ဝက်လက်မြို့နယ်က မီးဘေးဒုက္ခသည် ၁ ထောင်ကျော်အတွက် အကူအညီအရေးပေါ် လိုအပ်နေ

ဇူလှိုင် ၊ ၇ ၊ ၂၀၂၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်ထဲက ရွာပေါင်း ၈ ရွာဟာ အခုလ ၂ ရက်ကနေ ၅ ရက်အထိ မီးရှို့ခံရတာတွေ ဆက်တိုက် ဖြစ်ပွားတဲ့အတွက် အဲ့ဒီ ရွာတွေက မီးဘေးသင့် ဒုက္ခသည်တွေဟာ စားဝတ်နေရေးအတွက် အရေးတကြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။

.” ကူညီထောက်ပံ့မှုလိုအပ်နေတာက အိမ်ထောင်စု ၁၈၀ နဲ့ လူဦးရေ ၁ ထောင်ကျော်အတွက် လိုအပ်နေတာပါ ၊ သူတို့အားလုံးက မီးဘေးသင့်ခဲ့ရတဲ့သူတွေဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ မီးဘေးသင့်ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေပြောပြတာက ” ဝက်လက်ရွဲရွာမှာ နေအိမ် ၅ လုံး ၊ မီးညိုကုန်းရွာနဲ့ ထန်းတောကြီးကုန်းရွာ ၊ ၂ ရွာပေါင်း နေအိမ် ၁၅ လုံး ၊ မင်းရွာမှာက လူနေအိမ် ၁၂၀ လုံး ၊ အင်ကြင်းပင်ရွာမှာက လူနေအိမ် ၁ လုံး ၊ ရုံးပင်ကုန်းရွာမှာ အသက် ၄၀ အရွယ် စိတ်ဝေဒနါရှင် ၁ ဦး မီးရှို့ အသတ်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။ ဒါအပြင် ခွေးအတွင်းရွာမှာက လူနေအိမ်၂၂ လုံး ၊ ဆိတ် ၁၃ ကောင် ၊ ဆိုင်ကယ် ၈ စီး နဲ့ ရွှေတိုက်ရွာမှာ လူနေအိမ်၁၅ လုံး မီးဘေးသင့်ခဲ့ရတာ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် ဝက်လက်မြို့နယ်ထဲက
ရွာပေါင်း ၈ ရွာနဲ မီးလောင်ဆုံးရှုံးရတဲ့ အိမ်ခြေ ၁၇၀ ကျော် ၊ အိမ်ထောင်စု ၁၈၀ ၊ နဲ့ လူဦးရေ ၁ ထောင်ကျော်ရှိပြီး သူတို့အားလုံးဟာ စားဝတ်နေရေးအတွက် အစစ အရာရာ အကူအညီတွေ အရေးပေါ်လိုအပ်နေတာလို့ သိရပါတယ်။

#voiceofmyanmar #VOM #ဝက်လက် #မီးဘေး #အကူအညီလိုအပ်

Related posts

Leave a Comment

VOM News

FREE
VIEW