စစ်ကိုင်းမြို့နယ် ကြွယ်လူးရွာမှာ ၂ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ဇွန် ၊ ၁၇-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ၊ ကြွယ်လူးကျေးရွာမှာ မနေ့ ဇွန် ၁၆ ရက် ညနေပိုင်းက ၂ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” ဖြစ်တာက ညနေ ၆ နာရီကျော်မှာ ဖြစ်တာပါ၊ သေဆုံးသူ ၂ ယောက်က ဦးခင်မောင်အေး နဲ့ ဦးမြင့်မော် ဖြစ်တယ် ၊ စစ်ကိုင်းကနေ လက်သမားလုပ်ငန်းသုံးပစ္စည်းတွေဝယ်ပြီး ရွာကိုပြန်အလာ ကြွယ်လူးရွာမှာ အသတ်ခံရတာ “လို့ ကူညီလုပ်ကိုင်ပေးနေတဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ၂ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ််သူတယောက်က ” သေဆုံးသူ ၂ ယောက်က ဆင်မြေရွာမှာနေတဲ့ လယ်သမားလုပ်ငန်း လုပ်ကိုင်သူတွေဖြစ်တယ် ၊ လုပ်ငန်းသုံးပစ္စည်းတွေ ဝယ်ယူပြီး အပြန် ကြွယ်လူးရွာက ငွေကြယ်မိုး လျှပ်စစ်ပစ္စည်းဆိုင်နားမှာ အသတ်ခံရတာ အမှုဖွင့်ထားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်မြို့နယ် ၊ ပဒူကျေးရွာမှာ ဇွန် ၁၅ ရက် နေ့ခင်းပိုင်းက ကုန်စုံဆိုင်က လင်မယားကို လာရောက်သတ်တဲ့သူတွေက ဆိုင်ရှင်လင်မယား ၂ ယောက်အပြင် စျေးဝယ်နေတဲ့ လူ ၂ ယောက်ကိုပါ သတ်ဖြတ်သွားတဲ့ ၄ လောင်းပြိုင် လူသတ်မှုလည်း ဖြစ်ပွားခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ကြွယ်လူးရွာ #၂လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW