မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဖို့နဲ့ ဖမ်းထားသူတွေပြန်လွှတ်ပေးဖို့ ဂျီ-၇ ခေါင်းဆောင်တွေ တောင်းဆို

ဘာလင်၊ ဇွန်-၂၉-၂၀၂၂
မျိုးဆက်(VOM

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းဖို့ ဂျီ-၇ ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

အရပ်သားဦးဆောင်တဲ့ အစိုးရကိုဖယ်ရှားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးခံထားရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ ကမ္ဘာ့နိုင်ငံတွေရဲ့ တောင်းဆိုမှုတွေလည်း မြင့်တက်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အာဆီယံအထူးသံတမန်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတဲ့အပေါ် အထူးစိုးရိမ်နေကြပြီး ပြင်သစ်နိုင်ငံကလည်း ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်ပိုင်းမှာ ကလေးငယ် ၁၀၀ ကျော်အပါအ၀င် လူ ၂၁၀၀ နီးပါးသေဆုံးခဲ့ပြီး ၁၄၀၀၀ ကျော်ဖမ်းဆီးခံထားရပါတယ်။

ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ အာဆီယံဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို ဦးဆောင်နေပေမယ့် ထိရောက်တဲ့ ဖိအားပေးနိုင်ခြင်းမရှိသေးပါဘူး။

Ref:UCA
Photo: Shutterstock
#voiceofmyanmar #VOM #ဘာလင်

Related posts

Leave a Comment

VOM News

FREE
VIEW