သီရိလင်္ကာမှာ သတ်မှတ်ယာဉ်တွေကိုသာ လောင်စာဆီရောင်းချတော့မယ်လို့ အစိုးရကြေညာ

ကိုလံဘို၊ ဇွန်-၂၈
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ မရှိမဖြစ်မဟုတ်တဲ့ ယာဉ်တွေအတွက် လောင်စာဆီရောင်းချမှုကို ဇွန် ၂၇ ရက်မှာ ရပ်ဆိုင်းလိုက်ပါတယ်။

လာမယ့် သီတင်းနှစ်ပတ်အတွင်း ဆေးဘက်ဆိုင်ရာ၀န်ဆောင်မှုတွေနဲ့ အစားအသောက်တွေ သယ်ယူပို့ဆောင်ရာမှာ အသုံးပြုတဲ့ ဘတ်စ်ကားတွေ၊ ရထားတွေနဲ့ သတ်မှတ်ယာဉ်တွေကိုသာ လောင်စာဆီဖြည့်ခွင့်ပြုတော့မှာဖြစ်ပါတယ်။

ပုဂ္ဂလိကပိုင် ယာဉ်တွေကို ဓါတ်ဆီနဲ့ ဒီဇယ်၀ယ်ယူတာတွေကို ဇူလိုင် ၁၀ ရက်ထိ တားမြစ်သွားမယ်လို့ သီရိလင်္ကာအစိုးရက ကြေညာပါတယ်။

မြို့ပြဒေသတွေမှာ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပြီး ပြည်သူတွေကို နေအိမ်မှသာ အလုပ်လုပ်ကြဖို့ တာ၀န်ရှိသူတွေက တိုက်တွန်းထားပါတယ်။

သီရိလင်္ကာနိုင်ငံဟာ လောင်စာဆီနဲ့ စားနပ်ရိက္ခာလိုမျိုး သွင်းကုန်တွေအတွက် နိုင်ငံခြားငွေပေးချေဖို့ ရုန်းကန်နေရပြီး နိုင်ငံသမိုင်းမှာ ဒီလောက်ဆိုးရွားတဲ့ စီးပွားရေးအကြပ်အတည်းကို တကြိမ်မှမကြုံဖူးကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတဦးက ထုတ်ဖော်ပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW