ရေးမြို့နယ်မှာ ပြည်သူ့စစ် ၅ ဦးအသတ်ခံရပြီး သေနတ်တွေ ပျောက်ဆုံးနေ

ဇွန် ၊ ၂၈ ၊ ၂၀၂၂ SP(VOM) မွန်ပြည်နယ် ၊ ရေးမြို့နယ် ၊ အစင်စံပြကျေးရွာရဲ့ ရွာဝင်တံတားမှာ လုံခြုံရေးကျနေတဲ့ ပြည်သူ့စစ် ၅ ဦးဟာ မနေ့ ဇွန် ၂၇ ရက် ညပိုင်းက အသတ်ခံရပြီး သူ့တို့ကိုင်ဆောင်ထားတဲ့ သေနတ်တွေလည်း ပျောက်ဆုံးနေတယ်လို့ အစင်စံပြကျေးရွာခံတွေဆီက သိရပါတယ်။ ” သေဆုံးသူ ၅ ဦးက ၊ ရွာက ပြည်သူ့စစ်တွေဖြစ်တယ် ၊ ရွာအဝင်တံတားမှာ လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့အချိန် ဆိုင်ကယ် ၃ စီးနဲ့ လူ ၆ ယောက်က လာပစ်သွားတာပါ ၊ သေနတ် ၄ လက်လည်း သူတို့ရသွားတယ် “လို့ အစင်ရွာခံတယောက်က ပြောပါတယ်။ ရေးမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က” ပြည်သူ့စစ်တွေဖြစ်ကြတဲ့ ဦးသန်းဌေး ၊ ဦးမြင့်စိုး…

Read More

မအူပင်နဲ့ဖျာပုံမြို့တွေမှာ ၂၅ ရက်အတွင်း လူ ၃၀ ကျော် ဖမ်းဆီးခံထားရ

ပုသိမ် ၊ ဇွန် -၂၈ ၊၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းထဲက မအူပင်မြို့နဲ့ဖျာပုံမြို့တွေက ကျေးရွာတွေမှာ ဇွန်လ ၁ ရက်ကနေ ဒီကနေ့ ၂၅ ရက် အထိ ရက်ပေါင်း ၂၅ရက်အတွင်း လူ ၃၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ မအူပင်မြို့အတွင်းရှိ ကျေးရွာတွေက ဒေသခံ အယောက် ၂၀ နဲ့ ဖျာပုံမြို့ရှိ ကျေးရွာတွေက ဒေသခံ ၁၂ ယောက် ဖမ်းဆီးခံထားရတာဖြစ်ပြီး သူတို့တွေကို မိသားစုတွေက ဒီကနေ့အချိန်ထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ သိရပါတယ်။ “မအူပင်မှာက အယောက် ၂၀ အဖမ်းခံရတယ်။လူငယ်နဲ့ လူလတ်ပိုင်းတွေပါ လူသတ်မှု၊ညဘက်အပြင်ထွက်မှု၊ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်တယ်လို့ဆိုပြီးအဖမ်းခံရတာ။လက်ရှိအချိန်အထိ ပြန်မလွှတ်သေးပါဘူး။ ဖျာပုံဘက်ကတော့ ၁၂ ယောက်အထိ အဖမ်းခံထားရတယ် ”လို့ ဖမ်းဆီးခံရတဲ့သူတွေနဲ့နီးစပ်သူတယောက်ကပြောပါတယ်။ အဲ့ဒီလို့ ဖမ်းဆီးခံရသူတွေဟာ လူသတ်မှုနဲ့ ပတ်သက်တယ်ဆိုပြီး ၂ ယောက်…

Read More

သီရိလင်္ကာမှာ သတ်မှတ်ယာဉ်တွေကိုသာ လောင်စာဆီရောင်းချတော့မယ်လို့ အစိုးရကြေညာ

ကိုလံဘို၊ ဇွန်-၂၈ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ မရှိမဖြစ်မဟုတ်တဲ့ ယာဉ်တွေအတွက် လောင်စာဆီရောင်းချမှုကို ဇွန် ၂၇ ရက်မှာ ရပ်ဆိုင်းလိုက်ပါတယ်။ လာမယ့် သီတင်းနှစ်ပတ်အတွင်း ဆေးဘက်ဆိုင်ရာ၀န်ဆောင်မှုတွေနဲ့ အစားအသောက်တွေ သယ်ယူပို့ဆောင်ရာမှာ အသုံးပြုတဲ့ ဘတ်စ်ကားတွေ၊ ရထားတွေနဲ့ သတ်မှတ်ယာဉ်တွေကိုသာ လောင်စာဆီဖြည့်ခွင့်ပြုတော့မှာဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင် ယာဉ်တွေကို ဓါတ်ဆီနဲ့ ဒီဇယ်၀ယ်ယူတာတွေကို ဇူလိုင် ၁၀ ရက်ထိ တားမြစ်သွားမယ်လို့ သီရိလင်္ကာအစိုးရက ကြေညာပါတယ်။ မြို့ပြဒေသတွေမှာ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပြီး ပြည်သူတွေကို နေအိမ်မှသာ အလုပ်လုပ်ကြဖို့ တာ၀န်ရှိသူတွေက တိုက်တွန်းထားပါတယ်။ သီရိလင်္ကာနိုင်ငံဟာ လောင်စာဆီနဲ့ စားနပ်ရိက္ခာလိုမျိုး သွင်းကုန်တွေအတွက် နိုင်ငံခြားငွေပေးချေဖို့ ရုန်းကန်နေရပြီး နိုင်ငံသမိုင်းမှာ ဒီလောက်ဆိုးရွားတဲ့ စီးပွားရေးအကြပ်အတည်းကို တကြိမ်မှမကြုံဖူးကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတဦးက ထုတ်ဖော်ပြောဆိုပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…

Read More

မြင်းမူမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း လင်မယား ၂ ယောက် အသတ်ခံရ

ဇွန် ၊ ၂၈ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ကံဖျားကျေးရွာနားမှာ မနေ့ ဇွန် ၂၇ ရက် မနက်ပိုင်းက ၂ လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” မနေ့က မနက် ၉ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ သေဆုံးသူ ၂ ယောက်က အုပ်ကြီးဟောင်း ကိုအောင်ခိုင်တို့ လင်မယားဖြစ်တယ် “လို့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ် ။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မြင်းမူမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက ” ကံဖျားရွာက အုပ်ချုပ်ရေးမှူးဟောင်း ကိုအောင်ခိုင်နဲ့ သူ့မိန်းမ ပြည်ခိုင်ဖြိုး စည်းမှူး ဒေါ်အေးမာကြူတို့ ၂ ယောက်ကို အကြမ်းဖက်သူ လူ ၃၀ ကျော်က လက်ပြန်ကြိုတုပ်…

Read More

ယူကရိန်းရှိ စျေး၀ယ်ကုန်တိုက်ကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်မှု စစ်ရာဇ၀တ်မှုဖြစ်ကြောင်း ဂျီ-၇ ထုတ်ပြန်

ကိယက်ဗ်၊ ဇွန်-၂၈-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ ကရီမန်ချော့မြို့ရှိ စျေး၀ယ်ကုန်တိုက်တခုကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် လူ ၁၈ ဦးထက်မနည်းသေဆုံးသွားပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ လူစည်ကားတဲ့ အဲဒီကုန်တိုက်အတွင်း အရပ်သား ၁၀၀၀ ကျော်ရှိမယ်လို့ ခန့်မှန်းကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးကပြောပါတယ်။ ဂျာမနီမှာ အစည်းအဝေးကျင်းပနေတဲ့ ဂျီ-၇ ခေါင်းဆောင်တွေကတော့ ဒီတိုက်ခိုက်မှုကို စက်ဆုပ်ရွံရှာဖွယ်အဖြစ် ပြစ်တင်ရှုတ်ချလိုက်ပြီး အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်မှုဟာ စစ်ရာဇ၀တ်မှုလို့ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။ လူ ၅၉ ဦးပါဒဏ်ရာရရှိခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွက် ရုရှားကို ပြစ်တင်ပြောဆိုခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီတိုက်ခိုက်မှုဟာ ဥရောပသမိုင်းမှာ အဆိုးရွားဆုံး အကြမ်းဖက်လုပ်ရပ်တွေထဲက တခုဖြစ်တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ Ref: BBC Photo: UKRAINE EMERGENCY SERVICES #voiceofmyanmar #VOM #ကိယက်ဗ်

Read More

ကြို့ပင်ကောက်မြို့မှာ ရပ်ကျေးရာအိမ်မှူးလင်မယားအပါအဝင် ၄ ဦး သေနတ်နဲ့ပစ်သတ်ခံရ

ဇွန် ၂၈-၂၀၂၂ GG+SP (VOM) ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့က ရာအိမ်မှူးလင်မယား အပါအဝင် လူ ၄ ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေဟာ ကြို့ပင်ကောက်မြို့နယ်၊ စုံ ချောင်းကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းရွာ ရာအိမ်မှူး ဦးလှကြည် နဲ့ ဇနီးဖြစ်သူ ​ဒေါ်စန်းမြင့်၊ ဦး ဝင်းမြင့်၊ ဦးခင်ဇော် ဆိုသူတို့ဖြစ်ပြီး မနေ့ ဇွန် ၂၇ ရက် ည ၈ နာရီလောက်မှာ အသတ်ခံရတာဖြစ်တယ်လို့သိရပါတယ်။ ” ရာအိမ်မှူးအိမ်မှာပဲ အကုန်လုံးအသတ်ခံရတာ။ကြားတာတော့ သူတို့၄ယောက်က အစည်းအဝေးလုပ်နေချိန်အပစ်ခံရတာလို့သိရတယ်။၄ယောက်လုံး နေရာမှာပွဲချင်းပြီးပဲ “လို့ ဒေသခံတဦးကပြောပါတယ်။ ရာအိမ်မှူး အပါအဝင် လူ၄ဦးသတ်ခံရမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်း စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ပိတ်ဆို့ရှာဖွေမှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ ကြို့ပင်ကောက်မြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦး ​က ” ​စစ်ဆေးတာတွေ လုပ်နေပါတယ် ၊ အမှုဖွင့် အရေးယူသွားမှာပါ…

Read More

အမေရိကန်မှာ စွန့်ပစ်ကုန်တင်ကားထဲက ဒုက္ခသည် ၄၆ ဦး သေဆုံးလျှက်တွေ့ရှိ

၀ါရှင်တန်၊ ဇွန်-၂၈-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြုိ့ ဆင်ခြေဖုံးမှာ စွန့်ပစ်ထားတဲ့ ကုန်တင်ကားတစီးအတွင်းကနေ ရွှေ့ပြောင်းနေထိုင်သူတွေလို့ ယူဆရတဲ့ လူ ၄၆ ဦးထက်မနည်း သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီကားအတွင်းမှ ကလေးငယ်လေးဦးအပါအ၀င် လူ ၁၆ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မီးသတ်အရာရှိတဦးကဆိုပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေဟာ အပူလွန်ကဲခြင်းနဲ့ အသက်ရှုကြပ်ခြင်းတွေကို ခံစားနေရတယ်လို့ သူကပြောပါတယ်။ အမေရိကန်-မက္ကဆီကိုနယ်စပ်မှ မိုင် ၁၅၀ ကွာဝေးတဲ့ ဆန်အန်တိုနီယိုမြို့ဟာ လူမှောင်ခိုသမားတွေအတွက် အဓိကဖြတ်သန်းသွားလာရာ လမ်းကြောင်းတခုဖြစ်ပါတယ်။ လူမှောင်ခိုသမားတွေဟာ ဝေးလံခေါင်သီတဲ့ အမေရိကန်ဒေသတွေကိုဖြတ်ကျော်၀င်ရောက်ပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပို့ဆောင်ဖို့ လော်ရီကားတွေကို အသုံးပြုလေ့ရှိကြပါတယ်။ သေဆုံးသူတွေဟာ မိသားစုများရှိခဲ့ကြပြီး ပိုမိုကောင်းမွန်တဲ့ ဘ၀တခုရှာဖွေဖို့ကြိုးစားရင်း ကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရခြင်းဖြစ်တယ်လို့ ဆန်အန်တိုနီယိုမြို့တော်၀န် ရွန်နီရန်ဘာ့က ပြောပါတယ်။ Ref: BBC Photo:Getty Images…

Read More

ရခိုင်ပင်လယ်ပြင်ထဲကို တရုတ်အာကာသယာဉ်အပိုင်းအစတွေ ကျရောက်ပေါက်ကွဲ

ဇွန် ၂၈- ၂၀၂၂ SW(VOM) ရခိုင်ပင်လယ်ပြင်အတွင်းကို မနေ့ ဇွန် ၂၇ ရက် ည ၁၁နာရီလောက်က တရုတ်အာကာသယာဉ် အပိုင်းအစတွေ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့​တယ်လို့ သံတွဲခရိုင်နဲ့ အနီးပတ်ဝန်းကျင်မြို့နယ်တွေက ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ တရုတ်အာကာသယာဉ်အပိုင်းအစတွေ ကျရောက်နိုင်ကြောင်း သက်ဆိုင်ရာက ကြိုတင်အသိပေးထုတ်ပြန်ထားပြီး မနေ့က ညအချိန်မှာ သံတွဲမြို့နယ်၊ နံ့သာကျွန်း အနောက်တောင်ဘက် ပင်လယ်ရေပြင်ပေါ်သို့ ကျရောက်ခဲ့တာဖြစ်​တယ်လို့ သိရပါတယ်။ သံတွဲမြို့ခံ ကိုမင်းမင်းလှက “ တရုတ်အာကာသ အစိတ်အပိုင်းအစတွေ ကျတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ကျနော်အသေချာမသိလိုက်ဘူး။ ဒါပေမယ့် ကျနော်အိပ်နေတုန်း ည ၁၁ နာရီလောက်မှာ “ဝုန်း” ဆိုတဲ့ အသံတသံတော့ ကြားလိုက်တယ်” လို့ ပြောပါတယ်။ အဲဒီလို ပေါက်ကွဲသံကို သံတွဲမြို့နယ်အပြင် တခြား တောင်ကုတ်နဲ့ မာန်အောင်မြို့နယ်တွေကပါ ကြားလိုက်ရပြီး ဆင့်ကဲပေါက်ကွဲသံ ၃…

Read More

စစ်ကိုင်းခရိုင်ထဲက ရွာတွေမှာ လူသတ်မှုတွေကြောင့် ရက် ၂၀ အတွင်း သေဆုံးသူ ၁၆ ဦးအထိရှိလာ

ဇွန် ၊ ၂၈ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်းထဲက စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့နယ်တွေက ရွာတွေမှာ ဒီလ ၅ ရက်ကစလို့ ရက်ပေါင်း ၂၀ ကျော် ကာလအတွင်းမှာ လူသတ်မှု ၈ ကြိမ်ဆက်တိုက်ဖြစ်ပွားပြီး သေဆုံးခဲ့ရတဲ့ လူအရေအတွက်ဟာလည်း ၂ ဒါဇင်နီးပါးရှိတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” စစ်ကိုင်းနယ်မှာ အသတ်ခံရတာက ၄ လောင်းပြိုင် ၂ ကြိမ် ၊ ၃ လောင်းပြိုင် ၁ ကြိမ် ၊ ၂ လောင်းပြိုင် ၁ ကြိမ်ဖြစ်တယ် ၊ မြင်းမူမြို့နယ်မှာက ၂ လောင်းပြိုင် ၁ ကြိမ်နဲ့ ၁ လောင်း ၂ ကြိမ်ဖြစ်ခဲ့တာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် စစ်ကိုင်းမြို့ခံ…

Read More

ကိုဗစ် ကာကွယ်ဆေးတွေ ဆိုတာ

ဇွန် ၂၈၊ ၂၀၂၂။ VOM ကမ္ဘာ့ ကပ်ရောဂါ ဆိုးကြီးတခု ဖြစ်တဲ့ COVID-19 ရောဂါဟာ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားနှုန်းက တဖြည်းဖြည်း လျော့နည်းလာနေသလို တဖက်မှာလည်း မျိုးကွဲမျိုးစုံ ဆင့်ကဲပြောင်းလဲ ကူးစက်မှုတွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။ COVID-19 ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ကာကွယ်ဆေးတွေကို နိုင်ငံအသီးသီး၊ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီ အသီးသီးက ထုတ်လုပ်လာကြပြီး၊ နိုင်ငံအတော်များများကို လွှမ်းခြုံဖြန့်ဝေလာနေတာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးတာတွေ အများအပြားလုပ်လာနေတာလည်း ရှိနေပါတယ်။ ဒီတော့၊ ဒီကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး ဘာတွေ သိထားသင့်သလဲ၊ ကာကွယ်ဆေးထိုးသင့် မသင့် ဆိုတာတွေနဲ့ ပတ်သက်လို့၊ အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး ကျန်းမာရေးဆိုင်ရာ စာပေ၊ ဆောင်းပါးတွေ ရေးသားပညာပေးနေတဲ့ ဒေါက်တာတင့်ဆွေကို VOM က ဆက်သွယ်မေးမြန်းထားပါတယ်။ VOM ။…

Read More
VOM News

FREE
VIEW