ရခိုင်ပင်လယ်ပြင်ထဲကို တရုတ်အာကာသယာဉ်အပိုင်းအစတွေ ကျရောက်ပေါက်ကွဲ

ဇွန် ၂၈- ၂၀၂၂ SW(VOM) ရခိုင်ပင်လယ်ပြင်အတွင်းကို မနေ့ ဇွန် ၂၇ ရက် ည ၁၁နာရီလောက်က တရုတ်အာကာသယာဉ် အပိုင်းအစတွေ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့​တယ်လို့ သံတွဲခရိုင်နဲ့ အနီးပတ်ဝန်းကျင်မြို့နယ်တွေက ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ တရုတ်အာကာသယာဉ်အပိုင်းအစတွေ ကျရောက်နိုင်ကြောင်း သက်ဆိုင်ရာက ကြိုတင်အသိပေးထုတ်ပြန်ထားပြီး မနေ့က ညအချိန်မှာ သံတွဲမြို့နယ်၊ နံ့သာကျွန်း အနောက်တောင်ဘက် ပင်လယ်ရေပြင်ပေါ်သို့ ကျရောက်ခဲ့တာဖြစ်​တယ်လို့ သိရပါတယ်။ သံတွဲမြို့ခံ ကိုမင်းမင်းလှက “ တရုတ်အာကာသ အစိတ်အပိုင်းအစတွေ ကျတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ကျနော်အသေချာမသိလိုက်ဘူး။ ဒါပေမယ့် ကျနော်အိပ်နေတုန်း ည ၁၁ နာရီလောက်မှာ “ဝုန်း” ဆိုတဲ့ အသံတသံတော့ ကြားလိုက်တယ်” လို့ ပြောပါတယ်။ အဲဒီလို ပေါက်ကွဲသံကို သံတွဲမြို့နယ်အပြင် တခြား တောင်ကုတ်နဲ့ မာန်အောင်မြို့နယ်တွေကပါ ကြားလိုက်ရပြီး ဆင့်ကဲပေါက်ကွဲသံ ၃…

Read More

စစ်ကိုင်းခရိုင်ထဲက ရွာတွေမှာ လူသတ်မှုတွေကြောင့် ရက် ၂၀ အတွင်း သေဆုံးသူ ၁၆ ဦးအထိရှိလာ

ဇွန် ၊ ၂၈ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်းထဲက စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့နယ်တွေက ရွာတွေမှာ ဒီလ ၅ ရက်ကစလို့ ရက်ပေါင်း ၂၀ ကျော် ကာလအတွင်းမှာ လူသတ်မှု ၈ ကြိမ်ဆက်တိုက်ဖြစ်ပွားပြီး သေဆုံးခဲ့ရတဲ့ လူအရေအတွက်ဟာလည်း ၂ ဒါဇင်နီးပါးရှိတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” စစ်ကိုင်းနယ်မှာ အသတ်ခံရတာက ၄ လောင်းပြိုင် ၂ ကြိမ် ၊ ၃ လောင်းပြိုင် ၁ ကြိမ် ၊ ၂ လောင်းပြိုင် ၁ ကြိမ်ဖြစ်တယ် ၊ မြင်းမူမြို့နယ်မှာက ၂ လောင်းပြိုင် ၁ ကြိမ်နဲ့ ၁ လောင်း ၂ ကြိမ်ဖြစ်ခဲ့တာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် စစ်ကိုင်းမြို့ခံ…

Read More

ကိုဗစ် ကာကွယ်ဆေးတွေ ဆိုတာ

ဇွန် ၂၈၊ ၂၀၂၂။ VOM ကမ္ဘာ့ ကပ်ရောဂါ ဆိုးကြီးတခု ဖြစ်တဲ့ COVID-19 ရောဂါဟာ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားနှုန်းက တဖြည်းဖြည်း လျော့နည်းလာနေသလို တဖက်မှာလည်း မျိုးကွဲမျိုးစုံ ဆင့်ကဲပြောင်းလဲ ကူးစက်မှုတွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။ COVID-19 ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ကာကွယ်ဆေးတွေကို နိုင်ငံအသီးသီး၊ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီ အသီးသီးက ထုတ်လုပ်လာကြပြီး၊ နိုင်ငံအတော်များများကို လွှမ်းခြုံဖြန့်ဝေလာနေတာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးတာတွေ အများအပြားလုပ်လာနေတာလည်း ရှိနေပါတယ်။ ဒီတော့၊ ဒီကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး ဘာတွေ သိထားသင့်သလဲ၊ ကာကွယ်ဆေးထိုးသင့် မသင့် ဆိုတာတွေနဲ့ ပတ်သက်လို့၊ အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး ကျန်းမာရေးဆိုင်ရာ စာပေ၊ ဆောင်းပါးတွေ ရေးသားပညာပေးနေတဲ့ ဒေါက်တာတင့်ဆွေကို VOM က ဆက်သွယ်မေးမြန်းထားပါတယ်။ VOM ။…

Read More

ကံပိုင်တည်မှာ တရုတ်ဘက် ကုန်တင်ပို့ဖို့ စောင့်နေတဲ့ ကားတချို့ မိုးသည်းထန်ပြီး မြေပြိုလို့ ထိခိုက်ပျက်စီး

ဇွန် ၂၇-၂၀၂၂ Shy V (VOM) ကချင်ပြည်နယ်၊ ကံပိုင်တည်မှာ တရုတ်ဘက်ကို ကုန်တင်ပို့ဖို့ စောင့်နေတဲ့ကားတွေဟာ ဒီကနေ့ မနက်ပိုင်းက မိုးသည်းထန်ပြီး မြေပြိုလို့ ထိခိုက်ပျက်စီးမှု ဖြစ်ပွားနေတယ်လို့ နယ်စပ် ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။ “မနေ့ည ကတည်းက ဒီကနေ့မနက်ပိုင်းအထိ မိုး သဲကြီးမဲကြီး ဆက်တိုက်ရွာလို့ အခုမနက်ခင်းပိုင်းမှာ မြေပြိုသွားတာ။ ထိတာတော့ ကျနော့် အိမ်က ကား တစီး ထိသွားတယ်။”လို့ အဲဒီ ကားပိုင်ရှင်က ပြောပါတယ်။ အဲဒီကားပေါ်မှာ တရုတ်နိုင်ငံဘက်ကို တင်ပို့မယ့် တစ်သျှူးငှက်ပျော တရုတ်ငွေ ယွမ် ၁ သောင်းကျော်ဖိုးခန့် တင်ဆောင်ထားပြီး ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်း တရုတ်ဘက်ထဲကို ဝင်ဖို့ အလှည့်ကျတဲ့ကား ဖြစ်တယ်လို့ သိရပါတယ်။ “မိုး တညလုံးလို ရွာနေတာ ဆက်တိုက်။ အပေါ်ကွင်း…

Read More

အာရှစတိုင် နေတိုးအဖွဲ့ဖွဲ့ဖို့ အမေရိကန်ကြိုးစားနေကြောင်း မြောက်ကိုရီးယား စွပ်စွဲ

ပြုံးယမ်း၊ ဇွန်-၂၇-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်ဟာ အာရှမှာ နေတိုးလိုမျိုး စစ်မဟာမိတ်ဖွဲ့ဖို့ ကြိုးစားနေပြီး မြောက်ကိုရီးယားအစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်နေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ရန်ကို ဟန့်တားဖို့လိုအပ်ပါက အမေရိကန်ရဲ့လက်နက်တွေ တိုးမြှင့်ချထားဖို့ အမေရိကန်သမ္မတနဲ့ တောင်ကိုရီးယားသမ္မတတို့အကြား မကြာသေးမီက သဘောတူလိုက်ပြီးနောက် မြောက်ကိုရီးယားက အခုလို စွပ်စွဲပြောဆိုလိုက်တာဖြစ်ပါတယ်။ အမေရိကန်ဟာ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပြောင်ပြောင်တင်းတင်းပြုလုပ်နေပြီး အာရှပုံစံနေတိုးအဖွဲ့ဖွဲ့ဖို့ အပြည့်အ၀လုပ်ဆောင်နေတယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါဟာ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တပ်ဖွဲ့တွေရဲ့ မကြာသေးမီကပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုကို ရည်ညွှန်းတာဖြစ်ပြီး အမေရိကန်ဟာ လေးနှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် အမေရိကန်လေယာဉ်တင်သင်္ဘောတစီးကို စစ်ရေးလေ့ကျင့်မှုမှာ အသုံးပြုခဲ့ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားအစိုးရကို ဖြုတ်ချဖို့ရည်ရွယ်ပြီး ကြိုတင်ပြင်ဆင်တာလို့ ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုတွေ ပုံမှန်လုပ်ဆောင်နေတဲ့ မြောက်ကိုရီးယားက ပြောပါတယ်။ Ref: Reuters Photo:Reuters #voiceofmyanmar #VOM #ပြုံးယမ်း

Read More

မြိတ်နဲ့ကော့သောင်းမှာ ဘတ် / ကျပ် နဲ့ ချင်းရွှေဟော်မှာ ယွမ်/ကျပ် တိုးချဲ့အသုံးပြုနိုင်ဖို့ ဗဟိုဘဏ် စီစဥ်နေ

ဇွန် ၂၇-၂၀၂၂ VOM (GG) ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုမြန်ဆန်အောင် မြိတ် နဲ့ ကော့သောင်းမှာ ဘတ် / ကျပ် တိုးချဲ့အသုံးပြုနိုင်ရေးနဲ့ ချင်းရွှေဟော်မှာ ယွမ်/ကျပ် တိုးချဲ့ အသုံးပြုနိုင်ဖို့ ဗဟိုဘဏ်က စီစဥ်နေတယ်လို့သိရပါတယ်။ လာမယ့် ဇူလိုင်လမှာ လုပ်ငန်းစတင်နိုင်ဖို့​ မျှော်မှန်းထားပြီး အဲ့ဒီအတွက် ဗဟိုဘဏ်က ထိုင်းဘဏ်တာဝန်ရှိသူတွေအပါအဝင် ပြည်တွင်းက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ” ဒေါ်လာသုံးစွဲမှုကို လျှော့ချင်လို့ အခုလိုလုပ်တာဖြစ်မယ်။တရုတ်ငွေနဲ့ ထိုင်းငွေကို တရားဝင်သုံးစွဲခွင့်ပြုတော့ ကုန်သည်တွေအတွက်တော့ အဆင်ပြေတာပေါ့။တရုတ်ငွေနဲ့ချေရမယ့်ဟာဆို တခါတည်းချေလို့ရသွားတယ်။အလုပ်မရှုပ်တော့ဘူးပေါ့။ဒီကိစ္စအတွက် မနေ့က ဗဟိုဘဏ်နဲ့ဘဏ်တာဝန်ရှိသူတွေ ဆွေးနွေးကြတယ် ” လို့ ပို့ကုန်လုပ်ငန်းရှင်တဦးကပြောပါတယ်။ လက်ရှိမှာ ဗဟိုဘဏ်က ဘဏ်၊ အကောက်ခွန်ဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အပြင် ဒေသဆိုင်ရာတွေ၊ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် မြေပြင် Taskforce ဖွဲ့စည်းပြီး Standard of Procedures၊…

Read More

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှာ မထားဖို့ အာဆီယံအထူးသံတမန် တိုက်တွန်း

ဖနွမ်းပင်၊ ဇွန်-၂၇-၂၀၂၂ မျိုးဆက်(VOM) ဖမ်းဆီးထံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ထဲမှာ မထားဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး ပရက်ခ်ဆိုခွန်က ဇွန် ၂၇ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ အာဆီယံအထူးသံတမန်ဟာ ဇွန် ၂၉ ရက်မှာ မြန်မာနိုင်ငံကို ဒုတိယမြောက်ခရီးစဉ်အဖြစ် လာရောက်မှာဖြစ်ပြီး ခရီးစဉ်မတိုင်မီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အခုလိုက် တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ စွဲချက်ပေါင်း ၂၀ ထက်မနည်းနဲ့ အမှုရင်ဆိုင်နေရတဲ့ အသက် ၇၇ နှစ်အရွယ်ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားရာ နေအိမ်ကနေ အကျဉ်းထောင်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ငြိမ်းချမ်းစွာနိုင်ငံရေးနည်းလမ်းမှတဆင့် နိုင်ငံပုံမှန်အတိုင်းဖြစ်ဖို့နဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတဲ့အခန်းကဏ္ဍကနေပါ၀င်နေတယ်ဆိုတာကို နိုင်ငံတကာနဲ့ မြန်မာနိုင်ငံကလူအများစုက ရှုမြင်ထားကြကြောင်း အာဆီယံအထူးသံတမန်ရဲ့ မြန်မာအာဏာပိုင်တွေထံပို့တဲ့စာမှာ ဖော်ပြထားပါတယ်။ တဘက်ကိုချန်လှပ်ထားမယ်ဆိုရင် အောင်မြင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မဖြစ်နိုင်ဘူးလို့ သူကဆိုပါတယ်။ ပဋိပက္ခတခုအတွက် ငြိမ်းချမ်းသောနိုင်ငံရေးဖြေရှင်းမှုမှာ ဘယ်လိုရှုတ်ထွေးမှုတွေရှိနေပါစေ နိုင်ငံရေးနေရာမျှဝေမှုမှာ အားလုံးပါ၀င်ရမယ်လို့ အာဆီယံအထူးသံတမန်က တိုက်တွန်းပြောဆိုပါတယ်။…

