ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှာ မထားဖို့ အာဆီယံအထူးသံတမန် တိုက်တွန်း

ဖနွမ်းပင်၊ ဇွန်-၂၇-၂၀၂၂
မျိုးဆက်(VOM)

ဖမ်းဆီးထံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ထဲမှာ မထားဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး ပရက်ခ်ဆိုခွန်က ဇွန် ၂၇ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

အာဆီယံအထူးသံတမန်ဟာ ဇွန် ၂၉ ရက်မှာ မြန်မာနိုင်ငံကို ဒုတိယမြောက်ခရီးစဉ်အဖြစ် လာရောက်မှာဖြစ်ပြီး ခရီးစဉ်မတိုင်မီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အခုလိုက် တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

စွဲချက်ပေါင်း ၂၀ ထက်မနည်းနဲ့ အမှုရင်ဆိုင်နေရတဲ့ အသက် ၇၇ နှစ်အရွယ်ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားရာ နေအိမ်ကနေ အကျဉ်းထောင်ကို ရွှေ့ပြောင်းခဲ့ပါတယ်။

ငြိမ်းချမ်းစွာနိုင်ငံရေးနည်းလမ်းမှတဆင့် နိုင်ငံပုံမှန်အတိုင်းဖြစ်ဖို့နဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတဲ့အခန်းကဏ္ဍကနေပါ၀င်နေတယ်ဆိုတာကို နိုင်ငံတကာနဲ့ မြန်မာနိုင်ငံကလူအများစုက ရှုမြင်ထားကြကြောင်း အာဆီယံအထူးသံတမန်ရဲ့ မြန်မာအာဏာပိုင်တွေထံပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

တဘက်ကိုချန်လှပ်ထားမယ်ဆိုရင် အောင်မြင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မဖြစ်နိုင်ဘူးလို့ သူကဆိုပါတယ်။

ပဋိပက္ခတခုအတွက် ငြိမ်းချမ်းသောနိုင်ငံရေးဖြေရှင်းမှုမှာ ဘယ်လိုရှုတ်ထွေးမှုတွေရှိနေပါစေ နိုင်ငံရေးနေရာမျှဝေမှုမှာ အားလုံးပါ၀င်ရမယ်လို့ အာဆီယံအထူးသံတမန်က တိုက်တွန်းပြောဆိုပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW