အမေရိကန်မှာ စွန့်ပစ်ကုန်တင်ကားထဲက ဒုက္ခသည် ၄၆ ဦး သေဆုံးလျှက်တွေ့ရှိ

၀ါရှင်တန်၊ ဇွန်-၂၈-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြုိ့ ဆင်ခြေဖုံးမှာ စွန့်ပစ်ထားတဲ့ ကုန်တင်ကားတစီးအတွင်းကနေ ရွှေ့ပြောင်းနေထိုင်သူတွေလို့ ယူဆရတဲ့ လူ ၄၆ ဦးထက်မနည်း သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

အဲဒီကားအတွင်းမှ ကလေးငယ်လေးဦးအပါအ၀င် လူ ၁၆ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မီးသတ်အရာရှိတဦးကဆိုပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေဟာ အပူလွန်ကဲခြင်းနဲ့ အသက်ရှုကြပ်ခြင်းတွေကို ခံစားနေရတယ်လို့ သူကပြောပါတယ်။

အမေရိကန်-မက္ကဆီကိုနယ်စပ်မှ မိုင် ၁၅၀ ကွာဝေးတဲ့ ဆန်အန်တိုနီယိုမြို့ဟာ လူမှောင်ခိုသမားတွေအတွက် အဓိကဖြတ်သန်းသွားလာရာ လမ်းကြောင်းတခုဖြစ်ပါတယ်။

လူမှောင်ခိုသမားတွေဟာ ဝေးလံခေါင်သီတဲ့ အမေရိကန်ဒေသတွေကိုဖြတ်ကျော်၀င်ရောက်ပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပို့ဆောင်ဖို့ လော်ရီကားတွေကို အသုံးပြုလေ့ရှိကြပါတယ်။

သေဆုံးသူတွေဟာ မိသားစုများရှိခဲ့ကြပြီး ပိုမိုကောင်းမွန်တဲ့ ဘ၀တခုရှာဖွေဖို့ကြိုးစားရင်း ကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရခြင်းဖြစ်တယ်လို့ ဆန်အန်တိုနီယိုမြို့တော်၀န် ရွန်နီရန်ဘာ့က ပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW