ဖျာပုံမှာ လူသတ်၊ဓါးပြတိုက်၊သက်ငယ်မုဒိန်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသား ၃ ယောက်ကို သေဒဏ်အမိန့်ချ

ဇွန် ၃၀-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်ထဲမှာ လူသတ်၊ဓါးပြတိုက်၊
သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့တဲ့အမျိုးသား ၃ ယောက်
ကို မနေ့ ဇွန် ၂၉ ရက်မနက်က ဖျာပုံခရိုင်တရားရုံးကနေသေဒဏ်အမိန့်ချမှတ်ခဲ့တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေ သိရပါတယ်။

အဲ့ဒီသေဒဏ်ချမှတ်ခံရတဲ့ အမျိုးသား ၃ ယောက်ဟာ
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက ကမကလူ ကျေးရွာအုပ်စု၊ မင်းလှစုရွာကလယ်ကွင်းထဲမှာနေတဲ့ အိမ်ပိုင်ရှင်ဖြစ်သူကို ရိုက်သတ်ပြီး ရွှေ ၁ ပိဿာ ၃၀ကျပ်သား ယူဆောင်ကာ မြေးဖြစ်သူ အသက် ၁၂ နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။

”ပြီးခဲ့နှစ်က လူသတ် ဓါးပြတိုက်ပြီး အသက်မပြည့်သေးတဲ့ ကလေးတယောက်ကို မုဒိန်းမှုကျူးလွန်ခဲ့တဲ့ ကျော်ကျော်ပါ အမျိုးသား ၃ ယောက်ကို တနှစ်ခွွကျော်ကြာစစ်ဆေးပြီး မနေ့က သေဒဏ်အမိန့်ချမှတ်ခဲ့တာပါ။”လို့ တရားရုံးဝန်ထမ်းတယောက်ကပြောပါတယ်။

သူတို့တွေကို ဖျာပုံခရိုင်တရားရုံးက ၁ နှစ်ခွဲအကြာစစ်ဆေးခဲ့ပြီးတော့ မနေ့က သေဒဏ် အမိန့်ချမှတ်ခဲ့တာလို့သိရပါတယ်။

အဲ့ဒီကျော်ကျော်အပါ အမျိုးသား ၃ယောက်ကို ဖျာပုံခရိုင်တရားရုံးကရာကြီးအမှတ် (ပ)၄၁/၂၀၂၁ နဲ့ သေဒဏ်အမိန့်ချမှတ်ခဲ့တယ်လို့ တရားရုံးအသိုင်းဝိုင်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဖျာပုံ #သေဒဏ်အမိန့်ချ #လူသတ်၊ဓားပြတိုက်၊အဓမ္မကျင့်သူသုံးဦး

Related posts

Leave a Comment

VOM News

FREE
VIEW