ကြို့ပင်ကောက်မြို့မှာ ရပ်ကျေးရာအိမ်မှူးလင်မယားအပါအဝင် ၄ ဦး သေနတ်နဲ့ပစ်သတ်ခံရ

ဇွန် ၂၈-၂၀၂၂
GG+SP (VOM)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့က ရာအိမ်မှူးလင်မယား အပါအဝင် လူ ၄ ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ ကြို့ပင်ကောက်မြို့နယ်၊ စုံ ချောင်းကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းရွာ ရာအိမ်မှူး ဦးလှကြည် နဲ့ ဇနီးဖြစ်သူ ​ဒေါ်စန်းမြင့်၊ ဦး ဝင်းမြင့်၊ ဦးခင်ဇော် ဆိုသူတို့ဖြစ်ပြီး မနေ့ ဇွန် ၂၇ ရက် ည ၈ နာရီလောက်မှာ အသတ်ခံရတာဖြစ်တယ်လို့သိရပါတယ်။

” ရာအိမ်မှူးအိမ်မှာပဲ အကုန်လုံးအသတ်ခံရတာ။ကြားတာတော့ သူတို့၄ယောက်က အစည်းအဝေးလုပ်နေချိန်အပစ်ခံရတာလို့သိရတယ်။၄ယောက်လုံး နေရာမှာပွဲချင်းပြီးပဲ “လို့ ဒေသခံတဦးကပြောပါတယ်။

ရာအိမ်မှူး အပါအဝင် လူ၄ဦးသတ်ခံရမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်း စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ပိတ်ဆို့ရှာဖွေမှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦး ​က ” ​စစ်ဆေးတာတွေ လုပ်နေပါတယ် ၊ အမှုဖွင့် အရေးယူသွားမှာပါ ” လို့ ပြောပါတယ်။

အဲ့ဒီကိစ္စကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊တပ်ခွဲ ၁ က သူတို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကြေညာထားပါတယ်။

ကျေးရွာနေပြည်သူလူထုအပေါ် မောက်မာရိုင်းစိုင်းစာ ဖိနှိပ်အုပ်ချုပ်နေခြင်း၊ မိမိ တို့ PDF နဲ့ ဆက်သွယ်သူတွေကို ဒုက္ခပေးခြင်း၊ PDF တွေရဲ့ သတင်းကို ထောက်လှမ်းပြီး နစက ဆီ သတင်းပေးတယ်လို့ တိုင်ကြားမှုကြောင့် သုတ်သင်ခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာရေးသားထားပါတယ်။

#voiceofmyanmar #VOM #ကြို့ပင်ကောက် #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW