မအူပင်နဲ့ဖျာပုံမြို့တွေမှာ ၂၅ ရက်အတွင်း လူ ၃၀ ကျော် ဖမ်းဆီးခံထားရ

ပုသိမ် ၊ ဇွန် -၂၈ ၊၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းထဲက မအူပင်မြို့နဲ့ဖျာပုံမြို့တွေက
ကျေးရွာတွေမှာ ဇွန်လ ၁ ရက်ကနေ ဒီကနေ့ ၂၅ ရက်
အထိ ရက်ပေါင်း ၂၅ရက်အတွင်း လူ ၃၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မအူပင်မြို့အတွင်းရှိ ကျေးရွာတွေက ဒေသခံ အယောက် ၂၀ နဲ့ ဖျာပုံမြို့ရှိ ကျေးရွာတွေက ဒေသခံ ၁၂ ယောက် ဖမ်းဆီးခံထားရတာဖြစ်ပြီး သူတို့တွေကို မိသားစုတွေက ဒီကနေ့အချိန်ထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ သိရပါတယ်။

“မအူပင်မှာက အယောက် ၂၀ အဖမ်းခံရတယ်။လူငယ်နဲ့ လူလတ်ပိုင်းတွေပါ လူသတ်မှု၊ညဘက်အပြင်ထွက်မှု၊ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်တယ်လို့ဆိုပြီးအဖမ်းခံရတာ။လက်ရှိအချိန်အထိ ပြန်မလွှတ်သေးပါဘူး။ ဖျာပုံဘက်ကတော့ ၁၂ ယောက်အထိ အဖမ်းခံထားရတယ် ”လို့ ဖမ်းဆီးခံရတဲ့သူတွေနဲ့နီးစပ်သူတယောက်ကပြောပါတယ်။

အဲ့ဒီလို့ ဖမ်းဆီးခံရသူတွေဟာ လူသတ်မှုနဲ့ ပတ်သက်တယ်ဆိုပြီး ၂ ယောက် ၊ PDF နဲ့ ပတ်သက်တယ်ဆိုပြီး အယောက် ၂၀ ၊ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်တယ်ဆိုပြီး ၆ ယောက်၊ညဘက်အပြင်ထွက်လို့ ဖမ်းတာ၂ ယောက်နဲ့NUG ကို ငွေထောက်ပံ့တယ်ဆိုပြီး ဖမ်းခံထားရတာ ၂ ယောက်ဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတာဝန်ရှိသူတ
ယောက်က”အဖမ်းခံရတဲ့ ဖြစ်စဉ်တွေရှိတာမှန်တယ်၊
ပြစ်မှုမကျူးလွန်ရင် ဘာမှမဖြစ်ဘူး၊ ကျူးလွန်ရင်တော့ ဥပဒေနဲ့အညီ ပြစ်ဒဏ်ပေးခံရမှာသေချာတယ်။တစ်ချို့အဖမ်းခံရသူတွေကလည်း မသင်္ကာလို့ စစ်ဆေးဖို့ဖမ်းခေါ်သွားတာတွေပါ။”လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက တစ်ချို့ဟာ အမျိုးသမီးတွေ၊ အသက်ငယ်တဲ့ လူငယ်တွေနဲ့ အသက်ကြီးသူတွေလည်းပါတယ်လို့သိရပြီး နိုင်ငံရေးကိုလုံးဝနားမလည်တဲ့သူတွေပါတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

အဲ့ဒီ ဖမ်းဆီးမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုရေးဖွင့်ထားတဲ့သူတွေလည်းရှိနေပြီး စစ်ကြောရေး ရောက်နေတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မအူပင် #ဖျာပုံ #ဖမ်းဆီးခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW