မြန်မာအိမ်အကူကို နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ စင်ကာပူအမျိုးသမီးရဲ့အယူခံ တရားရုံးပယ်ချ

စင်ကာပူ၊ ဇွန်-၃၀-၂၀၂၂ မျိုးဆက်(VOM) မြန်မာအိမ်အကူမိန်းကလေးငယ်ကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တာကြောင့် ထောင်နှစ် ၃၀ ချမှတ်ခံထားရတဲ့ စင်ကာပူအမျိုးသမီးရဲ့ အယူခံကို တရားရုံးက ဇွန် ၂၉ ရက်မှာ ပယ်ချလိုက်ပါတယ်။ Gaiyathiri Murugayan ဆိုသူစင်ကာပူအမျိုးသမီးဟာ ပြစ်ဒဏ်ကို နှစ် ၃၀ ကနေ ၁၂ နှစ်ကနေ ၁၅ နှစ်ကြားထိ လျှော့ပေးဖို့ အယူခံ၀င်ခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့တာဖြစ်ပြီး မြန်မာအိမ်အကူမိန်းကလေး Piang Ngaih Don ကိုသတ်ဖြတ်မှုဟာ အဆိုးရွားဆုံး လူသတ်မှုတွေထဲက တခုဖြစ်ကြောင်း တရားရုံးကပြောပါတယ်။ အသက် ၄၂ နှစ်အရွယ် တရားခံဖြစ်သူဟာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ဝေဒနာကြောင့် ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တရားသူကြီးသုံးဦးက ပယ်ချခဲ့ပြီး တရားရုံးချုပ်တရားသူကြီး See Kee Oon ကပြစ်ဒဏ်ကို အတည်ပြုခဲ့ပါတယ်။ တရားခံကတော့ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် လီရှန်းလွန်းထံ ဆက်လက်အယူခံ၀င်မယ်လို့…

Read More

ဂျပန် Kirin ဘီယာကုမ္ပဏီက ရှယ်ယာတွေအားလုံး ရောင်းချပြီး ဦးပိုင်ကုမ္ပဏီနဲ့ လက်တွဲဖြုတ်

တိုကျို၊ ဇွန်-၃၀-၂၀၂၂ မျိုးဆက်(VOM) ဂျပန် အဖျော်ယမကာကုမ္ပဏီ Kirin Holdings ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့လုပ်ငန်းရှယ်ယားတွေကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ မြန်မာဘရူဝါရီကိုရောင်းချတော့မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Nikkei ရဲ့အစောပိုင်းသတင်းဖော်ပြချက်ကို ဇွန် ၃၀ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Kirin တာ၀န်ရှိသူတွေက အတည်ပြုခဲ့ပြီး ရှယ်ယာတွေကို ဒေါ်လာ ၁၆၃ သန်းရောင်းချသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံနေ လုပ်ငန်းတွေ ရုပ်သိမ်းတော့မယ့်အကြောင်းနဲ့ ရှယ်ယာတွေကို ဇွန်လကုန်ပိုင်းမှာ ရောင်းချဖို့ရည်ရွယ်ထားကြောင်း Kirin ကုမ္ပဏီက ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့အစုရှယ်ယာတွေကို အမေရိကန်နဲ့ ဥရောပကုမ္ပဏီတွေအပါအ၀င် ပြည်ပ၀ယ်လက်တွေကို ရောင်းချဖို့ကြိုးစားခဲ့ပေမယ့် ရှာမတွေ့ခဲ့ပါဘူး။ ဘီယာဖက်စပ်လုပ်ငန်းမှာ Kirin က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းနဲ့ မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီကတော့ ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ထားပါတယ်။ Kirin ကုမ္ပဏီအနေနဲ့ ရှယ်ယာတွေကို ဦးပိုင်ကုမ္ပဏီကိုရောင်းချမယ်ဆိုရင်…

Read More

ဖျာပုံမှာ လူသတ်၊ဓါးပြတိုက်၊သက်ငယ်မုဒိန်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသား ၃ ယောက်ကို သေဒဏ်အမိန့်ချ

