ဆွီဒင်နဲ့ ဖင်လန် နေတိုးအဖွဲ့ထဲ၀င်ရောက်ဖို့ တူရကီထောက်ခံပြီ

အန်ကာရာ၊ ဇွန်-၂၉-၂၀၂၂
မျိုးဆက်(VOM)

ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့ နေတိုးမဟာမိတ်အဖွဲ့သို့၀င်ရောက်ဖို့နဲ့ပတ်သက်ပြီး နေတိုးအဖွဲ့၀င်တူရကီက ထောက်ခံဖို့ ဇွန် ၂၈ ရက်မှာ သဘောတူလိုက်ပါတယ်။

အဲဒီနှစ်နိုင်ငံက နေတိုးအဖွဲ့ထဲ၀င်ရောက်ဖို့ ကြိုးပမ်းမှုကို တူရကီက အစောပိုင်းမှာ သဘောမတူခဲ့ပါဘူး။ ဆွီဒင်နဲ့ဖင်လန်တို့ဟာ တူရကီ၏ထောက်ခံမှုမရှိဘဲ နေတိုးအဖွဲ့သို့ ၀င်ရောက်နိုင်မှာမဟုတ်ပါဘူး။

နေတိုးအဖွဲ့၀င်သစ်နိုင်ငံတွေကို လက်ခံရာမှာ အဖွဲ့၀င်နိုင်ငံအားလုံးက လက်ခံသဘောတူရမှာဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲကို အကြောင်းပြုပြီး နေတိုးအဖွဲ့ရဲ့တိုးချဲ့မှုကို ရုရှားက ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပါတယ်။

လက်ရှိမှာတော့ ဆွီဒင်နှင့် ဖင်လန်တို့ဟာ နေတိုးအဖွဲ့ထဲ၀င်ရောက်ဖို့ သေချာနေပြီဖြစ်ပြီး တူရကီရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပေးမယ့် ပူးတွဲလုံခြုံရေးသဘောတူညီချက်ကို သုံးနိုင်ငံနိုင်ငံခြားရေး၀န်ကြီးတွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဆွီဒင်ဟာ စစ်သွေးကြွများကို တူရကီသို့လွှဲပြောင်းပေးဖို့ တောင်းဆိုမှုအပေါ် သဘောတူခဲ့ပြီး တူရကီသို့ လက်နက်ရောင်းချခြင်းဆိုင်ရာ ကန့်သတ်ချက်တွေကိုလည်း ဆွီဒင်နှင့်ဖင်လန်တို့က ရုပ်သိမ်းသွားမှာဖြစ်ကြောင်း နေတိုးအကြီးအကဲ ယန်စတိုတင်ဘာ့ဂ်က ထုတ်ဖော်ပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #အန်ကာရာ

Related posts

Leave a Comment

VOM News

FREE
VIEW