Read More

ဝဇီရာ ရုပ်ရှင်ရုံကို ရှေးဟောင်းအမွေအနှစ်ပြတိုက် အဖြစ် ပြုလုပ်မယ်

ဇွန် ၂၇-၂၀၂၂ VOM (GG) ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာရှိတဲ့ နှစ်ပေါင်း ၁၀၂ နှစ် သက်တမ်းရှိတဲ့ ဝဇီရာရုပ်ရှင်ရုံကို ရှေးဟောင်းအမွေအနှစ်ပြတိုက်အဖြစ် ပြုလုပ်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ဒါ့အပြင် ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးပွဲတွေ ကျင်းပနိုင်ပြီး သင်တန်းကျောင်း၊ စတူဒီယိုနဲ့ အနုပညာဖန်တီးနိုင်တဲ့ နေရာအဖြစ်​ဖော်ဆောင်သွားမယ့်အပြင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၊ ရုပ်ရှင်နဲ့ပတ်သက်တဲ့ အမှတ်တရပွဲ၊ Memory Film Festival ကဲ့သို့ ပွဲတော်တွေ ကျင်းပမယ့်နေရာအဖြစ်လည်း ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။ နောက်ပြီး စနေ၊ တနင်္ဂနွေနေ့တွေမှာလည်း ရှေးဟောင်း ဇာတ်ကားတွေ ပြသခြင်း၊ ရုပ်သေးပွဲတွေ ပြသခြင်း၊ ရုပ်ရှင်နဲ့ပတ်သက်တဲ့ ပြခန်းတွေ ပြုလုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ “အခုက ရုပ်ရှင်ရုံကို ပြင်ဆင်ထိန်းသိမ်းမှုလုပ်နေတယ်။ ပြည်ထောင်စုဝန်ကြီးကလည်း ထိန်းသိမ်းတဲ့အခါ ရှေးဟောင်းအဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းရာမှာ…

Read More

တရုတ်ရဲ့ ပိုးလမ်းမသစ်စီမံကိန်းနဲ့အပြိုင် ဂျီ-၇ အဖွဲ့ကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြုပ်နှံမယ်

၀ါရှင်တန်၊ ဇွန်-၂၇-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်းကို တန်ပြန်ဖို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဒေါ်လာ ၆၀၀ ဘီလီယံရင်းနှီးမြုပ်နှံရေး ဂျီ-၇ ခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနဲ့ ရင်းနှီးမြုပ်နှံရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (PGII) ဟာ မနှစ်က လန်ဒန်မှာပြုလုပ်တဲ့ ဂျီ-၇ ဆွေးနွေးပွဲမှာ စတင်ခဲ့တာဖြစ်ပြီး လက်ရှိအစည်းအဝေးမှာတော့ ဒီကိစ္စအပေါ် ဂျီ-၇ ခေါင်းဆောင်တွေက ထပ်မံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ နိုင်ငံတိုင်းအတွက် အကျိုးအမြတ် ပြန်လည်ရရှိစေလိမ့်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ ဒေါ်လာထရီလီယံများစွာရင်းနှီးမြုပ်နှံမယ့် ပိုးလမ်းမှုသစ် စီမံကိန်းဟာ ကြွေးမြီများလွန်းတဲ့ နိုင်ငံတွေအတွက် ထိခိုက်စေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ ဂျီ-၇ အဖွဲ့ရဲ့ (PGII) အစီအစဉ်ဟာ အကူအညီပေးတာမဟုတ်သလို ပရဟိတလုပ်တာလဲ မဟုတ်ကြောင်း၊ ဒါဟာရင်းနှီးမြုပ်နှံမှုဖြစ်ပြီး အားလုံးအကျိုးရှိစေလိမ့်မယ်လ်ို့ ဂျိုးဘိုင်ဒင်ကပြောပါတယ်။ ဒီမိုကရေစီနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ခိုင်မာတဲ့ အကျိုးဖြစ်ထွန်းမှုတွေကို…

Read More

ထီးလင်းမြို့ပေါ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ မိသားစု ၃ ဦးသေဆုံး

ဇွန် ၊ ၂၇ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့ပေါ်ကို မနေ့ ဇွန် ၂၆ ရက် ညနေပိုင်းက လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲတဲ့အတွက် တိမွေးကု ဆရာဝန် မိသားစု ၃ ဦးသေဆုံးသွားတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ .” မြို့ပေါ်ကို လက်နက်ကြီးကျည် ၃ နေရာကျတယ် ၊ ဘုန်းကြီးကျောင်းဝန်းထဲက ကုဋီနားကျတဲ့ အလုံးက မြေပျော့တော့ မကွဲဘဲ မြေစိုက်နေတယ် ၊ နောက်တလုံးက စုပေါင်းရုံးနားမှာကျတယ် ၊ အဲ့ဒီ အလုံးလည်း မကွဲဘူး ၊ ကျန်တဲ့တလုံးကတော့ ပြည်ခိုင်ဖြိုးက ဦးအောင်သန်းဝင်း အိမ်ပေါ်ကိုကျပြီး ပေါက်ကွဲတယ် ၊ သူ့မိန်းမ ဒေါ်ကြည်တင် ၊ ထွေ / အုပ်စာရေးမနဲ့ သူ့သမီး တိမွေးကု ဆရာဝန် ဒေါက်တာ…

Read More
VOM News

FREE
VIEW