ရွှေပြည်သာမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရ တစ်ဦးသေ နှစ်ဦး ဒဏ်ရာရ

ရန်ကုန်၊မေ ၂၈၊၂၀၂၂
KK(VOM)

ရွှေပြည်သာမြို့နယ် ၁၄ ရပ်ကွက်၊ ဗန္ဓုလလမ်းနဲ့ ဧည့်မထလမ်းထောင့်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲ သေနတ်ကိုင်ဆောင်ထားသူတွေက ဝင်ရောက်ပစ်ခဲ့ရာ အုပ်ချုပ်ရေးမှုး ဦးဝင်းအောင်သေဆုံးပြီး ဆယ်အိမ်မှုးတစ်ဦးနဲ့ ရာအိမ်မှုးတစ်ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီကသိရပါတယ်။

၁၄ ရပ်ကွက်နေသူတဦး VOM ကို ပြောပြတာကတော့
“အကုန်လုံးက ရုံးရှေမှာထိုင်နေတာ Maskတပ်ထားတဲ့ လူလေးယောက်ဝင်လာပြီး ပစ်တာ အုပ်ကြီးသေတယ် ဆယ်အိမ်မှုးတဦးက စိုးရိမ်ရတယ် ရာအိမ်မှုးတဦးက မစိုးရိမ်ရဘူး”လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဥ်မှာမှန်ကန်ပြီး အုပ်ချုပ်ရေးမှုးဦးဝင်းအောင်မှာ ကျည်ထိမှန်ဒဏ်ရာသုံးချက်နဲ့သေဆုံးကာ ဆယ်အိမ်မှုး ဦးဦးသန်းထွန်းမှာ ရင်ဘတ်ကျည်ထိဒဏ်ရာရရှိကာ စိုးရိမ်ရပြီး ရာအိမ်မှူးဦးဝင်းညွန့်ကတော့ ခြေထောက်ကျည်ထိဒဏ်ရာသာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက VOM ကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့နေရာကနေ ကျည်ခွံ ၁၅ တောင့်တွေ့ရှိပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ထားတယ်လို့လည်း ပြောပါတယ်။

လက်တလောမှာ စစ်တပ်နဲ့ရဲတွေက ရွှေပြည်သာမြို့နယ်က လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ် ၁၄ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းကလည်း ဗုံးနဲ့ပစ်ခတ်ခံခဲ့ရတဲ့ဖြစ်စဉ် ရှိခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရွှေပြည်သာ #အုပ်ချုပ်ရေးမှူးရုံးပစ်ခတ်မှု #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW