ဒေါက်တာဇော်မြင့်မောင်ကို အဂတိအမှုနဲ့ ထောင်၂၁နှစ် ထပ်ချ

ဇွန် ၁၇-၂၀၂၂ Voice Of Myanmar ဖမ်းခံထားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဒီကနေ့မှာပဲ အိုးဘိုအကျဉ်းထောင် တရားရုံးမှာ အဂတိအမှုနဲ့ ထောင်ဒဏ်(၂၁)နှစ် ထပ်ချလိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒေါက်တာဇော်မြင့်အောင်ကို အဂတိအမှု ၃ ခုအပါအဝင် တခြားရွေးကောက်ပွဲဆိုင်ရာဥပဒေတွေနဲ့ ဒီနေ့ ၂၁နှစ် ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းဝိုင်းက သိရပါတယ် အဲဒီအမှုတွေကတော့ ဒေါက်တာဇော်မြင့်မောင် ဘန်ကောက်ကို ဆေးသွားကုချိန် ဦးမောင်ဝိတ်ဆီကကလာဘ်ငွေယူတယ်ဆိုပြီး တရားစွဲထားတာနဲ့ မြင်းခြံ၊ ပြင်ဦးလွင်က NLD ရုံးတွေ တည်ဆောက်ချိန်မှာ အဂတိမကင်းဘူးဆိုပြီး အမှုဖွင့်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ အမှု ၉ မှုနဲ့ တရားစွဲခံထားရတာဖြစ်ပြီး အဲ့ဒီအမှုတွေထဲကနေ ထောင်ဒဏ် ၆ နှစ် အရင်က ချမှတ်ခံထားပြီး ခုပြစ်ဒဏ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၂၇နှစ် ချမှတ်ခံထားရပြီးဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM…

Read More

ဧရာဝတီတိုင်းမှာ ရွှေအရောင်းအဝယ် အေးနေလို့ ရွှေပန်းထိမ်လုပ်နေသူတွေ စီးပွားရေးကျပ်တည်းလာ

ပုသိမ်၊ ဇွန်လ ၁၇-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းမှာ ရွှေအရောင်းအဝယ်အေးနေတာကြောင့် ရွှေပန်းထိမ်ခုတ်လုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုနေသူတွေ စီးပွားရေးကျပ်တည်းလာတယ်လို့အဲ့ဒီရွှေပန်းထိမ်ခုတ်လုပ်ငန်းလုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။ ဧရာဝတီတိုင်းမှာဘပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်စပိုင်းကနေ ဒီနေ့အချိန်ထိ ရွှေအရောင်းအဝယ်ပါးနေပြီး ရွှေပန်းထိမ်ခုတ်လုပ်ငန်းကလည်း မလုပ်ရတဲ့အခြေအနေဖြစ်နေသလို ရွှေပန်းထိမ်ခုတ်လုပ်ငန်းရှင်ဦးရေ ရာနဲ့ချီ စီးပွားရေးကျပ်တည်းလာတယ်လို့ သိရပါတယ်။ “လုပ်ငန်းမလုပ်ရတာ မှတ်မှတ်ရရကို တစ်နှစ်ကျော်ကျော်လောက် ရောက်နေပြီ။ ရွှေဆိုင်တွေမှာ အရောင်းအဝယ်အေးနေတာကြောင့် ပန်းထိမ်ခုတ်လုပ်ငန်းမလုပ်ရတာလည်းပါသလို ယိုးဒယားဘက်ကနေ အသင့်သုံး ရွှေထည်ပစ္စည်းတွေကို ပြည်သူတွေက ဝယ်ယူသုံးစွဲလာကြတာများတော့ ရွှေအပ်ထည်တွေကို လုံးလုံးနီးပါး မလုပ်လာကြတော့တာပါ”လို့ ပုသိမ်မြို့က ရွှေပန်းထိမ်ခုတ်လုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။ ဧရာဝတီတိုင်းက ရွှေဆိုင်အများစုမှာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်အထိ တနေ့ကို သိန်း ၁၅၀၀ ကနေ သိန်း ၂၅၀၀ အထိ ရောင်းအားရှိခဲ့ပြီး၂၀၂၁ခုနှစ်ဆန်းပိုင်းကနေ ၂၀၂၂ခုနှစ် ၆လပိုင်း ဒီကနေ့အထိ တနေ့ကို ကျပ်သိန်း ၂၀ ဖိုးပင်မပြည့်တော့ဘူးလို့ ရွှေအရောင်းဆိုင်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။…

Read More

ရွှေတံဆိပ်ဆုရ ကစားသမားတွေကို အခွန်ကင်းလွတ်ခွင့်နဲ့ သိန်း၃၀၀ အောက် အိမ်စီးကားဝယ်ယူခွင့်ပြု

ဇွန် ၁၇-၂၀၂၂ VOM (GG) ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့တဲ့ ကစားသမားတွေကို အခွန်ဆောင်စရာမလိုဘဲ အိမ်စီးကား ဝယ်ယူနိုင်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရသူ ၁၄ ဦးရှိခဲ့ပြီး မြန်မာနိုင်ငံက ရွှေတံဆိပ်ဆု ၉ ဆုရရှိခဲ့တာဖြစ်ပါတယ်။ ဆုရကစားသမားတွေအနေနဲ့ လူစီးမော်တော်ယာဉ်အမျိုးအစား ဝယ်ယူခွင့်ရမှာဖြစ်ပြီး ပြည်တွင်းက ကား Showroom နဲ့ ကားအရောင်းစင်တာတွေကနေ အင်ဂျင်ပါဝါ ၂၀၀၀ စီစီနဲ့ အောက် CIF (ဆိပ်ကမ်းအရောက်တန်ဖိုး) ကျပ်သိန်း ၃၀၀ အောက် ကားတွေကို ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ” ဆုရကစားသမားတွေကို အခွန်ဆောင်စရာမလိုဘဲ ကားဝယ်ခွင့်ပြုတာဟုတ်ပါတယ်။သိန်း ၃၀၀ အထက်ကားဝယ်ယူခွင့်မရှိပါဘူး”လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတဦးကပြောပါတယ်။ ဆုရရှိခဲ့တဲ့ အားကစားသမားတွေကတော့ Kurash အားကစားနည်း (+၈၇)ကီလိုမှ အေးအေးအောင်၊ ဘိလိယက် အားကစားနည်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှ…

Read More

အိန္ဒိယမှာ စစ်သားစုဆောင်းရေးစနစ် ပြင်ဆင်ချက်ကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားနေ

ဒေလီ၊ ဇွန်-၁၇-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ စစ်သားစုဆောင်းရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်ပြင်ဆင်မှုတွေကို မကျေနပ်တာကြောင့် ဆန္ဒပြမှု ဒုတိယနေ့အဖြစ် ဇွန် ၁၇ ရက်မှာ ဖြစ်ပွားနေပြီး ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး ရထားတွဲတွေကိုပါ မီးရှို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ မြောက်ပိုင်း ဟာရာနာပြည်နယ်မှာ ကျောက်ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ခဲ့ရပြီး ဘီဟာပြည်ယန်မှာလည်း ဆန္ဒပြသူတွေက ရထားတွဲတွေကို မီးရှို့မှုကြောင့် ရထားပြေးဆွဲမှုတွေ ပြတ်တောက်ခဲ့ပါတယ်။ ၀န်ကြီးချုပ်မိုဒီရဲ့ အိန္ဒိယအစိုးရဟာ အင်အား ၁ ဒသမ ၃၈ သန်းရှိတဲ့ အိန္ဒိယစစ်တပ်အတွက် စစ်သားသစ်စုဆောင်းရေးလုပ်ငန်းစဉ်ကို ပြန်လည်ပြင်ဆင်ဖို့ကြေညာခဲ့ပြီး လူသစ်တွေအတွက် ပျှမ်းမျှအသက်ကိုလျှော့ချဖို့အတွက် လေးနှစ်စာချုပ်နဲ့သာ စစ်သားသစ်တွေ စုဆောင်းဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့်လည်း ၀င်ရောက်ဖို့ အလားအလာရှိတဲ့ စစ်သားသစ်တွေက သူတို့ကို လေးနှစ်ထက်ပိုပြီး တာ၀န်ထမ်းဆောင်ခွင့်ပေးသင့်တယ်ဆိုပြီး ကန့်ကွက်နေကြပါတယ်။ အတိုက်အခံပါတီတွေနဲ့ ၀န်ကြီးချုပ်မိုဒီရဲ့…

Read More

ပခုက္ကူမြို့က ချေးငွေလုပ်ငန်းဘဏ် ကားတစီး ဓားပြတိုက်ခံရ

ဇွန် ၊ ၁၇-၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့မှာရှိတဲ့ အသေးစားနဲ့အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်ခွဲ (၂)က ဘဏ်ဝန်ထမ်းတွေဟာ မနေ့ ဇွန် ၁၆ ရက် မနက်ပိုင်းက ဘဏ်ချေးငွေ ကောက်ခံဖို့သွားရောက်တဲ့အခါ လမ်းမှာ ဓားပြတိုက်ခံခဲ့ရတယ်လို့ ပခုက္ကူဘဏ်အသိုင်းအဝိုင်းကနေ သိရပါတယ်။ ” ဘဏ်ဝန်ထမ်းတွေက မန်ကျည်းကန်ကျေးရွာဘက်ကို ချေးငွေကောက်ခံပြီး၊ ပခုက္ကူဘက်ကို ပြန်မောင်းအလာ မန်ကျည်းကန်ကျေးရွာလမ်းခွဲနေရာအရောက်မှာ ဓားပြအတိုက်ခံရတာပါ ၊ ဘဏ်ဝန်ထမ်းတွေ အသုံးပြုစီးနင်းတဲ့ Probox အဖြူရောင်ကား ၁ စီးနဲ့ ပိုက်ဆံ သိန်း ၃၀ ကျော်ပါသွားတယ် “လို့ ပခုက္ကူ အသေးစား နဲ့ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်ခွဲ ၂ နဲ့ နီးစပ်တဲ့သူတယောက်က ပြောပါတယ်။ အဲ့ဒီဓားပြမှုနဲ့ပတ်သက်ပြီး ပခုက္ကူခရိုင်ရဲတပ်ဖွဲ့ရုံး ၊ တာဝန်ရှိသူတယောက်က ” လက်လုပ်သေနတ်တွေကိုင်ထားတဲ့ အကြမ်းဖက်လူအုပ်စုက ဓားပြတိုက်လိုက်တာပါ ၊ ဓားပြတွေကို…

Read More

အရည်အချင်းမရှိ အာဏာစွဲလမ်းနေတယ်ဆိုကာ စစ်ဗိုလ်ချုပ်ဟောင်း ထိုင်း၀န်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်း

ဘန်ကောက်၊ ဇွန်-၁၇-၂၀၂၂ မျိုးဆက်(VOM) ထိုင်းအတိုက်အခံပါတီတွေဟာ ၀န်ကြီးချုပ်ပရာယွတ်ချန်အိုချာနဲ့ အခြား၀န်ကြီး ၁၀ ဦးကို အယုံအကြည်မရှိအဆို တင်သွင်းလိုက်ပါတယ်။ စစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ်ပရာယွတ်ဟာ နိုင်ငံကိုအုပ်ချုပ်ရာမှာ အရည်အချင်းမပြည့်မီကြောင်း ပြသခဲ့ပြီးအာဏာကိုစွဲလမ်းနေသူဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဌထံတင်သွင်းတဲ့ အယုံအကြည်မရှိအဆိုမှာ ဖော်ပြထားပါတယ်။ အဲဒီအယုံအကြည်မရှိအဆိုကို လာမယ့်ငါးရက်အကြာမှာ ဆွေးနွေးသွားဖွယ်ရှိနေပါတယ်။ ဒီဆွေးနွေးမှုဟာ လာမယ့်နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ အတိုက်အခံတွေက ဆိုပါတယ်။ ဒါပေမယ့်လည်း အာဏာရညွှန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ နေရာအများစုရှိနေတာကြောင့် အဆိုကို အတည်ပြုကတော့ ခက်ခဲမှာဖြစ်ပါတယ်။ လွှတ်တော်နေရာ ၄၇၇ နေရာမှာ အတိုက်အခံတွေက ၂၀၈ နေရာသာရှိပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ်ရဲ့ ထိုင်းအစိုးရဟာ ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံတွေနဲ့ ပွတ်တိုက်မှုတွေအပြင် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့လက ဘန်ကောက်မြို့တော်၀န်ရွေးကောက်ပွဲကို နိုင်ငံလုံးဆိုင်ရာ မဲပေးမှုရဲ့ ပြယုဒ်အဖြစ် ရှုမြင်ခဲ့ကြပြီး ရွေးကောက်ပွဲမှာတော့ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရတဲ့ ၀န်ကြီးဟောင်တဦးက အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး…

Read More

စီးပွားရေးပညာရှင် ရှောင်တာနယ်ကို ပြန်လွှတ်ပေးဖို့ သြစတြးလျ၀န်ကြီးချုပ်သစ် တိုက်တွန်း

ဆစ်ဒနီ၊ ဇွန်-၁၇-၂၀၂၂ မျိုးဆက်(VOM) သြစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနယ်ကို ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို သြစတြေးလျ၀န်ကြီးချုပ်သစ် အန်တိုနီအယ်လ်ဘာနီးစ်က ဇွန် ၁၆ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ယခင်မြန်မာအစိုးရရဲ့ စီးပွားရေးအကြံပေးဖြစ်သူ ရှောင်တာနယ်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် ငါးရက်အကြာမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံရဲ့ လျှိုဝှက်ချက်ဥပဒေတွေကိုချိုးဖောက်မှုနဲ့ တရားစွဲဆိုခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတာ ၁၆ လရှိပြီဖြစ်ပါတယ်။သူ့ကို ရုံးတင်စစ်ဆေးဖို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေရှိတယ်လို့ မြန်မာဘက်ကဆိုပါတယ်။ “ရှောင်တာနယ်ကို လွှတ်ပေးသင့်ပါတယ်။ ဒါက သြစတြေးလျအစိုးရရဲ့ ရပ်တည်ချက်ပြီး ဒီအပေါ်အခြေခံကာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မိမိတို့မြင်တွေ့နေရတာကတော့ ဒါဟာတရားမျှတမှုမရှိသလို လူ့အခွင့်အရေးနဲ့ သင့်တော်တဲ့ တရားစီရင်ရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံက ဘေးဖယ်ထားတယ်” လို့ သြစတြေးလျ၀န်ကြီးချုပ်က ပြောပါတယ်။ ရှောင်တာနယ်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး သြစတြေးလျအစိုးရက အပြည့်အဝထောက်ခံမှုနဲ့ လုပ်ဆောင်နေမှာဖြစ်တယ်လို့ သူကထုတ်ဖော်ပြောဆိုထားပြီး ပြန်လွှတ်ပေးရေးကို နိုင်ငံခြားရေး၀န်ကြီး ပန်နီ၀န်ကလည်း တိုက်တွန်းထားပါတယ်။ Ref:EPOCH Times Photo:…

Read More

စစ်ကိုင်းမြို့နယ် ကြွယ်လူးရွာမှာ ၂ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ဇွန် ၊ ၁၇-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ၊ ကြွယ်လူးကျေးရွာမှာ မနေ့ ဇွန် ၁၆ ရက် ညနေပိုင်းက ၂ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဖြစ်တာက ညနေ ၆ နာရီကျော်မှာ ဖြစ်တာပါ၊ သေဆုံးသူ ၂ ယောက်က ဦးခင်မောင်အေး နဲ့ ဦးမြင့်မော် ဖြစ်တယ် ၊ စစ်ကိုင်းကနေ လက်သမားလုပ်ငန်းသုံးပစ္စည်းတွေဝယ်ပြီး ရွာကိုပြန်အလာ ကြွယ်လူးရွာမှာ အသတ်ခံရတာ “လို့ ကူညီလုပ်ကိုင်ပေးနေတဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ၂ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ််သူတယောက်က ” သေဆုံးသူ ၂ ယောက်က ဆင်မြေရွာမှာနေတဲ့ လယ်သမားလုပ်ငန်း လုပ်ကိုင်သူတွေဖြစ်တယ် ၊ လုပ်ငန်းသုံးပစ္စည်းတွေ ဝယ်ယူပြီး…

Read More

မြောက်ကိုရီးယားမှာ အမျိုးအမည်မသိ အူလမ်းကြောင်းရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားနေ

ပြုံးယမ်း၊ ဇွန်-၁၇-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားမှာ အမျိုးအမည်မသိ အူလမ်းကြောင်းရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရင်းနေရကြောင်း အာဏာပိုင်တွေက ဇွန် ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရောဂါဖြစ်ပွားသူတွေကို သီခြားခွဲထားမယ့် အစီအမံတွေကို အကောင်အထည်ဖော်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမိန့်ပေးထားကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။ ရောဂါခံစားနေရသူတွေကို ကူညီဖို့ ဟေဂျူမြို့သို့ ဇွန် ၁၅ ရက်မှာ ဆေးဝါးတွေပေးပို့ခဲ့ပြီး အဲဒီရောဂါဟာ တိုက်ဖွိုက် သို့မဟုတ် ကာလ၀မ်းရောဂါဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတွေက သံသယရှိနေပါတယ်။ နိုင်ငံတွင်းရှိ လူသန်းပေါင်းများစွာ ဖျားနာနေကြာင်း ထုတ်ပြန်ပြီးနောက် နိုင်ငံအရေးပေါ်အခြေအနေကို မြောက်ကိုရီးယားက မေလမှာ ကြေညာခဲ့ပြီး ဖျားနာသူတွေဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်နေတယ်လို့ ယူဆရပါတယ်။ လက်ရိဖြစ်ပွားနေတဲ့ ရောဂါဖြစ်ပွားမှုအရေအတွက် သို့မဟုတ် ရောဂါဘယလိုဖြစ်ပွားတယ်ဆိုတာကို အသေးစိတ်ဖော်ပြခြင်းမရှိပေမယ့်လည်း အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ကြောင်း တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:…

Read More

မန္တလေးမြို့KBZဘဏ်ခွဲ(၉)ကို ကျောက်ခဲတွေထည့်ထားတဲ့အိတ်အမဲနဲ့ သိန်း(၄၀၀)ခန့် ဓားမြတိုက်သွား

ဇွန် ၁၇-၂၀၂၂ Voice Of Myanmar မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်း ၆၂၆၃ကြားရှိ KBZဘဏ်ခွဲ(၉)မှာ ဒီကနေ့မနက်ပိုင်းက ဓားမြတိုက်ခံခဲ့ရပြီး ငွေကျပ် သိန်း(၄၀၀)ပါသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ” သေနတ်အတို ပါတယ် စုစုပေါင်း ၄၊၅ယောက်လောက်တော့ရှိတယ်၊ သူတို့တွေက လုံခြုံရေးတွေကို ဝပ်ခိုင်းထားပြီး သိန်း၄၀၀ကျော်ယူသွားတယ်၊ ကောင်တာပေါ်ကို ဗုံးပုံစံလုပ်ထားတဲ့ အိတ်အမဲတင်ပြီး ရဲတိုင်ရင် ဖောက်ခွဲမယ်လို့လည်း ခြိမ်းခြောက်သွားသေးတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။ 125ဆိုင်ကယ်နဲ့ အမျိုးသားတဦးက ဘဏ်ဝန်ထမ်းဖြစ်သူကို သေနတ်နဲ့ချိန်ကာ မလှုပ်ဖို့ပြောဆိုခဲ့ကြောင်း၊ နောက်ထပ် အမျိုးသား ၄ ဦးက ဘဏ်ကောင်တာကို သေနတ်နဲ့ချိန်ကာ ဝန်ထမ်းတွေကို ခေါင်းငုတ်ခိုင်းထားပြီး ငွေကျပ် သိန်း ၄၀၀ ခန့်ကို ကျောပိုးအိပ်ထဲထည့်ဓားမြတိုက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘဏ်ကောင်တာပေါ်ကို ဗုံးပုံစံလုပ်ထားတဲ့ အမဲရောင်အထုပ် ၁ ထုပ်တင်ပြီး နာရီဝက်အတွင်း ရဲစခန်းကို…

Read More
VOM News

FREE
VIEW