ယူကရိန်းရှိ စျေး၀ယ်ကုန်တိုက်ကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်မှု စစ်ရာဇ၀တ်မှုဖြစ်ကြောင်း ဂျီ-၇ ထုတ်ပြန်

ကိယက်ဗ်၊ ဇွန်-၂၈-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ ကရီမန်ချော့မြို့ရှိ စျေး၀ယ်ကုန်တိုက်တခုကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် လူ ၁၈ ဦးထက်မနည်းသေဆုံးသွားပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ လူစည်ကားတဲ့ အဲဒီကုန်တိုက်အတွင်း အရပ်သား ၁၀၀၀ ကျော်ရှိမယ်လို့ ခန့်မှန်းကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးကပြောပါတယ်။

ဂျာမနီမှာ အစည်းအဝေးကျင်းပနေတဲ့ ဂျီ-၇ ခေါင်းဆောင်တွေကတော့ ဒီတိုက်ခိုက်မှုကို စက်ဆုပ်ရွံရှာဖွယ်အဖြစ် ပြစ်တင်ရှုတ်ချလိုက်ပြီး အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်မှုဟာ စစ်ရာဇ၀တ်မှုလို့ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

လူ ၅၉ ဦးပါဒဏ်ရာရရှိခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွက် ရုရှားကို ပြစ်တင်ပြောဆိုခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဥရောပသမိုင်းမှာ အဆိုးရွားဆုံး အကြမ်းဖက်လုပ်ရပ်တွေထဲက တခုဖြစ်တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

Ref: BBC
Photo: UKRAINE EMERGENCY SERVICES
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW