တရုတ်ရဲ့ ပိုးလမ်းမသစ်စီမံကိန်းနဲ့အပြိုင် ဂျီ-၇ အဖွဲ့ကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြုပ်နှံမယ်

၀ါရှင်တန်၊ ဇွန်-၂၇-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်းကို တန်ပြန်ဖို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဒေါ်လာ ၆၀၀ ဘီလီယံရင်းနှီးမြုပ်နှံရေး ဂျီ-၇ ခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနဲ့ ရင်းနှီးမြုပ်နှံရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (PGII) ဟာ မနှစ်က လန်ဒန်မှာပြုလုပ်တဲ့ ဂျီ-၇ ဆွေးနွေးပွဲမှာ စတင်ခဲ့တာဖြစ်ပြီး လက်ရှိအစည်းအဝေးမှာတော့ ဒီကိစ္စအပေါ် ဂျီ-၇ ခေါင်းဆောင်တွေက ထပ်မံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ နိုင်ငံတိုင်းအတွက် အကျိုးအမြတ် ပြန်လည်ရရှိစေလိမ့်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ဒေါ်လာထရီလီယံများစွာရင်းနှီးမြုပ်နှံမယ့် ပိုးလမ်းမှုသစ် စီမံကိန်းဟာ ကြွေးမြီများလွန်းတဲ့ နိုင်ငံတွေအတွက် ထိခိုက်စေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

ဂျီ-၇ အဖွဲ့ရဲ့ (PGII) အစီအစဉ်ဟာ အကူအညီပေးတာမဟုတ်သလို ပရဟိတလုပ်တာလဲ မဟုတ်ကြောင်း၊ ဒါဟာရင်းနှီးမြုပ်နှံမှုဖြစ်ပြီး အားလုံးအကျိုးရှိစေလိမ့်မယ်လ်ို့ ဂျိုးဘိုင်ဒင်ကပြောပါတယ်။ ဒီမိုကရေစီနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ခိုင်မာတဲ့ အကျိုးဖြစ်ထွန်းမှုတွေကို ရရှိနိုင်မယ်လို့ သူကပြောပါတယ်။

အဲဒီအစီအစဉ်အရ ၀င်ငွေအသင့်အတင့်နဲ့ ၀င်ငွေနည်းနိုင်ငံတွေမှာ အခြေခံအဆောက်အအုံ စီမံကိန်းတွေစတင်ဖို့ ရန်ပုံငွေအဖြစ် ငါးနှစ်အတွင်း ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြုပ်နှံမှာဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW