလောက ပစ်သတ်ခံရတယ် ၊ ဒုတိယဖြစ်စဥ်က ဇယမရွာခံ ဦးဇော်ဝေနဲ့ သူ့မိန်းမ ဒေါ်နွယ် ၂ လောင်းပြိုင်သတ်ခံရတာ ” လို့ ဖြစ်ပါတယ်။

ဒါ့အပြင် သေဆုံးသူ ရုပ်အလောင်းတွေကို ရေစကြို ပြည်သူ့ဆေးရုံကိုပို့ဆောင် စစ်ဆေးပြီး မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင်ထဲမှာ မေ ၂၇ ရက် ၊ မနေ့ကလည်း ဆိပ်ဖြူမြို့နယ် ၊ အလယ်စုကျေးရွာက ဦးညိုမြင့် နဲ့ သူ့မိန်းမ ဒေါ်သီတာမိုး တို့ ၂ ယောက် အသတ်ခံရပြီး ရွှေထည် ပစ္စည်းတွေနဲ့ ကား ၊ ဆိုင်ကယ် တို့ လုယူခံရတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရေစကြို #ပခုက္ကူခရိုင် #ဇယမ #ကျွန်းလှယဉ် #၂လောင်းပြိုင်လူသတ်မှု #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW