စက်ရုံတွေမှာ အလုပ်သမားတွေကို အချိန်ပိုခိုင်းမယ်ဆိုရင် ၁ ပတ်ကြိုပြီး အလုပ်သမားဝန်ကြီးဌာနကို တင်ပြရမယ်

ဇွန် ၂၉-၂၀၂၂ VOM (GG) စက်ရုံအလုပ်ရုံတွေအနေနဲ့ အလုပ်သမားတွေကို အချိန်ပိုဆင်းခိုင်းမယ်ဆိုပါက တပတ်ကြိုပြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေရေးရာ စစ်ဆေးရေးဦးစီးဌာနရုံးတွေကို တင်ပြရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေး​ထုတ်ပြန်လိုက်ပါတယ်။ အလုပ်သမားတဦးကို တပတ်မှာ အချိန်ပို ၄၄ နာရီကနေ ၄၈ နာရီအထိ အများဆုံး အချိန်ပိုအလုပ်လုပ်နိုင်ကြောင်း၊ ၄၈ နာရီအထိလုပ်ခွင့်ရှိတဲ့လုပ်ငန်းတွေကတော့ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ရေခဲစက်၊ ရေနံချက်စက်၊ သစ်ပေါင်း တင်လုပ်ငန်း၊ ရေနဲ့ ဆီမှုတ်စက်၊ လေအား (ဒါမှမဟုတ်) ဓာတ်ငွေ့အား ပြုလုပ်တဲ့ စက်တွေ ၊ ဓာတုဗေဒလုပ်ငန်း၊ အသီးအနှံကနေထုတ်ယူတဲ့ ဆီစက်တွေ ၊သကြားစက်တွေ ဖြစ်တယ်လို့ သိရပါတယ်။ ” အချိန်ပိုလုပ်ကိုင်မယ့် နေ့ မတိုင်မီ ၇ ရက် ကြို တင်ပြရမှာ ဟုတ်ပါတယ်၊ ခွင့်ပြုတဲ့အချိန်ပိုနာရီအတိုင်းလည်း လုပ်ကိုင်ရပါမယ်၊ပိုခိုင်းလို့မရပါဘူး။အဓိက အချိန်ပိုဆင်းမယ့်အလုပ်သမားရဲ့သဘောတူကြောင်းမှတ်တမ်း ပြရပါမယ်။သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်ရုံးတွေကိုတင်ပြရမှာပါ ” လို့ အလုပ်သမားဝန်ကြီးဌာန…

Read More

မုံရွာနဲ့ အရာတော်မှာ မနေ့က ၁ ရက်တည်း လူ ၂ ဦး ​သေနတ်နဲ့ ပစ်သတ်ခံရ

ဇွန် ၊ ၂၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နဲ့ အရာတော်မြို့မှာ လူ ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မုံရွာမှာ အသတ်ခံရတာက ရခိုင်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ဗိုလ်ရဲ့အဖေဖြစ်တယ် ၊ အရာတော်မြို့မှာ အသတ်ခံရတာက မြို့ပေါ် ဆိုင်ကယ် ကယ်ရီဆွဲတဲ့သူဖြစ်တယ် ၊မနေ့က ၁ ရက်တည်း မုံရွာခရိုင်မှာ လူသတ်မှု ၂ ကြိမ်ဖြစ်တာပါ ” လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့ ၊ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ လူသတ်မှုဖြစ်ပွားတာတွေနဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ” မုံရွာဖြစ်စဥ်က နန္ဒဝန်ရပ်ကွက် ၊ နယ်မြေ ၆ က…

Read More

ပန်းတောင်းမြို့နယ်မှာ နိုင်ငံသားအထောက်ထားမဲ့သူ ၅ ဦးဖမ်းမိ

ဇွန် ၂၉-၂၀၂၂ VOM (GG) ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ ကားနဲ့ တရားမဝင် တင်ဆောင်လာသော နိုင်ငံသားအထောက်အထားမဲ့သူ ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ မနေ့ ဇွန် ၂၈ ရက်နေ့က တောင်ကုတ်ဘက်ကနေ ပြည်ကို မောင်းလာတဲ့ကားပေါ်ကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တဦးကို ၁၂ သိန်းနဲ့တင်လာတာဖြစ်တယ်လို့ သိရပါတယ်။ ” ပြည် နဝဒေးတံတား ရဲကင်းစခန်း၊ နဝဒေးတံတား အနောက်ဘက် စစ်ဆေးရေးဂိတ်မှာ ဖမ်းမိတာပါ။သူတို့ကို ပြည်မှာပဲ နောက်တယောက်ကလာစောင့်နေတယ်၊သူကမှတဆင့် ပြည်ဘူတာကြီးကနေ ရန်ကုန်ကိုပို့မယ်လို့ သိရတယ်။ပြည်မှာစောင့်နေတဲ့သူကိုလည်းဖမ်းမိထားပါတယ်။ ယာဥ်မောင်းက ၂ ယောက်၊ တင်လာတာက၅ယောက်ပါ မိန်းကလေးတယောက်ပါပါတယ်၊ ပြည်မှာစောင့်နေတာက၁ယောက် ပါ။ “လို့ ရဲစခန်းနဲ့နီးစပ်သူတဦးကပြောပါတယ်။ တရားမဝင် တင်ဆောင်လာတဲ့ ၅ ဦးအနက် သုံးဦးမှာ ဘဂင်္လားဒေ့ရှ်၊ကော့ရှ်ဘာဇာမြို့နယ်ရှိ ဇာဟာဆူရာကျေးရွာနဲ့ဟာဇောင်းကျေးရွာတို့ကဖြစ်ပြီး ကျန် ၂ ဦးက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊သက္ကာကုန်းကျေးရွာ…

Read More

ရေးမြို့နယ်မှာ ပြည်သူ့စစ် ၅ ဦးအသတ်ခံရပြီး သေနတ်တွေ ပျောက်ဆုံးနေ

ဇွန် ၊ ၂၈ ၊ ၂၀၂၂ SP(VOM) မွန်ပြည်နယ် ၊ ရေးမြို့နယ် ၊ အစင်စံပြကျေးရွာရဲ့ ရွာဝင်တံတားမှာ လုံခြုံရေးကျနေတဲ့ ပြည်သူ့စစ် ၅ ဦးဟာ မနေ့ ဇွန် ၂၇ ရက် ညပိုင်းက အသတ်ခံရပြီး သူ့တို့ကိုင်ဆောင်ထားတဲ့ သေနတ်တွေလည်း ပျောက်ဆုံးနေတယ်လို့ အစင်စံပြကျေးရွာခံတွေဆီက သိရပါတယ်။ ” သေဆုံးသူ ၅ ဦးက ၊ ရွာက ပြည်သူ့စစ်တွေဖြစ်တယ် ၊ ရွာအဝင်တံတားမှာ လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့အချိန် ဆိုင်ကယ် ၃ စီးနဲ့ လူ ၆ ယောက်က လာပစ်သွားတာပါ ၊ သေနတ် ၄ လက်လည်း သူတို့ရသွားတယ် “လို့ အစင်ရွာခံတယောက်က ပြောပါတယ်။ ရေးမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က” ပြည်သူ့စစ်တွေဖြစ်ကြတဲ့ ဦးသန်းဌေး ၊ ဦးမြင့်စိုး…

Read More

မအူပင်နဲ့ဖျာပုံမြို့တွေမှာ ၂၅ ရက်အတွင်း လူ ၃၀ ကျော် ဖမ်းဆီးခံထားရ

ပုသိမ် ၊ ဇွန် -၂၈ ၊၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းထဲက မအူပင်မြို့နဲ့ဖျာပုံမြို့တွေက ကျေးရွာတွေမှာ ဇွန်လ ၁ ရက်ကနေ ဒီကနေ့ ၂၅ ရက် အထိ ရက်ပေါင်း ၂၅ရက်အတွင်း လူ ၃၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ မအူပင်မြို့အတွင်းရှိ ကျေးရွာတွေက ဒေသခံ အယောက် ၂၀ နဲ့ ဖျာပုံမြို့ရှိ ကျေးရွာတွေက ဒေသခံ ၁၂ ယောက် ဖမ်းဆီးခံထားရတာဖြစ်ပြီး သူတို့တွေကို မိသားစုတွေက ဒီကနေ့အချိန်ထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ သိရပါတယ်။ “မအူပင်မှာက အယောက် ၂၀ အဖမ်းခံရတယ်။လူငယ်နဲ့ လူလတ်ပိုင်းတွေပါ လူသတ်မှု၊ညဘက်အပြင်ထွက်မှု၊ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်တယ်လို့ဆိုပြီးအဖမ်းခံရတာ။လက်ရှိအချိန်အထိ ပြန်မလွှတ်သေးပါဘူး။ ဖျာပုံဘက်ကတော့ ၁၂ ယောက်အထိ အဖမ်းခံထားရတယ် ”လို့ ဖမ်းဆီးခံရတဲ့သူတွေနဲ့နီးစပ်သူတယောက်ကပြောပါတယ်။ အဲ့ဒီလို့ ဖမ်းဆီးခံရသူတွေဟာ လူသတ်မှုနဲ့ ပတ်သက်တယ်ဆိုပြီး ၂ ယောက်…

Read More

သီရိလင်္ကာမှာ သတ်မှတ်ယာဉ်တွေကိုသာ လောင်စာဆီရောင်းချတော့မယ်လို့ အစိုးရကြေညာ

ကိုလံဘို၊ ဇွန်-၂၈ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ မရှိမဖြစ်မဟုတ်တဲ့ ယာဉ်တွေအတွက် လောင်စာဆီရောင်းချမှုကို ဇွန် ၂၇ ရက်မှာ ရပ်ဆိုင်းလိုက်ပါတယ်။ လာမယ့် သီတင်းနှစ်ပတ်အတွင်း ဆေးဘက်ဆိုင်ရာ၀န်ဆောင်မှုတွေနဲ့ အစားအသောက်တွေ သယ်ယူပို့ဆောင်ရာမှာ အသုံးပြုတဲ့ ဘတ်စ်ကားတွေ၊ ရထားတွေနဲ့ သတ်မှတ်ယာဉ်တွေကိုသာ လောင်စာဆီဖြည့်ခွင့်ပြုတော့မှာဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင် ယာဉ်တွေကို ဓါတ်ဆီနဲ့ ဒီဇယ်၀ယ်ယူတာတွေကို ဇူလိုင် ၁၀ ရက်ထိ တားမြစ်သွားမယ်လို့ သီရိလင်္ကာအစိုးရက ကြေညာပါတယ်။ မြို့ပြဒေသတွေမှာ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပြီး ပြည်သူတွေကို နေအိမ်မှသာ အလုပ်လုပ်ကြဖို့ တာ၀န်ရှိသူတွေက တိုက်တွန်းထားပါတယ်။ သီရိလင်္ကာနိုင်ငံဟာ လောင်စာဆီနဲ့ စားနပ်ရိက္ခာလိုမျိုး သွင်းကုန်တွေအတွက် နိုင်ငံခြားငွေပေးချေဖို့ ရုန်းကန်နေရပြီး နိုင်ငံသမိုင်းမှာ ဒီလောက်ဆိုးရွားတဲ့ စီးပွားရေးအကြပ်အတည်းကို တကြိမ်မှမကြုံဖူးကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတဦးက ထုတ်ဖော်ပြောဆိုပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…

Read More

မြင်းမူမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း လင်မယား ၂ ယောက် အသတ်ခံရ

ဇွန် ၊ ၂၈ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ကံဖျားကျေးရွာနားမှာ မနေ့ ဇွန် ၂၇ ရက် မနက်ပိုင်းက ၂ လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” မနေ့က မနက် ၉ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ သေဆုံးသူ ၂ ယောက်က အုပ်ကြီးဟောင်း ကိုအောင်ခိုင်တို့ လင်မယားဖြစ်တယ် “လို့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ် ။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မြင်းမူမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက ” ကံဖျားရွာက အုပ်ချုပ်ရေးမှူးဟောင်း ကိုအောင်ခိုင်နဲ့ သူ့မိန်းမ ပြည်ခိုင်ဖြိုး စည်းမှူး ဒေါ်အေးမာကြူတို့ ၂ ယောက်ကို အကြမ်းဖက်သူ လူ ၃၀ ကျော်က လက်ပြန်ကြိုတုပ်…

Read More

ယူကရိန်းရှိ စျေး၀ယ်ကုန်တိုက်ကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်မှု စစ်ရာဇ၀တ်မှုဖြစ်ကြောင်း ဂျီ-၇ ထုတ်ပြန်

ကိယက်ဗ်၊ ဇွန်-၂၈-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ ကရီမန်ချော့မြို့ရှိ စျေး၀ယ်ကုန်တိုက်တခုကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် လူ ၁၈ ဦးထက်မနည်းသေဆုံးသွားပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ လူစည်ကားတဲ့ အဲဒီကုန်တိုက်အတွင်း အရပ်သား ၁၀၀၀ ကျော်ရှိမယ်လို့ ခန့်မှန်းကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးကပြောပါတယ်။ ဂျာမနီမှာ အစည်းအဝေးကျင်းပနေတဲ့ ဂျီ-၇ ခေါင်းဆောင်တွေကတော့ ဒီတိုက်ခိုက်မှုကို စက်ဆုပ်ရွံရှာဖွယ်အဖြစ် ပြစ်တင်ရှုတ်ချလိုက်ပြီး အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်မှုဟာ စစ်ရာဇ၀တ်မှုလို့ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။ လူ ၅၉ ဦးပါဒဏ်ရာရရှိခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွက် ရုရှားကို ပြစ်တင်ပြောဆိုခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီတိုက်ခိုက်မှုဟာ ဥရောပသမိုင်းမှာ အဆိုးရွားဆုံး အကြမ်းဖက်လုပ်ရပ်တွေထဲက တခုဖြစ်တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ Ref: BBC Photo: UKRAINE EMERGENCY SERVICES #voiceofmyanmar #VOM #ကိယက်ဗ်

Read More

ကြို့ပင်ကောက်မြို့မှာ ရပ်ကျေးရာအိမ်မှူးလင်မယားအပါအဝင် ၄ ဦး သေနတ်နဲ့ပစ်သတ်ခံရ

ဇွန် ၂၈-၂၀၂၂ GG+SP (VOM) ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့က ရာအိမ်မှူးလင်မယား အပါအဝင် လူ ၄ ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေဟာ ကြို့ပင်ကောက်မြို့နယ်၊ စုံ ချောင်းကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းရွာ ရာအိမ်မှူး ဦးလှကြည် နဲ့ ဇနီးဖြစ်သူ ​ဒေါ်စန်းမြင့်၊ ဦး ဝင်းမြင့်၊ ဦးခင်ဇော် ဆိုသူတို့ဖြစ်ပြီး မနေ့ ဇွန် ၂၇ ရက် ည ၈ နာရီလောက်မှာ အသတ်ခံရတာဖြစ်တယ်လို့သိရပါတယ်။ ” ရာအိမ်မှူးအိမ်မှာပဲ အကုန်လုံးအသတ်ခံရတာ။ကြားတာတော့ သူတို့၄ယောက်က အစည်းအဝေးလုပ်နေချိန်အပစ်ခံရတာလို့သိရတယ်။၄ယောက်လုံး နေရာမှာပွဲချင်းပြီးပဲ “လို့ ဒေသခံတဦးကပြောပါတယ်။ ရာအိမ်မှူး အပါအဝင် လူ၄ဦးသတ်ခံရမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်း စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ပိတ်ဆို့ရှာဖွေမှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ ကြို့ပင်ကောက်မြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦး ​က ” ​စစ်ဆေးတာတွေ လုပ်နေပါတယ် ၊ အမှုဖွင့် အရေးယူသွားမှာပါ…

Read More

အမေရိကန်မှာ စွန့်ပစ်ကုန်တင်ကားထဲက ဒုက္ခသည် ၄၆ ဦး သေဆုံးလျှက်တွေ့ရှိ

၀ါရှင်တန်၊ ဇွန်-၂၈-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြုိ့ ဆင်ခြေဖုံးမှာ စွန့်ပစ်ထားတဲ့ ကုန်တင်ကားတစီးအတွင်းကနေ ရွှေ့ပြောင်းနေထိုင်သူတွေလို့ ယူဆရတဲ့ လူ ၄၆ ဦးထက်မနည်း သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီကားအတွင်းမှ ကလေးငယ်လေးဦးအပါအ၀င် လူ ၁၆ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မီးသတ်အရာရှိတဦးကဆိုပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေဟာ အပူလွန်ကဲခြင်းနဲ့ အသက်ရှုကြပ်ခြင်းတွေကို ခံစားနေရတယ်လို့ သူကပြောပါတယ်။ အမေရိကန်-မက္ကဆီကိုနယ်စပ်မှ မိုင် ၁၅၀ ကွာဝေးတဲ့ ဆန်အန်တိုနီယိုမြို့ဟာ လူမှောင်ခိုသမားတွေအတွက် အဓိကဖြတ်သန်းသွားလာရာ လမ်းကြောင်းတခုဖြစ်ပါတယ်။ လူမှောင်ခိုသမားတွေဟာ ဝေးလံခေါင်သီတဲ့ အမေရိကန်ဒေသတွေကိုဖြတ်ကျော်၀င်ရောက်ပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပို့ဆောင်ဖို့ လော်ရီကားတွေကို အသုံးပြုလေ့ရှိကြပါတယ်။ သေဆုံးသူတွေဟာ မိသားစုများရှိခဲ့ကြပြီး ပိုမိုကောင်းမွန်တဲ့ ဘ၀တခုရှာဖွေဖို့ကြိုးစားရင်း ကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရခြင်းဖြစ်တယ်လို့ ဆန်အန်တိုနီယိုမြို့တော်၀န် ရွန်နီရန်ဘာ့က ပြောပါတယ်။ Ref: BBC Photo:Getty Images…

Read More
VOM News

FREE
VIEW