ဇွန် ၃၀-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်ထဲမှာ လူသတ်၊ဓါးပြတိုက်၊ သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့တဲ့အမျိုးသား ၃ ယောက် ကို မနေ့ ဇွန် ၂၉ ရက်မနက်က ဖျာပုံခရိုင်တရားရုံးကနေသေဒဏ်အမိန့်ချမှတ်ခဲ့တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေ သိရပါတယ်။ အဲ့ဒီသေဒဏ်ချမှတ်ခံရတဲ့ အမျိုးသား ၃ ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက ကမကလူ ကျေးရွာအုပ်စု၊ မင်းလှစုရွာကလယ်ကွင်းထဲမှာနေတဲ့ အိမ်ပိုင်ရှင်ဖြစ်သူကို ရိုက်သတ်ပြီး ရွှေ ၁ ပိဿာ ၃၀ကျပ်သား ယူဆောင်ကာ မြေးဖြစ်သူ အသက် ၁၂ နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ ”ပြီးခဲ့နှစ်က လူသတ် ဓါးပြတိုက်ပြီး အသက်မပြည့်သေးတဲ့ ကလေးတယောက်ကို မုဒိန်းမှုကျူးလွန်ခဲ့တဲ့ ကျော်ကျော်ပါ အမျိုးသား ၃ ယောက်ကို တနှစ်ခွွကျော်ကြာစစ်ဆေးပြီး မနေ့က သေဒဏ်အမိန့်ချမှတ်ခဲ့တာပါ။”လို့ တရားရုံးဝန်ထမ်းတယောက်ကပြောပါတယ်။ သူတို့တွေကို ဖျာပုံခရိုင်တရားရုံးက ၁ နှစ်ခွဲအကြာစစ်ဆေးခဲ့ပြီးတော့ မနေ့က သေဒဏ်…

Read More

အာဏာရှင်မားကို့စ်ရဲ့သားဖြစ်သူ မားကို့စ်ဂျူနီယာ ဖိလစ်ပိုင်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

မနီလာ၊ ဇွန်-၃၀-၂၀၂၂ မျိူးဆက်(VOM) ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာဟာ မနီလာမြို့မှာ ဇွန် ၃၀ က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ဒူတာတေးရဲ့ နေရာကို ဆက်ခံလိုက်ပါတယ်။ သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုမှုဟာ ၁၉၈၆ ခုနှစ်မှာ လူထုအုံကြွမှုဖြစ်ပွားပြီး ဖြုတ်ချခံခဲ့ရတဲ့ မားကို့စ်မိသားစုရဲ့ နိုင်ငံရေးမျိုးဆက်အဖြစ် နိုင်ငံရေးလောကသို့ တကျော့ပြန်ခြေချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မစ္စတာမားကို့စ်ဂျူနီယာဟာ လွန်ခဲ့တဲ့လမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရာထူးကနေ နှုတ်ထွက်သွားတဲ့ သမ္မတဒူတာတေးရဲ့သမီးဖြစ်သူ ဆာရာဒူတာတေးဟာလည်း ဒုတိယသမ္မတဖြစ်လာပါတယ်။ သမ္မတသစ်အနေနဲ့ နှစ်ရှည်လများ ကပ်ရောဂါဘေးကနေ ပြန်လည်နာလန်ထူဖို့နဲ့ ငွေကြေးဖောင်းပွမှု၊ ကြွေးမြီတွေမြင့်တက်လာမှုတို့ကြောင့် စီးပွားရေးကျဆင်းနေတဲ့ ဖိလစ်ပိုင်နိုင်ငံကို ဦးဆောင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်အကိုင်တွေတိုးမြှင့်ဖန်တီးဖို့နဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုကို ကိုင်တွယ်ဖြေရှင်းရေးအတွက် သူ့ရဲ့ကတိက၀တ်တွေနဲ့ပတ်သက်ပြီး မူဝါဒပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲဖို့ ဆွေးနွေးမှု အနည်းငယ်သာရှိကြောင်း လေ့လာစောင့်ကြည့်သူတွေက ဝေဖန်ပြောဆိုပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #မနီလာ

Read More

မဏိပူရ်မှာ အထောက်အထားမဲ့ နေထိုင်တဲ့ မြန်မာ ၈၀ ဦး ဖမ်းဆီးခံရ

ဇွန် ၊ ၃၀ ၊ ၂၀၂၂ SP (VOM) အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ ချာချန်ပူရ်ခရိုင် ၊ ချာချန်ပူရ်မြို့ ၊ ဗာလ်ရပ်ကွက်ကို မဏိပူရ်အာဏာပိုင်းတွေက တအိမ်တက် တအိမ်ဆင်း လိုက်လံစစ်ဆေးတဲ့အခါ အထောက်အထားမဲ့ ဝင်ရောက်နေထိုင်နေတဲ့ မြန်မာ ၈၀ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသဆိုင်ရာ သတင်းမီယာတွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ” အဖမ်းခံရတာ မြန်မာယောက် ၈၀ ဖြစ်တယ် ၊ အဲ့ဒီ အထဲမှာ ကလေးငယ် ၂၀ ကျော်ပါဝင်တယ် ၊ သူတို့က အိန္ဒိယဘက်ကို ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက ထွက်ပြေးတိမ်းရှောင်လာပြီး ရရာအလုပ် လုပ်ကိုင်နေတဲ့သူတွေဖြစ်တယ် ၊ ယက္ကန်လုပ်ငန်းကို အဓိက လုပ်ကိုင်နေရင်း အဖမ်းခံရတာပါ “လို့ မိုးရေးမြို့မှာ နေထိုင်ပြီး ရွေ့ပြောင်း မြန်မာလုပ်သားတွေကို ကူညီပေးနေတဲ့ ပါးဂင်ဒိုထန် ဆိုသူက…

Read More

မင်းလမ်းမ၊ ဥယျာဉ်တော်နှင့် မနော်ရမံ

ဆူးငှက် ‘ဂါထာနတ်ရုပ်၊ အင်းမြှုပ် အင်းနှံ၊ စီမံပယောဂ၊တလကုမ္ဘ၊ ရာ့နှစ်ဆယ်ဝင်၊ လေးခွင်လေးထောင့်၊ ဂြိုဟ်နတ်စောင့်နှင့်၊ မြို့စောင့်နတ်ဂူ၊ ဆူဆူများစွာ၊ မြို့အင်္ဂါလည်း၊ ဖွယ်ရာမကြွင်း’ဟူသော မဃဒေဝလာ အစီအမံအတိုင်း မန္တလေးမြို့တော်ကြီး စတင်တည်ထောင်စဉ် မြို့တော်လေးထောင့်တွင် ဆီအိုးကြီးများ မြှုပ်နှံပြီးလေသောအခါ ခုနစ်ဌာနကို အုတ်စီခင်း၍ တံခါး ၁၂ရပ် တိုင်ထူခဲ့သည်။ ခုနစ်ဌာနတွင် မဟာလောကမာရဇိန်စတီတော်ပါ၏။ အတုလဝေယံကျောင်းတော်ပါရှိ၏။ မဟာလာက မာရဇိန် ဘွဲ့တော်ချီသော စေတီတော်ကြီးမှာ ၁၂၂၁-ခု၊ ကဆုန်လပြည့်ကျော် ၇ရက်နေ့တွင် ရွှေမြို့တော်ကြီး နဲ႔ တစ်ပြိုင်နက် အုတ်စီခင်း စတင်တည်လုပ်ခဲ့ရာ ၁၂၂၄-ခု၊ ဝါဆိုလတွင် ပြီးစီး၍ လပြည့်ကျော် ၉ ရက်နေ့ နေ့တစ်ချက်တီးကျော် ငါးမောင်းအချိန်တွင် ရွှေထီးအထွတ်တင်လှူပြီး ကမ္ပည်းတပ်တော်မူခဲ့သည်။ ဘဝရှင်မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုကုသိုလ်တော်ဖြစ်၏။ မြို့တော်သူ မြို့တော်သားတို့က ‘ကုသိုလ်တော်ဘုရား’ ဟု ခေါ်ဆိုခဲ့ကြသည်။ ဘုရားပရိဝုဏ်တွင် ပိဋကတ် ကျောက်စာတော်ပေါင်း ၇၂၉…

Read More

တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်နေ

ဇွန်-၂၉-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီဟာ ဒေသတွင်းအစည်းအဝေးတခုတက်ရောက်ဖို့အတွက် မြန်မာနိုင်ငံကို ယခုသီတင်းပတ်ကုန်ပိုင်းမှာ လာရောက်မယ်လို့ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၂၈ ရက်မှာ အေအက်ဖ်ပီ သတင်းဌာနကိုပြောပါတယ်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ယန္တရား နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအဝေးတက်ရောက်ဖို့ ၀မ်ယီဟာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။ မစ္စတာ၀မ်ယီနဲ့ နစကဥက္ကဌတို့တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မဖြစ်တော့ မသေချာဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ တရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ အဲဒီအစည်းအဝေးဟာ မဲခေါင်နိုင်ငံတွေပါ၀င်မှာဖြစ်ပါတယ်။ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံခြားရေး၀န်ကြီးတွေလည်း ဇူလိုင် ၂ ရက်ကနေ ၅ ရက်နေ့ထိ ကျင်းပမယ့် အစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပြီးနောက် အတိုက်အခံတွေကို ပြင်းထန်စွာဖြိုခွင်းမှုတွေကြောင့် အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီး တရုတ်နဲ့ ရုရှားကတော့ မြန်မာအာဏာပိုင်တွေနဲ့ မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်နေဆဲဖြစ်ပါတယ်။ Ref:…

Read More

ညောင်လေးပင်ခရိုင်မှာ တိုက်ပွဲဖြစ်နေလို့ ရွာပေါင်း ၃၀က ဒေသခံ ၁၆၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရ

ဇွန် ၂၉-၂၀၂၂ VOM (GG) ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း KNU နဲ့ နစကတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရွာပေါင်း ၃၀ က ရွာသား ၁၆၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ KNUရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။ ညောင်လေးပင်ခရိုင်ထဲက မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေတာကြောင့် လက်နက်ကြီးတွေကျရောက်နေတာဖြစ်တယ်လို့သိရပါတယ်။ ဒါ​ကြောင့် လက်ရှိ ကျေးရွာပေါင်း(၁၁)ရွာမှာရှိတဲ့ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းတွေကို​လည်း ပိတ်ထားရတယ်လို့ သိရပါတယ်။ ” ကျောက်ကြီးဘက်ကရွာတွေမှာ KNU နဲ့ စစ်တပ် တိုက်ပွဲဖြစ်နေတာ ပြီးခဲ့တဲ့ရက်ကတည်းက။ ရွာတွေထဲလက်နက်ကြီးတွေလည်းကျတယ်ကြားတယ်။အဲ့ဒီဘက်တွေက အရင်ထဲက သွားလာလို့သိပ်မရဘူး။ အခုတိုက်ပွဲတွေဖြစ်နေတော့ ရွာသားတွေထွက်ပြေးနေရတယ်လို့်ကြားတယ်။ တချို့လည်း အသိတွေရှိတဲ့မြို့ပေါ်လာကြပြီး တချို့က တောထဲပြေးကြတယ် “လို့ ပဲခူးဒေသခံတဦးကပြောပြပါတယ်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင် နေရတဲ့ ရွာတွေကတော့ မုန်းမြို့ နယ်ရှိ နောင်ကုန်း၊ရန်မျိုးအောင်၊ကျောက်ကြီးမြို့ နယ်ရှိ ကျွန်းကုန်း၊လယ်ဝိုင်းကြီး၊ညောင်ကုန်း၊…

Read More

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဖို့နဲ့ ဖမ်းထားသူတွေပြန်လွှတ်ပေးဖို့ ဂျီ-၇ ခေါင်းဆောင်တွေ တောင်းဆို

ဘာလင်၊ ဇွန်-၂၉-၂၀၂၂ မျိုးဆက်(VOM မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းဖို့ ဂျီ-၇ ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။ အရပ်သားဦးဆောင်တဲ့ အစိုးရကိုဖယ်ရှားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးခံထားရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ ကမ္ဘာ့နိုင်ငံတွေရဲ့ တောင်းဆိုမှုတွေလည်း မြင့်တက်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အာဆီယံအထူးသံတမန်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတဲ့အပေါ် အထူးစိုးရိမ်နေကြပြီး ပြင်သစ်နိုင်ငံကလည်း ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်ပိုင်းမှာ ကလေးငယ် ၁၀၀ ကျော်အပါအ၀င် လူ ၂၁၀၀ နီးပါးသေဆုံးခဲ့ပြီး ၁၄၀၀၀ ကျော်ဖမ်းဆီးခံထားရပါတယ်။ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ အာဆီယံဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို ဦးဆောင်နေပေမယ့် ထိရောက်တဲ့ ဖိအားပေးနိုင်ခြင်းမရှိသေးပါဘူး။ Ref:UCA Photo: Shutterstock…

Read More

ဆွီဒင်နဲ့ ဖင်လန် နေတိုးအဖွဲ့ထဲ၀င်ရောက်ဖို့ တူရကီထောက်ခံပြီ

အန်ကာရာ၊ ဇွန်-၂၉-၂၀၂၂ မျိုးဆက်(VOM) ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့ နေတိုးမဟာမိတ်အဖွဲ့သို့၀င်ရောက်ဖို့နဲ့ပတ်သက်ပြီး နေတိုးအဖွဲ့၀င်တူရကီက ထောက်ခံဖို့ ဇွန် ၂၈ ရက်မှာ သဘောတူလိုက်ပါတယ်။ အဲဒီနှစ်နိုင်ငံက နေတိုးအဖွဲ့ထဲ၀င်ရောက်ဖို့ ကြိုးပမ်းမှုကို တူရကီက အစောပိုင်းမှာ သဘောမတူခဲ့ပါဘူး။ ဆွီဒင်နဲ့ဖင်လန်တို့ဟာ တူရကီ၏ထောက်ခံမှုမရှိဘဲ နေတိုးအဖွဲ့သို့ ၀င်ရောက်နိုင်မှာမဟုတ်ပါဘူး။ နေတိုးအဖွဲ့၀င်သစ်နိုင်ငံတွေကို လက်ခံရာမှာ အဖွဲ့၀င်နိုင်ငံအားလုံးက လက်ခံသဘောတူရမှာဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲကို အကြောင်းပြုပြီး နေတိုးအဖွဲ့ရဲ့တိုးချဲ့မှုကို ရုရှားက ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပါတယ်။ လက်ရှိမှာတော့ ဆွီဒင်နှင့် ဖင်လန်တို့ဟာ နေတိုးအဖွဲ့ထဲ၀င်ရောက်ဖို့ သေချာနေပြီဖြစ်ပြီး တူရကီရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပေးမယ့် ပူးတွဲလုံခြုံရေးသဘောတူညီချက်ကို သုံးနိုင်ငံနိုင်ငံခြားရေး၀န်ကြီးတွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဆွီဒင်ဟာ စစ်သွေးကြွများကို တူရကီသို့လွှဲပြောင်းပေးဖို့ တောင်းဆိုမှုအပေါ် သဘောတူခဲ့ပြီး တူရကီသို့ လက်နက်ရောင်းချခြင်းဆိုင်ရာ ကန့်သတ်ချက်တွေကိုလည်း ဆွီဒင်နှင့်ဖင်လန်တို့က ရုပ်သိမ်းသွားမှာဖြစ်ကြောင်း နေတိုးအကြီးအကဲ ယန်စတိုတင်ဘာ့ဂ်က ထုတ်ဖော်ပြောဆိုပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…

Read More
VOM News

FREE
VIEW